ယူနိုက်တက်တို့ အတိတ်အကြောင်း ပြောတာ မရပ်နိုင်ရင် ဦးနှောက်ဆေးဖို့ လိုအပ်ကြောင်း ဇလာတန်ပြောဆို

ယူနိုက်တက်အနေနဲ့ သမိုင်းလှန်နေတာ ရပ်တန့်ဖို့လိုပြီး မဟုတ်ရင် ဆေးရုံသွားပြီး ဦးနှောက်ဆေးသင့်တယ်လို့ အီဘရာဟီမိုဗစ်က ပြောဆိုလိုက်ပါတယ်။

ဆွီဒင်ကစားသမားဟာ၂၀၁၆ခုနှစ်မှ၂၀၁၈ခုနှစ်အထိယူနိုက်တက်တွင်ကစားခဲ့သူဖြစ်ပါတယ်။သူဟာယူနိုက်တက်အတွက်ပြိုင်ပွဲအရပ်ရပ်မှာ၅၃ပွဲကစားခဲ့ရာမှာ၂၉ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။သူဟာယူနိုက်တက်တွင်ကစားစဉ်ကာလအတွင်းယူရိုပါလိဂ်ဖလားရရှိအောင်ကူညီခဲ့သလို၇နှစ်အတွင်းပထမဆုံးလိဂ်ဖလားရအောင်လည်းကူညီခဲ့ပါတယ်။အီဘရာဟီမိုဗစ်ဟာအယ်အေဂလက်စီတွင်ကျင်လည်ပြီးနောက်အသင်းဟောင်းအေစီမီလန်သို့ရောက်လာချိန်မှာလည်းအသက်၄၀နှစ်အရွယ်ရှိပြီဖြစ်ပေမယ့်ဂိုးသွင်းကောင်းနေတုန်းဖြစ်ပါတယ်။

အီဘရာဟီမိုဗစ်ကယူနိုက်တက်ဟာ အတိတ်က အောင်မြင်မှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်ထားမှုတွေကို ဖြတ်တောက်ဖို့ လိုအပ်တယ်လို့ ယုံကြည်နေပါတယ်။

“ သူတို့တွေက အတိတ်အကြောင်းကို အရမ်းပြောကြတယ်။ ကျွန်တော် အဲဒီကို သွားခဲ့တုန်းကဆိုရင် ‘ငါက ဒီမှာ လက်ရှိပစ္စုပ္ပန်ကိုပဲ အာရုံစိုက်ပြီး ကိုယ့်သမိုင်းကိုယ်ရေးဖို့ ရှိနေတာပဲ’ လို့ ပြောခဲ့တယ်။ ဒါပေမယ့် အတိတ်ကိုပဲ တွေးနေတာ အရမ်းများလွန်းရင် သံသရာလည်နေရော။ လက်ရှိအခြေအနေကိုပဲစဉ်းစား ဒါမှမဟုတ် ဆေးရုံသွားပြီး ဦးနှောက်ဆေးသင့်တယ်”

“ ကျွန်တော် အင်္ဂလန်မှာ အတွေ့အကြုံကောင်းတစ်ခု ရခဲ့ပါတယ်။ ယူနိုက်တက်က အံ့ဩစရာကောင်းတဲ့ ကလပ်ပါ။ ကျွန်တော်တို့တွေ ဆုဖလားအနည်းငယ် အောင်မြင်ခဲ့တယ်။ အဲဒီက အရည်အသွေးက နည်းစနစ်ပိုင်းအရ ချီးကျူးခံရတာတွေက အိုဗာဖြစ်နေပေမယ့် အရှိန်အဟုန်၊ စည်းချက်မှန်မှန်လှုပ်ရှားမှုတွေက တခြားလိဂ်တွေနဲ့ မတူဘူး။မင်းက ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်နိုင်ပေမယ့် အဲဒီက အရှိန်အဟုန်နဲ့ ပြင်းပြမှုကို မကိုင်တွယ်နိုင်ရင် အောင်မြင်မှာ မဟုတ်ဘူး။” လို့ ဇလာတန်က ပြောဆိုခဲ့တာပါ။

zawgyi

ယူႏိုက္တက္တို႔ အတိတ္အေၾကာင္း ေျပာတာ မရပ္ႏိုင္ရင္ ဦးေႏွာက္ေဆးဖို႔ လိုအပ္ေၾကာင္း ဇလာတန္ေျပာဆို

ယူႏိုက္တက္အေနနဲ႔ သမိုင္းလွန္ေနတာ ရပ္တန႔္ဖို႔လိုၿပီး မဟုတ္ရင္ ေဆး႐ုံသြားၿပီး ဦးေႏွာက္ေဆးသင့္တယ္လို႔ အီဘရာဟီမိုဗစ္က ေျပာဆိုလိုက္ပါတယ္။

ဆြီဒင္ကစားသမားဟာ၂၀၁၆ခုႏွစ္မွ၂၀၁၈ခုႏွစ္အထိယူႏိုက္တက္တြင္ကစားခဲ့သူျဖစ္ပါတယ္။သူဟာယူႏိုက္တက္အတြက္ၿပိဳင္ပြဲအရပ္ရပ္မွာ၅၃ပြဲကစားခဲ့ရာမွာ၂၉ဂိုးအထိသြင္းယူႏိုင္ခဲ့ပါတယ္။သူဟာယူႏိုက္တက္တြင္ကစားစဥ္ကာလအတြင္းယူ႐ိုပါလိဂ္ဖလားရရွိေအာင္ကူညီခဲ့သလို၇ႏွစ္အတြင္းပထမဆုံးလိဂ္ဖလားရေအာင္လည္းကူညီခဲ့ပါတယ္။အီဘရာဟီမိုဗစ္ဟာအယ္ေအဂလက္စီတြင္က်င္လည္ၿပီးေနာက္အသင္းေဟာင္းေအစီမီလန္သို႔ေရာက္လာခ်ိန္မွာလည္းအသက္၄၀ႏွစ္အ႐ြယ္ရွိၿပီျဖစ္ေပမယ့္ဂိုးသြင္းေကာင္းေနတုန္းျဖစ္ပါတယ္။

အီဘရာဟီမိုဗစ္ကယူႏိုက္တက္ဟာ အတိတ္က ေအာင္ျမင္မႈေတြနဲ႔ စိတ္ပိုင္းဆိုင္ရာ ဆက္သြယ္ထားမႈေတြကို ျဖတ္ေတာက္ဖို႔ လိုအပ္တယ္လို႔ ယုံၾကည္ေနပါတယ္။

“ သူတို႔ေတြက အတိတ္အေၾကာင္းကို အရမ္းေျပာၾကတယ္။ ကြၽန္ေတာ္ အဲဒီကို သြားခဲ့တုန္းကဆိုရင္ ‘ငါက ဒီမွာ လက္ရွိပစၥဳပၸန္ကိုပဲ အာ႐ုံစိုက္ၿပီး ကိုယ့္သမိုင္းကိုယ္ေရးဖို႔ ရွိေနတာပဲ’ လို႔ ေျပာခဲ့တယ္။ ဒါေပမယ့္ အတိတ္ကိုပဲ ေတြးေနတာ အရမ္းမ်ားလြန္းရင္ သံသရာလည္ေနေရာ။ လက္ရွိအေျခအေနကိုပဲစဥ္းစား ဒါမွမဟုတ္ ေဆး႐ုံသြားၿပီး ဦးေႏွာက္ေဆးသင့္တယ္”

“ ကြၽန္ေတာ္ အဂၤလန္မွာ အေတြ႕အႀကဳံေကာင္းတစ္ခု ရခဲ့ပါတယ္။ ယူႏိုက္တက္က အံ့ဩစရာေကာင္းတဲ့ ကလပ္ပါ။ ကြၽန္ေတာ္တို႔ေတြ ဆုဖလားအနည္းငယ္ ေအာင္ျမင္ခဲ့တယ္။ အဲဒီက အရည္အေသြးက နည္းစနစ္ပိုင္းအရ ခ်ီးက်ဴးခံရတာေတြက အိုဗာျဖစ္ေနေပမယ့္ အရွိန္အဟုန္၊ စည္းခ်က္မွန္မွန္လႈပ္ရွားမႈေတြက တျခားလိဂ္ေတြနဲ႔ မတူဘူး။မင္းက ကမာၻ႔အေကာင္းဆုံး ကစားသမားျဖစ္ႏိုင္ေပမယ့္ အဲဒီက အရွိန္အဟုန္နဲ႔ ျပင္းျပမႈကို မကိုင္တြယ္ႏိုင္ရင္ ေအာင္ျမင္မွာ မဟုတ္ဘူး။” လို႔ ဇလာတန္က ေျပာဆိုခဲ့တာပါ။