
ပရီးမီးယားလိဂ်သူရဲကောင်းဘန်နီမက္ကာသီဟာမန်ချက်စတာယူနိုက်တက်တွင်အဲရစ်တန်ဟက်ရဲ့
ယူနိုက်တက်ပထမအသင်းနည်းပြအဖွဲ့ဝင်အဖြစ်ခန့်အပ်ခြင်းခံလာရပါတယ်။အသက်၄၄နှစ်ရှိဘန်
နီမက္ကာသီဟာအင်္ဂလန်တွင်လေးနှစ်ကစားတဲ့ကာလအတွင်းဘလက်ဘန်းအတွက်ပွဲတစ်ရာကျော်
ကစားခဲ့သူဖြစ်ပါတယ်။သူဟာကစားသမားဘဝမှအနားယူပြီးနောက်တောင်အာဖရိကထိပ်တန်း
ကလပ်များဖြစ်ကြတဲ့ကိတ်တောင်းစီးတီးနှင့်အေမာဇူးလူးတို့ကိုကိုင်တွယ်ခဲ့သူလည်းဖြစ်ပါတယ်။
သူဟာကလပ်အသင်းနှင့်အတူအောင်မြင်မှုရရှိမှုကြောင့်တောင်အာဖရိကလက်ရွေးစင်အသင်းကို
ကိုင်တွယ်ရန်ပါကမ်းလှမ်းခံခဲ့ရပေမဲ့ပယ်ချခဲ့ပါတယ်။မတ်လမှာတော့မက္ကာသီဟာအေမာဇူးလူး
နှင့်လမ်းခွဲခဲ့ပြီးတောင်အာဖရိကရဲ့အကြီးကျယ်ဆုံးကလပ်များဖြစ်ကြတဲ့ Kaizer Chiefs နှင့်အော်
လန်ဒိုပိုင်းရစ်အသင်းတို့ရဲ့ဆက်သွယ်ခြင်းခံခဲ့ရပါတယ်။ဒါပေမဲ့အေဂျက်စ်၊ပေါ်တိုနှင့်ဝက်စ်ဟမ်း
တိုက်စစ်မှူးဟောင်းဟာယူနိုက်တက်နည်းပြအဖွဲ့ဝင်အဖြစ်ကမ်းလှမ်းမှုကိုလက်ခံကာအင်္ဂလန်
သို့အံ့ဩသင့်ဖွယ်ရောက်လာခဲ့ပြီဖြစ်ပါတယ်။မက္ကာသီဟာမန်ချက်စတာယူနိုက်တက်အမာခံပရိ
သတ်တစ်ဦးဖြစ်ပြီး ဘာသာစကားလေးမျိုးပြောဆိုနိုင်ကာ ခရစ္စတီယာနိုရော်နယ်ဒိုနှင့်လည်းအ
လွန်ခိုင်မာတဲ့ရင်းနှီးမှုရှိသူဖြစ်ပါတယ်။သူဟာဘလက်ဘန်းတွင်ကစားစဉ်တုန်းကမန်ချက်စတာ
တွင်နေထိုင်ခဲ့ပြီး Ballon d’Or ငါးကြိမ်ရခရစ္စတီယာနိုရော်နယ်ဒိုနှင့်မကြာခဏဆုံစည်းခဲ့သူလည်း
ဖြစ်ပါတယ်။မက္ကာသီဟာ၂၀၀၄ခုနှစ်တုန်းကမော်ရင်ဟိုဦးဆောင်တဲ့ပေါ်တိုနှင့်အတူ ချန်ပီယံလိဂ်
ဖလားဆွတ်ခူးစဉ်တုန်းက ရှုံးထွက်အဆင့်တွင် ယူနိုက်တက်ဘက်သို့ နှစ်ဂိုးသွင်းကာပြိုင်ပွဲမှထွက်
ခွာစေခဲ့ဖူးပါတယ်။သူဟာသူအားပေးတဲ့ယူနိုက်တက်ကိုချန်ပီယံလိဂ်မှထွက်ခွာစေခဲ့ရမှုအတွက်
အသည်းကွဲနေခဲ့ပြီး ယင်းဖြစ်ရပ်အပေါ်မော်ရင်ဟိုဒေါသထွက်ခဲ့ပါတယ်။မက္ကာသီက “မန်ချက်စ
တာယူနိုက်တက်ကိုအားပေးတယ်။သူတို့အတွက်ကစားပေးချင်ခဲ့တယ်။မာ့ခ်ဟုချ်၊အင်ဒီကိုးနဲ့ရိုင်
ယန်ဂစ်တို့ကိုအရမ်းကြိုက်တယ်။ဒီတော့သူတို့ဘက်ကိုနှစ်ဂိုးသွင်းခဲ့ရတော့စိတ်မကောင်းဖြစ်ခဲ့ရ
တယ်။ ကျွန်တော့်အိပ်မက်က အိုးထရက်ဖို့ဒ်မှာဂိုးသွင်းဖို့ပါ။ယူနိုက်တက်ကိုချန်ပီယံလိဂ်ကနေ
ထွက်ခွာစေဖို့မဟုတ်ပါဘူး။ပွဲပြီးတော့မပျော်မရွှင်ဖြစ်နေတော့မော်ရင်ဟိုရဲ့ဆူပူတာခံရတယ်။သူ
က မပျော်ရင်နောက်တခါအသင်းမှာကစားခွင့်မပေးတော့ဘူးလို့ပြောပါတယ်”လို့ပြောကြားသွား
ပါတယ်။
ပရီးမီးယားလိဂ္သူရဲေကာင္းဘန္နီမကၠာသီဟာမန္ခ်က္စတာယူႏိုက္တက္တြင္အဲရစ္တန္ဟက္ရဲ႕
ယူႏိုက္တက္ပထမအသင္းနည္းျပအဖြဲ႕ဝင္အျဖစ္ခန႔္အပ္ျခင္းခံလာရပါတယ္။အသက္၄၄ႏွစ္ရွိဘန္
နီမကၠာသီဟာအဂၤလန္တြင္ေလးႏွစ္ကစားတဲ့ကာလအတြင္းဘလက္ဘန္းအတြက္ပြဲတစ္ရာေက်ာ္
ကစားခဲ့သူျဖစ္ပါတယ္။သူဟာကစားသမားဘဝမွအနားယူၿပီးေနာက္ေတာင္အာဖရိကထိပ္တန္း
ကလပ္မ်ားျဖစ္ၾကတဲ့ကိတ္ေတာင္းစီးတီးႏွင့္ေအမာဇူးလူးတို႔ကိုကိုင္တြယ္ခဲ့သူလည္းျဖစ္ပါတယ္။
သူဟာကလပ္အသင္းႏွင့္အတူေအာင္ျမင္မႈရရွိမႈေၾကာင့္ေတာင္အာဖရိကလက္ေ႐ြးစင္အသင္းကို
ကိုင္တြယ္ရန္ပါကမ္းလွမ္းခံခဲ့ရေပမဲ့ပယ္ခ်ခဲ့ပါတယ္။မတ္လမွာေတာ့မကၠာသီဟာေအမာဇူးလူး
ႏွင့္လမ္းခြဲခဲ့ၿပီးေတာင္အာဖရိကရဲ႕အႀကီးက်ယ္ဆုံးကလပ္မ်ားျဖစ္ၾကတဲ့ Kaizer Chiefs ႏွင့္ေအာ္
လန္ဒိုပိုင္းရစ္အသင္းတို႔ရဲ႕ဆက္သြယ္ျခင္းခံခဲ့ရပါတယ္။ဒါေပမဲ့ေအဂ်က္စ္၊ေပၚတိုႏွင့္ဝက္စ္ဟမ္း
တိုက္စစ္မႉးေဟာင္းဟာယူႏိုက္တက္နည္းျပအဖြဲ႕ဝင္အျဖစ္ကမ္းလွမ္းမႈကိုလက္ခံကာအဂၤလန္
သို႔အံ့ဩသင့္ဖြယ္ေရာက္လာခဲ့ၿပီျဖစ္ပါတယ္။မကၠာသီဟာမန္ခ်က္စတာယူႏိုက္တက္အမာခံပရိ
သတ္တစ္ဦးျဖစ္ၿပီး ဘာသာစကားေလးမ်ိဳးေျပာဆိုႏိုင္ကာ ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္လည္းအ
လြန္ခိုင္မာတဲ့ရင္းႏွီးမႈရွိသူျဖစ္ပါတယ္။သူဟာဘလက္ဘန္းတြင္ကစားစဥ္တုန္းကမန္ခ်က္စတာ
တြင္ေနထိုင္ခဲ့ၿပီး Ballon d’Or ငါးႀကိမ္ရခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္မၾကာခဏဆုံစည္းခဲ့သူလည္း
ျဖစ္ပါတယ္။မကၠာသီဟာ၂၀၀၄ခုႏွစ္တုန္းကေမာ္ရင္ဟိုဦးေဆာင္တဲ့ေပၚတိုႏွင့္အတူ ခ်န္ပီယံလိဂ္
ဖလားဆြတ္ခူးစဥ္တုန္းက ရႈံးထြက္အဆင့္တြင္ ယူႏိုက္တက္ဘက္သို႔ ႏွစ္ဂိုးသြင္းကာၿပိဳင္ပြဲမွထြက္
ခြာေစခဲ့ဖူးပါတယ္။သူဟာသူအားေပးတဲ့ယူႏိုက္တက္ကိုခ်န္ပီယံလိဂ္မွထြက္ခြာေစခဲ့ရမႈအတြက္
အသည္းကြဲေနခဲ့ၿပီး ယင္းျဖစ္ရပ္အေပၚေမာ္ရင္ဟိုေဒါသထြက္ခဲ့ပါတယ္။မကၠာသီက “မန္ခ်က္စ
တာယူႏိုက္တက္ကိုအားေပးတယ္။သူတို႔အတြက္ကစားေပးခ်င္ခဲ့တယ္။မာ့ခ္ဟုခ်္၊အင္ဒီကိုးနဲ႔႐ိုင္
ယန္ဂစ္တို႔ကိုအရမ္းႀကိဳက္တယ္။ဒီေတာ့သူတို႔ဘက္ကိုႏွစ္ဂိုးသြင္းခဲ့ရေတာ့စိတ္မေကာင္းျဖစ္ခဲ့ရ
တယ္။ ကြၽန္ေတာ့္အိပ္မက္က အိုးထရက္ဖို႔ဒ္မွာဂိုးသြင္းဖို႔ပါ။ယူႏိုက္တက္ကိုခ်န္ပီယံလိဂ္ကေန
ထြက္ခြာေစဖို႔မဟုတ္ပါဘူး။ပြဲၿပီးေတာ့မေပ်ာ္မ႐ႊင္ျဖစ္ေနေတာ့ေမာ္ရင္ဟိုရဲ႕ဆူပူတာခံရတယ္။သူ
က မေပ်ာ္ရင္ေနာက္တခါအသင္းမွာကစားခြင့္မေပးေတာ့ဘူးလို႔ေျပာပါတယ္”လို႔ေျပာၾကားသြား
ပါတယ္။