
ဆိုစီဒက်ဟာယူနိုက်တက်စတားဟောင်းအက်နန်ဂျာနူဇာနှင့်အာဆင်နယ်စတား
ဟောင်းနာချိုမွန်ရီးရဲလ်တို့အားအသင်းမှထွက်ခွာခွင့်ပေးလာပြီဖြစ်ပါတယ်။
ဂျာနူဇာဟာ၂၀၁၇ခုနှစ်တွင်ယူနိုက်တက်မှထွက်ခွာပြီးနောက်ဆိုစီဒက်သို့ရောက်
လာသူဖြစ်ပြီးမွန်ရီးရဲလ်မှာ၂၀၁၉ခုနှစ်တွင်အာဆင်နယ်မှရောက်လာသူဖြစ်ပါ
တယ်။ယနေ့တွင်စပိန်မီဒီယာများရဲ့ဖော်ပြချက်အရဆိုစီဒက်ဟာယခုနွေရာသီ
တွင်စာချုပ်သက်တမ်းကုန်ဆုံးမယ့်မွန်ရီးရဲလ်နှင့်ဂျာနူဇာတို့ကိစာချုပ်သက်တမ်း
မတိုးဘဲထွက်ခွာခွင့်ပေးမှာဖြစ်ပါတယ်။အသက်၂၇နှစ်ရှိဂျာနူဇာဟာယခုရာသီ
တွင်ဆိုစီဒက်အတွက်၄၄ပွဲကစားထားရာတွင်၅ဂိုးသွင်းပြီး၃ကြိမ်ဖန်တီးထားနိုင်ပါ
တယ်။ဂျာနူဇာဟာအသင်းအတွက်အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခြင်းမရှိမှုနဲ့
အတူစာချုပ်သစ်ချုပ်ဆိုခြင်းမခံရတာလို့ယုံကြည်ရပါတယ်။ဂျာနူဇာဟာဒေးဗစ်
မိုယက်စ်ရဲ့လက်အောက်တွင်ယူနိုက်တက်ပထမအသင်းသို့ထိုးဖောက်လာခဲ့သူ
ဖြစ်ပြီးပရီးမီးယားလိဂ်ပွဲ၂၇ပွဲတွင်၈ဂိုးသွင်းနိုင်ခဲ့ပါတယ်။သူဟာမိုယက်စ်ထုတ်
ပယ်ခံရပြီးနောက်အခြားနည်းပြများလက်ထက်တွင်ခြေစွမ်းပြနိုင်ခြင်းမရှိမှုနဲ့
အတူ၂၀၁၇ခုနှစ်တွင်ရောင်းချခံခဲ့ရပါတယ်။မွန်ရီးရဲလ်မှာအာဆင်နယ်တွင်
ခြောက်နှစ်ကစားခဲ့သူဖြစ်ပြီး၂၅၁ပွဲကစားခဲ့ရာမှာ၁၀ဂိုးသွင်းကအကြိမ်၂၀ဖန်တီး
နိုင်ခဲ့ပါတယ်။သူဟာအာဆင်နယ်နှင့်အတူအက်ဖ်အေဖလားသုံးကြိမ်ဆွတ်ခူးနိုင်ခဲ့
ပါတယ်။
ဆိုစီဒက္ဟာယူႏိုက္တက္စတားေဟာင္းအက္နန္ဂ်ာႏူဇာႏွင့္အာဆင္နယ္စတား
ေဟာင္းနာခ်ိဳမြန္ရီးရဲလ္တို႔အားအသင္းမွထြက္ခြာခြင့္ေပးလာၿပီျဖစ္ပါတယ္။
ဂ်ာႏူဇာဟာ၂၀၁၇ခုႏွစ္တြင္ယူႏိုက္တက္မွထြက္ခြာၿပီးေနာက္ဆိုစီဒက္သို႔ေရာက္
လာသူျဖစ္ၿပီးမြန္ရီးရဲလ္မွာ၂၀၁၉ခုႏွစ္တြင္အာဆင္နယ္မွေရာက္လာသူျဖစ္ပါ
တယ္။ယေန႔တြင္စပိန္မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရဆိုစီဒက္ဟာယခုေႏြရာသီ
တြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္မြန္ရီးရဲလ္ႏွင့္ဂ်ာႏူဇာတို႔ကိစာခ်ဳပ္သက္တမ္း
မတိုးဘဲထြက္ခြာခြင့္ေပးမွာျဖစ္ပါတယ္။အသက္၂၇ႏွစ္ရွိဂ်ာႏူဇာဟာယခုရာသီ
တြင္ဆိုစီဒက္အတြက္၄၄ပြဲကစားထားရာတြင္၅ဂိုးသြင္းၿပီး၃ႀကိမ္ဖန္တီးထားႏိုင္ပါ
တယ္။ဂ်ာႏူဇာဟာအသင္းအတြက္အေကာင္းဆုံးေျခစြမ္းျပကစားႏိုင္ျခင္းမရွိမႈနဲ႔
အတူစာခ်ဳပ္သစ္ခ်ဳပ္ဆိုျခင္းမခံရတာလို႔ယုံၾကည္ရပါတယ္။ဂ်ာႏူဇာဟာေဒးဗစ္
မိုယက္စ္ရဲ႕လက္ေအာက္တြင္ယူႏိုက္တက္ပထမအသင္းသို႔ထိုးေဖာက္လာခဲ့သူ
ျဖစ္ၿပီးပရီးမီးယားလိဂ္ပြဲ၂၇ပြဲတြင္၈ဂိုးသြင္းႏိုင္ခဲ့ပါတယ္။သူဟာမိုယက္စ္ထုတ္
ပယ္ခံရၿပီးေနာက္အျခားနည္းျပမ်ားလက္ထက္တြင္ေျခစြမ္းျပႏိုင္ျခင္းမရွိမႈနဲ႔
အတူ၂၀၁၇ခုႏွစ္တြင္ေရာင္းခ်ခံခဲ့ရပါတယ္။မြန္ရီးရဲလ္မွာအာဆင္နယ္တြင္
ေျခာက္ႏွစ္ကစားခဲ့သူျဖစ္ၿပီး၂၅၁ပြဲကစားခဲ့ရာမွာ၁၀ဂိုးသြင္းကအႀကိမ္၂၀ဖန္တီး
ႏိုင္ခဲ့ပါတယ္။သူဟာအာဆင္နယ္ႏွင့္အတူအက္ဖ္ေအဖလားသုံးႀကိမ္ဆြတ္ခူးႏိုင္ခဲ့
ပါတယ္။