
ယူနိုက်တက်အသင်းနဲ့ လက်တွဲဖြုတ်သွားတော့မယ့် ဆာဘီးယားဝါရင့် ကွင်းလယ်ကစားသမား
ကြီး နီမန်ဂျာမာတစ်ဟာ နွေဈေးကွက်အတွင်းသူရဲ့ ဆရာသမားဟောင်းဖြစ်သူ နည်းပြကြီး ဂျို
ဆေးမော်ရင်ဟိုရဲ့ရိုးမားအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။
အသက်(၃၃)နှစ်အရွယ် မာတစ်ဟာ ဇွန်(၃၀)ရက်နေ့မှာ ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံး
တော့မှာဖြစ်လို့ အသင်းကနေ free transfer နဲ့ထွက်ခွာနိုင်တော့မှာဖြစ်လို့ မာတစ်ကို အသင်း
များစွာက ကမ်းလှမ်းလာခဲ့ကြပေမယ့် မာတစ်ကတော့ မော်ရင်ဟိုရဲ့ ရိုးမားအသင်းကိုသာရွေ
းချယ်သွားခဲ့တာပါ။ မာတစ်ကိုယ်တိုင်က ချယ်လ်ဆီး ယူနိုက်တက်အသင်းတွေမှာ အတူလက်
တွဲခဲ့ဖူးသူ မော်ရင်ဟို ဆီသွားချင်ခဲ့တာဖြစ်ပြီးရိုးမားကလည်း လာမယ့် ဘောလုံးရာသီမှာ ယူရို
ပါလိဂ်ပြိုင်ပွဲကိုဝင်ရောက်ခွင့် ရရှိထားသလို မာတစ်ရဲ့ အသင်းဟောင်း ယူနိုက်တက်ကပါယူရို
ပါလိဂ်မှာ ကစားရမှာဖြစ်လို့ မာတစ်အနေနဲ့ အသင်းဟောင်းနဲ့ခပ်မြန်မြန် ပြန်လည်ရင်ဆိုင်ရ
ဖွယ်လည်း ရှိနေပါတယ်။မာတစ်နဲ့ ရိုးမား အသင်းတို့ဟာအီတလီမှာ ဆေးစစ်မှုခံယူမှာဖြစ်ပြီး
တစ်နှစ်စာချုပ်ချုပ်ဆိုမှာ ဖြစ်ကာ နောက်ထပ်တစ်နှစ်ထပ်မံသက်တမ်းတိုးခွင့် ပါရှိမှာ ဖြစ်ပါ
တယ်။ မာတစ်ဟာ ၂၀၁၇ခုနှစ်ကချယ်လ်ဆီးကနေ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ကြေး
ပေါင်သန်း(၄၀)ဝန်းကျင်လောက်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီးအသင်းနဲ့အတူ ပြိုင်ပွဲ
စုံ (၁၈၅)ပွဲထိ ပါဝင်ကစားနိုင်ခဲ့ပါတယ်။ဒီနှစ်ရာသီမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ
(၂၈)ပွဲ ပါဝင်ကစားထားနိုင်ပြီး အဲဒီပွဲတွေထဲကမှ (၁၄)ပွဲကိုသာ ပွဲထွက်ကစားသမားအဖြစ် ပါ
ဝင်ထားခဲ့ရတာပါ။
ယူႏိုက္တက္အသင္းနဲ႔ လက္တြဲျဖဳတ္သြားေတာ့မယ့္ ဆာဘီးယားဝါရင့္ ကြင္းလယ္ကစားသမား
ႀကီး နီမန္ဂ်ာမာတစ္ဟာ ေႏြေဈးကြက္အတြင္းသူရဲ႕ ဆရာသမားေဟာင္းျဖစ္သူ နည္းျပႀကီး ဂ်ိဳ
ေဆးေမာ္ရင္ဟိုရဲ႕႐ိုးမားအသင္းဆီကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေျပာင္းေ႐ႊ႕သြားၿပီျဖစ္ပါတယ္။
အသက္(၃၃)ႏွစ္အ႐ြယ္ မာတစ္ဟာ ဇြန္(၃၀)ရက္ေန႔မွာ ယူႏိုက္တက္အသင္းနဲ႔ စာခ်ဳပ္ကုန္ဆုံး
ေတာ့မွာျဖစ္လို႔ အသင္းကေန free transfer နဲ႔ထြက္ခြာႏိုင္ေတာ့မွာျဖစ္လို႔ မာတစ္ကို အသင္း
မ်ားစြာက ကမ္းလွမ္းလာခဲ့ၾကေပမယ့္ မာတစ္ကေတာ့ ေမာ္ရင္ဟိုရဲ႕ ႐ိုးမားအသင္းကိုသာေ႐ြ
းခ်ယ္သြားခဲ့တာပါ။ မာတစ္ကိုယ္တိုင္က ခ်ယ္လ္ဆီး ယူႏိုက္တက္အသင္းေတြမွာ အတူလက္
တြဲခဲ့ဖူးသူ ေမာ္ရင္ဟို ဆီသြားခ်င္ခဲ့တာျဖစ္ၿပီး႐ိုးမားကလည္း လာမယ့္ ေဘာလုံးရာသီမွာ ယူ႐ို
ပါလိဂ္ၿပိဳင္ပြဲကိုဝင္ေရာက္ခြင့္ ရရွိထားသလို မာတစ္ရဲ႕ အသင္းေဟာင္း ယူႏိုက္တက္ကပါယူ႐ို
ပါလိဂ္မွာ ကစားရမွာျဖစ္လို႔ မာတစ္အေနနဲ႔ အသင္းေဟာင္းနဲ႔ခပ္ျမန္ျမန္ ျပန္လည္ရင္ဆိုင္ရ
ဖြယ္လည္း ရွိေနပါတယ္။မာတစ္နဲ႔ ႐ိုးမား အသင္းတို႔ဟာအီတလီမွာ ေဆးစစ္မႈခံယူမွာျဖစ္ၿပီး
တစ္ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုမွာ ျဖစ္ကာ ေနာက္ထပ္တစ္ႏွစ္ထပ္မံသက္တမ္းတိုးခြင့္ ပါရွိမွာ ျဖစ္ပါ
တယ္။ မာတစ္ဟာ ၂၀၁၇ခုႏွစ္ကခ်ယ္လ္ဆီးကေန ယူႏိုက္တက္အသင္းဆီ ေျပာင္းေ႐ႊ႕ေၾကး
ေပါင္သန္း(၄၀)ဝန္းက်င္ေလာက္နဲ႔ ေျပာင္းေ႐ႊ႕ေရာက္ရွိလာခဲ့တာျဖစ္ၿပီးအသင္းနဲ႔အတူ ၿပိဳင္ပြဲ
စုံ (၁၈၅)ပြဲထိ ပါဝင္ကစားႏိုင္ခဲ့ပါတယ္။ဒီႏွစ္ရာသီမွာ ယူႏိုက္တက္အသင္းအတြက္ ၿပိဳင္ပြဲစုံ
(၂၈)ပြဲ ပါဝင္ကစားထားႏိုင္ၿပီး အဲဒီပြဲေတြထဲကမွ (၁၄)ပြဲကိုသာ ပြဲထြက္ကစားသမားအျဖစ္ ပါ
ဝင္ထားခဲ့ရတာပါ။