ယူနိုက်တက်ဂျာစီပေါ်မှာ အမှတ်တရလက်မှတ်ရေးထိုးခဲ့တဲ့ ပိုချက်တီနို

ဒီနေ့မနက်ပိုင်းက ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် မန်စီးတီးနဲ့ကစားခဲ့တဲ့ပွဲမတိုင်ခင် PSG အသင်းနည်းပြပိုချက်တီနိုဟာ မန်ချက်စတာယူနိုက်တက်ပရိသတ်တစ်ဦးရဲ့ အသင်းဂျာစီပေါ်မှာ အမှတ်တရလက်မှတ်ရေးထိုးခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်နည်းပြရာထူးနဲ့ပတ်သက်တဲ့ သတင်းတွေက ပိုပြီးကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေပါတယ်။ အသက်(၄၉)နှစ်အရွယ်ရှိပြီဖြစ်သူ ပိုချက်တီနိုကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ ယူနိုက်တက်အသင်းက နံပါတ်(၁)ဦးစားပေးအဖြစ်ပစ်မှတ်ထားနေပေမယ့် PSG အသင်းကတော့ သူတို့နည်းပြကို ယူနိုက်တက်အသင်း ချဉ်းကပ်နေမှုအပေါ် ပိတ်ပင်တားမြစ်ခဲ့ပါတယ်။ ပိုချက်တီနိုဟာ မန်စီးတီးနဲ့ကစားမယ့် ချန်ပီယံလိဂ်ပွဲအတွက် မန်ချက်စတာမြို့ကိုရောက်ရှိခဲ့ချိန်မှာ ကလေးငယ်တစ်ဦးက ယူနိုက်တက်ဂျာစီပေါ်မှာ အမှတ်တရလက်မှတ်ရေးထိုးဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး ပိုချက်တီနိုကလည်း လက်မှတ်ထိုးပေးခဲ့တာကြောင့် ယူနိုက်တက်နဲ့ပတ်သက်တဲ့ကောလာဟလသတင်းတွေ ပိုပြီးထွက်နေတာဖြစ်ပါတယ်။ PSG အသင်းတာဝန်ရှိသူတွေကတော့ ပိုချက်တီနိုဟာ အဲဒီလိုမလုပ်ခဲ့ဘူးလို့ ငြင်းဆန်ခဲ့ပေမယ့် ယူနိုက်တက်ပရိသတ်တစ်ဦးက ပိုချက်တီနိုလက်မှတ်နဲ့အတူ ဂျာစီပေါ်မှာ လက်မှတ်ရေးထိုးခဲ့တယ်ဆိုတာကို နာမည်ကျော် အားကစားရေဒီယို talkSPORT မှာ အခုလိုပဲဖွင့်ဟပြောဆိုခဲ့ပါတယ်။

“ဒီနေ့မှာ ပိုချက်တီနိုကို ကျွန်တော်တို့ ဆုံတွေ့ခွင့်ရခဲ့ပြီး ကျွန်တော့်ကလေးကလည်း ပိုချက်တီနိုလက်မှတ်ရဖို့အတွက် ပြင်ဆင်စရာရှိတာတွေပြင်ဆင်နေချိန်မှာ ပိုချက်တီနို ရောက်လာတာကြောင့် ကျွန်တော်က ‘ယူနိုက်တက်ဂျာစီပေါ်မှာ ပိုချက်တီနို အမှတ်တရလက်မှတ်ထိုးမလားဆိုတာ စမ်းကြည့်ပါလား’လို့ ကျွန်တော့်သားကို တိုက်တွန်းလိုက်ပါတယ်။ ပိုချက်တီနိုဟာ ကျွန်တော့်သားလေးရဲ့ယူနိုက်တက်ဂျာစီပေါ်မှာ အမှတ်တရလက်မှတ်ရေးထိုးခဲ့ပေမယ့် အဲဒါကို PSG အသင်းက Post မတင်ခဲ့ပါဘူး။ အနားမှာရှိတဲ့ PSG အသင်းတာဝန်ရှိသူတစ်ယောက်က ‘တစ်ဆိတ်လောက်ပါဗျ ..ဒါက မန်ချက်စတာယူနိုက်တက်ဂျာစီဖြစ်နေပါတယ် ..သူ လက်မှတ်ထိုးပေးမှာမဟုတ်ပါဘူး’ဆိုပြီး ကျွန်တော်တို့ကိုပြောခဲ့ပေမယ့် ပိုချက်တီနိုက ‘ရတယ်..ရတယ်’လို့ပြောပြီးတော့ လက်မှတ်ထိုးပေးခဲ့ပါတယ်။ ပိုချက်တီနို လက်မှတ်ထိုးလိမ့်မယ်လို့ ကျွန်တော် လုံးဝမမျှော်လင့်ခဲ့ပေမယ့် သူက မထင်မှတ်လောက်အောင်ပဲ ယူနိုက်တက်ဂျာစီပေါ်မှာ အမှတ်တရလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

zawgyi

ယူႏိုက္တက္ဂ်ာစီေပၚမွာ အမွတ္တရလက္မွတ္ေရးထိုးခဲ့တဲ့ ပိုခ်က္တီႏို

ဒီေန႔မနက္ပိုင္းက ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ မန္စီးတီးနဲ႔ကစားခဲ့တဲ့ပြဲမတိုင္ခင္ PSG အသင္းနည္းျပပိုခ်က္တီႏိုဟာ မန္ခ်က္စတာယူႏိုက္တက္ပရိသတ္တစ္ဦးရဲ႕ အသင္းဂ်ာစီေပၚမွာ အမွတ္တရလက္မွတ္ေရးထိုးခဲ့တာေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္နည္းျပရာထူးနဲ႔ပတ္သက္တဲ့ သတင္းေတြက ပိုၿပီးက်ယ္က်ယ္ေလာင္ေလာင္ထြက္ေပၚေနပါတယ္။ အသက္(၄၉)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ပိုခ်က္တီႏိုကို နည္းျပသစ္အျဖစ္ခန႔္အပ္ဖို႔ ယူႏိုက္တက္အသင္းက နံပါတ္(၁)ဦးစားေပးအျဖစ္ပစ္မွတ္ထားေနေပမယ့္ PSG အသင္းကေတာ့ သူတို႔နည္းျပကို ယူႏိုက္တက္အသင္း ခ်ဥ္းကပ္ေနမႈအေပၚ ပိတ္ပင္တားျမစ္ခဲ့ပါတယ္။ ပိုခ်က္တီႏိုဟာ မန္စီးတီးနဲ႔ကစားမယ့္ ခ်န္ပီယံလိဂ္ပြဲအတြက္ မန္ခ်က္စတာၿမိဳ႕ကိုေရာက္ရွိခဲ့ခ်ိန္မွာ ကေလးငယ္တစ္ဦးက ယူႏိုက္တက္ဂ်ာစီေပၚမွာ အမွတ္တရလက္မွတ္ေရးထိုးဖို႔ ေတာင္းဆိုခဲ့တာျဖစ္ၿပီး ပိုခ်က္တီႏိုကလည္း လက္မွတ္ထိုးေပးခဲ့တာေၾကာင့္ ယူႏိုက္တက္နဲ႔ပတ္သက္တဲ့ေကာလာဟလသတင္းေတြ ပိုၿပီးထြက္ေနတာျဖစ္ပါတယ္။ PSG အသင္းတာဝန္ရွိသူေတြကေတာ့ ပိုခ်က္တီႏိုဟာ အဲဒီလိုမလုပ္ခဲ့ဘူးလို႔ ျငင္းဆန္ခဲ့ေပမယ့္ ယူႏိုက္တက္ပရိသတ္တစ္ဦးက ပိုခ်က္တီႏိုလက္မွတ္နဲ႔အတူ ဂ်ာစီေပၚမွာ လက္မွတ္ေရးထိုးခဲ့တယ္ဆိုတာကို နာမည္ေက်ာ္ အားကစားေရဒီယို talkSPORT မွာ အခုလိုပဲဖြင့္ဟေျပာဆိုခဲ့ပါတယ္။

“ဒီေန႔မွာ ပိုခ်က္တီႏိုကို ကြၽန္ေတာ္တို႔ ဆုံေတြ႕ခြင့္ရခဲ့ၿပီး ကြၽန္ေတာ့္ကေလးကလည္း ပိုခ်က္တီႏိုလက္မွတ္ရဖို႔အတြက္ ျပင္ဆင္စရာရွိတာေတြျပင္ဆင္ေနခ်ိန္မွာ ပိုခ်က္တီႏို ေရာက္လာတာေၾကာင့္ ကြၽန္ေတာ္က ‘ယူႏိုက္တက္ဂ်ာစီေပၚမွာ ပိုခ်က္တီႏို အမွတ္တရလက္မွတ္ထိုးမလားဆိုတာ စမ္းၾကည့္ပါလား’လို႔ ကြၽန္ေတာ့္သားကို တိုက္တြန္းလိုက္ပါတယ္။ ပိုခ်က္တီႏိုဟာ ကြၽန္ေတာ့္သားေလးရဲ႕ယူႏိုက္တက္ဂ်ာစီေပၚမွာ အမွတ္တရလက္မွတ္ေရးထိုးခဲ့ေပမယ့္ အဲဒါကို PSG အသင္းက Post မတင္ခဲ့ပါဘူး။ အနားမွာရွိတဲ့ PSG အသင္းတာဝန္ရွိသူတစ္ေယာက္က ‘တစ္ဆိတ္ေလာက္ပါဗ် ..ဒါက မန္ခ်က္စတာယူႏိုက္တက္ဂ်ာစီျဖစ္ေနပါတယ္ ..သူ လက္မွတ္ထိုးေပးမွာမဟုတ္ပါဘူး’ဆိုၿပီး ကြၽန္ေတာ္တို႔ကိုေျပာခဲ့ေပမယ့္ ပိုခ်က္တီႏိုက ‘ရတယ္..ရတယ္’လို႔ေျပာၿပီးေတာ့ လက္မွတ္ထိုးေပးခဲ့ပါတယ္။ ပိုခ်က္တီႏို လက္မွတ္ထိုးလိမ့္မယ္လို႔ ကြၽန္ေတာ္ လုံးဝမေမွ်ာ္လင့္ခဲ့ေပမယ့္ သူက မထင္မွတ္ေလာက္ေအာင္ပဲ ယူႏိုက္တက္ဂ်ာစီေပၚမွာ အမွတ္တရလက္မွတ္ေရးထိုးခဲ့တာျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။