ယူနိုက်တက်နည်းပြ နေရာအတွက် စိတ်မဝင်စားဘူးလို့ ဆိုလိုက်တဲ့ အဲရစ်တင်ဟက်

အေဂျက်စ်နည်းပြအဲရစ်တင်ဟက်ကမန်ချက်စတာယူနိုက်တက်ထံမှ

တစ်စုံတစ်ရာဆက်သွယ်မှုရရှိခြင်းမရှိသလိုဆိုးလ်ရှားနေရာတွင်အစားထိုး

တာဝန်ယူရန်လည်းစိတ်မဝင်စားကြောင်းပြောကြားလာပါတယ်။

ဒတ်ချ်လူမျိုးနည်းပြဟာ၂၀၁၇ခုနှစ်ကတည်းကအေဂျက်စ်အသင်းကို

ကိုင်တွယ်လာသူဖြစ်ပါတယ်။ မန်ယူဟာရလဒ်ဆိုးရွားမှုကြောင့်မနေ့တုန်းက

အိုလီဂန်းနားဆိုးလ်ရှားကိုထုတ်ပယ်ခဲ့ပြီးအဲရစ်တင်ဟက်မှာဘရန်ဒန်ရော်ဂျာ၊

ဇီဒန်း၊ပိုချက်တီနိုတို့နှင့်အတူမန်ယူနည်းပြလျာထားစာရင်းတွင်ပါဝင်နေပါတယ်။

မန်ယူပရိသတ်အများစုဟာနည်းပြသစ်အဖြစ်ဇီဒန်း(သို့မဟုတ်)

အဲရစ်တင်ဟက်ကိုခန့်အပ်ရန်ထောက်ခံနေပါတယ်။

ဒါပေမယ့်အဲရစ်တင်ဟက်က “ကျွန်တော့်အသင်းအပေါ်မှာဘဲအာရုံစိုက်

နေပါတယ်။ကျွန်တော်တို့မှာအရမ်းကောင်းတဲ့အသင်းရှိတယ်။

အောင်မြင်မှုအများကြီးရယူချင်တယ်။ဆုဖလားတွေအများကြီးရယူချင်တယ်။

ဆုဖလားတွေအတွက်တိုက်ပွဲဝင်သွားမယ်။အေဂျက်စ်အပေါ်မှာဘဲ

အာရုံစိုက်နေပါတယ်။ကျန်တာဂရုမစိုက်ပါဘူး။ကစားသမားတွေကိုလည်း

အေဂျက်စ်အတွက်ပဲအာရုံစိုက်စေချင်တယ်။ကျွန်တော်ကသူ့အတွက်

စံနမူနာတစ်ဦးပါ။ကျွန်တော့်ရဲ့အေဂျက်စ်နည်းပြရာထူးနဲ့ပတ်သက်ပြီးတော့ဘဲ

ဆက်တိုက်မေးနေတယ်။ဒါကအဓိပ္ပါယ်မရှိတဲ့မေးခွန်းပါ။

မန်ယူဘက်စိတ်ဝင်စားတယ်လို့လည်းမကြားမိသလို ဒါနဲ့ပတ်သက်ပြီးတော့လည်း

မတွေးပါဘူး”လို့ပြောကြားခဲ့ပါတယ်။ လတ်တလောမီဒီယာများရဲ့ဖော်ပြချက်အရ

မန်ယူဘုတ်အဖွဲ့ဝင်များဟာရီးရဲလ်မက်ဒရစ်နည်းပြဟောင်းဇီဒန်းကိုခန့်အပ်ရန်

စိတ်ဝင်စားကြောင်းသိရပါတယ်။တစ်ဖက်တွင်မန်ယူဂန္ထဝင်နည်းပြ

ဆာအဲလက်စ်ဖာဂူဆန်ကလည်းပိုချက်တီနိုအားခန့်အပ်ရန်အကြံပြုထားကြောင်း

သိရပါတယ်။

zawgyi

ယူႏိုက္တက္နည္းျပ ေနရာအတြက္ စိတ္မဝင္စားဘူးလို႔ ဆိုလိုက္တဲ့ အဲရစ္တင္ဟက္

ေအဂ်က္စ္နည္းျပအဲရစ္တင္ဟက္ကမန္ခ်က္စတာယူႏိုက္တက္ထံမွ

တစ္စုံတစ္ရာဆက္သြယ္မႈရရွိျခင္းမရွိသလိုဆိုးလ္ရွားေနရာတြင္အစားထိုး

တာဝန္ယူရန္လည္းစိတ္မဝင္စားေၾကာင္းေျပာၾကားလာပါတယ္။

ဒတ္ခ်္လူမ်ိဳးနည္းျပဟာ၂၀၁၇ခုႏွစ္ကတည္းကေအဂ်က္စ္အသင္းကို

ကိုင္တြယ္လာသူျဖစ္ပါတယ္။ မန္ယူဟာရလဒ္ဆိုး႐ြားမႈေၾကာင့္မေန႔တုန္းက

အိုလီဂန္းနားဆိုးလ္ရွားကိုထုတ္ပယ္ခဲ့ၿပီးအဲရစ္တင္ဟက္မွာဘရန္ဒန္ေရာ္ဂ်ာ၊

ဇီဒန္း၊ပိုခ်က္တီႏိုတို႔ႏွင့္အတူမန္ယူနည္းျပလ်ာထားစာရင္းတြင္ပါဝင္ေနပါတယ္။

မန္ယူပရိသတ္အမ်ားစုဟာနည္းျပသစ္အျဖစ္ဇီဒန္း(သို႔မဟုတ္)

အဲရစ္တင္ဟက္ကိုခန႔္အပ္ရန္ေထာက္ခံေနပါတယ္။

ဒါေပမယ့္အဲရစ္တင္ဟက္က “ကြၽန္ေတာ့္အသင္းအေပၚမွာဘဲအာ႐ုံစိုက္

ေနပါတယ္။ကြၽန္ေတာ္တို႔မွာအရမ္းေကာင္းတဲ့အသင္းရွိတယ္။

ေအာင္ျမင္မႈအမ်ားႀကီးရယူခ်င္တယ္။ဆုဖလားေတြအမ်ားႀကီးရယူခ်င္တယ္။

ဆုဖလားေတြအတြက္တိုက္ပြဲဝင္သြားမယ္။ေအဂ်က္စ္အေပၚမွာဘဲ

အာ႐ုံစိုက္ေနပါတယ္။က်န္တာဂ႐ုမစိုက္ပါဘူး။ကစားသမားေတြကိုလည္း

ေအဂ်က္စ္အတြက္ပဲအာ႐ုံစိုက္ေစခ်င္တယ္။ကြၽန္ေတာ္ကသူ႔အတြက္

စံနမူတစ္ဦးပါ။ကြၽန္ေတာ့္ရဲ႕ေအဂ်က္စ္နည္းျပရာထူးနဲ႔ပတ္သက္ၿပီးေတာ့ဘဲ

ဆက္တိုက္ေမးေနတယ္။ဒါကအဓိပၸါယ္မရွိတဲ့ေမးခြန္းပါ။

မန္ယူဘက္စိတ္ဝင္စားတယ္လို႔လည္းမၾကားမိသလို ဒါနဲ႔ပတ္သက္ၿပီးေတာ့လည္း

မေတြးပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။ လတ္တေလာမီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရ

မန္ယူဘုတ္အဖြဲ႕ဝင္မ်ားဟာရီးရဲလ္မက္ဒရစ္နည္းျပေဟာင္းဇီဒန္းကိုခန႔္အပ္ရန္

စိတ္ဝင္စားေၾကာင္းသိရပါတယ္။တစ္ဖက္တြင္မန္ယူဂႏၴဝင္နည္းျပ

ဆာအဲလက္စ္ဖာဂူဆန္ကလည္းပိုခ်က္တီႏိုအားခန႔္အပ္ရန္အႀကံျပဳထားေၾကာင္း

သိရပါတယ္။mdiarymm

mdiarymm