
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဟောင်း၊ လက်ရှိ ပီအက်စ်ဗွီအသင်းနည်းပြ
ဗန်နစ္စတယ်ရွိုင်းက အသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ အီဘရာဟင် ဆန်ဂါရေးရဲ့ အနာ
ဂါတ်နဲ့ ပတ်သက်ပြီး ပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ အိုင်ဗရီကို့စ်လက်ရွေး
စင်ကစားသမားဖြစ်သူ ဆန်ဂါရေးကို စိတ်ဝင်စားလျက်ရှိနေပြီး ချိတ်ဆက်လျက်ရှိနေကြောင်း
နာမည်ကြီးသတင်းဌာနဖြစ်တဲ့ Sky Sports က ဖော်ပြထားပါတယ်။ ဆန်ဂါရေးဟာ နယ်သာ
လန်ထိပ်တန်းလိဂ် Eredivisie ရဲ့ အကောင်းဆုံးကွင်းလယ်ခံစစ် ကစားသမားအဖြစ် ခေါင်းစဉ်
တပ်ကာ ချီးကျုးခြင်းကို ခံထားရသူဖြစ်ပါတယ်။ ဆန်ဂါရေးဟာ ဘောလုံးဖြတ်ထုတ်မှုမှာ နံပါတ်
၁၊ နှစ်ဦးချင်းယှဉ်အလုမှာ နံပါတ် ၁၊ ဘောလုံးပြန်ဆည်မှုမှာနံပါတ် ၂ နဲ့ ကြားဖြတ်ယူနိုင်မှုမှာ
နံပါတ် ၃ ရရှိခဲ့ပါတယ်။ နည်းပြ နစ္စတယ်ရွိုင်းဟာ အသက် ၂၄ နှစ်သားကို ပီအက်စ်ဗွီအသင်း
မှာပဲ ဆက်ရှိနေစေချင်ပေမယ့်၊ ဆန်ဂါရေးဟာ ဒီနွေဈေးကွက်မှာ အသင်းကနေ ထွက်နိုင်ကြောင်း
အရိပ်အမြွက်စကားဆိုခဲ့ပါတယ်။ “ ဆန်ဂါရေးအနေနဲ့ အသင်းမှာ ဆက်ရှိနိုင်မလားဆိုတာကို
ကျွန်တော် တတ်နိုင်သမျှ အမြန်ဆုံး သိချင်ပါတယ် ”“ မြန်မြန်သိရလေ ပိုကောင်းလေပါပဲ၊ ဒါ
ပေမယ့် ကျွန်တော်တို့ဟာ အပြောင်းအရွှေ့နောက်ဆုံးရက်အထိ တပ်အပ်ပြောလို့မရပါဘူး။ သူ
ကလည်း အမှန်တကယ် ဆက်နေချင်တယ်ဆိုတာ ကျွန်တော် ဆန်ဂါရေးဆီကနေ သိထားပါ
တယ်၊ ပီအက်စ်ဗွီအသင်းက သူ့ကို ဖိအားလုံးဝ မပေးထားပါဘူး။ ဒါပေမယ့် ဈေးကွက်က ဘယ်
လိုအလုပ် လုပ်သလဲဆိုတာ ကျွန်တော်တို့လည်း ”“ သိပါတယ်။ အကယ်၍သာ အခြားအသင်း
တွေက သင့်တော်တဲ့ ငွေကြေးပမာဏနဲ့သာ ကမ်းလှမ်းလာမယ်ဆိုရင် ဒီကစားသမားတွေကို
ထိန်းထားဖို့က ခက်ခဲပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။ ဆန်ဂါရေးရဲ့ စာချုပ်ထဲမှာ စာချုပ်ဖျက်
သိမ်းကြေး ယူရို ၃၅ သန်း ( ပေါင် ၂၉.၉ သန်း ) ရှိနေပါတယ်၊ ထို့အတွက်ကြောင့် ကွင်းလယ်
ခံစစ်ကစားသမားကို ခေါ်ယူချင်တဲ့ အသင်းအနေနဲ့ ဘယ်အချိန်မှာမဆို ခေါ်ယူနိုင်မာဖြစ်ပါတယ်။
မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ တိုက္စစ္မႉးေဟာင္း၊ လက္ရွိ ပီအက္စ္ဗြီအသင္းနည္းျပ
ဗန္နစၥတယ္႐ြိဳင္းက အသင္းရဲ႕ ကြင္းလယ္ကစားသမားျဖစ္သူ အီဘရာဟင္ ဆန္ဂါေရးရဲ႕ အနာ
ဂါတ္နဲ႔ ပတ္သက္ၿပီး ေျပာဆိုသြားခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ အိုင္ဗရီကို႔စ္လက္ေ႐ြး
စင္ကစားသမားျဖစ္သူ ဆန္ဂါေရးကို စိတ္ဝင္စားလ်က္ရွိေနၿပီး ခ်ိတ္ဆက္လ်က္ရွိေနေၾကာင္း
နာမည္ႀကီးသတင္းဌာနျဖစ္တဲ့ Sky Sports က ေဖာ္ျပထားပါတယ္။ ဆန္ဂါေရးဟာ နယ္သာ
လန္ထိပ္တန္းလိဂ္ Eredivisie ရဲ႕ အေကာင္းဆုံးကြင္းလယ္ခံစစ္ ကစားသမားအျဖစ္ ေခါင္းစဥ္
တပ္ကာ ခ်ီးက်ဳးျခင္းကို ခံထားရသူျဖစ္ပါတယ္။ ဆန္ဂါေရးဟာ ေဘာလုံးျဖတ္ထုတ္မႈမွာ နံပါတ္
၁၊ ႏွစ္ဦးခ်င္းယွဥ္အလုမွာ နံပါတ္ ၁၊ ေဘာလုံးျပန္ဆည္မႈမွာနံပါတ္ ၂ နဲ႔ ၾကားျဖတ္ယူႏိုင္မႈမွာ
နံပါတ္ ၃ ရရွိခဲ့ပါတယ္။ နည္းျပ နစၥတယ္႐ြိဳင္းဟာ အသက္ ၂၄ ႏွစ္သားကို ပီအက္စ္ဗြီအသင္း
မွာပဲ ဆက္ရွိေနေစခ်င္ေပမယ့္၊ ဆန္ဂါေရးဟာ ဒီေႏြေဈးကြက္မွာ အသင္းကေန ထြက္ႏိုင္ေၾကာင္း
အရိပ္အႁမြက္စကားဆိုခဲ့ပါတယ္။ “ ဆန္ဂါေရးအေနနဲ႔ အသင္းမွာ ဆက္ရွိႏိုင္မလားဆိုတာကို
ကြၽန္ေတာ္ တတ္ႏိုင္သမွ် အျမန္ဆုံး သိခ်င္ပါတယ္ ”“ ျမန္ျမန္သိရေလ ပိုေကာင္းေလပါပဲ၊ ဒါ
ေပမယ့္ ကြၽန္ေတာ္တို႔ဟာ အေျပာင္းအေ႐ႊ႕ေနာက္ဆုံးရက္အထိ တပ္အပ္ေျပာလို႔မရပါဘူး။ သူ
ကလည္း အမွန္တကယ္ ဆက္ေနခ်င္တယ္ဆိုတာ ကြၽန္ေတာ္ ဆန္ဂါေရးဆီကေန သိထားပါ
တယ္၊ ပီအက္စ္ဗြီအသင္းက သူ႔ကို ဖိအားလုံးဝ မေပးထားပါဘူး။ ဒါေပမယ့္ ေဈးကြက္က ဘယ္
လိုအလုပ္ လုပ္သလဲဆိုတာ ကြၽန္ေတာ္တို႔လည္း ”“ သိပါတယ္။ အကယ္၍သာ အျခားအသင္း
ေတြက သင့္ေတာ္တဲ့ ေငြေၾကးပမာဏနဲ႔သာ ကမ္းလွမ္းလာမယ္ဆိုရင္ ဒီကစားသမားေတြကို
ထိန္းထားဖို႔က ခက္ခဲပါတယ္ ” လို႔ ေျပာဆိုခဲ့ပါတယ္။ ဆန္ဂါေရးရဲ႕ စာခ်ဳပ္ထဲမွာ စာခ်ဳပ္ဖ်က္
သိမ္းေၾကး ယူ႐ို ၃၅ သန္း ( ေပါင္ ၂၉.၉ သန္း ) ရွိေနပါတယ္၊ ထို႔အတြက္ေၾကာင့္ ကြင္းလယ္
ခံစစ္ကစားသမားကို ေခၚယူခ်င္တဲ့ အသင္းအေနနဲ႔ ဘယ္အခ်ိန္မွာမဆို ေခၚယူႏိုင္မာျဖစ္ပါတယ္။