ယူနိုက်တက်ကို ဝယ်ယူရေးအခြေအနေတွေမှာ ပါဝင်လာဖို့ရှိလာနေတဲ့ ချဲလ်ဆီးလူငယ်ကစားသမားဟောင်း

မန်ချက်စတာယူနိုက်တက်ကိုကာလရှည်ကြာပိုင်ဆိုင်လာခဲ့တဲ့ဂလေဇာမိသားစုဟာဗုဒ္ဓဟူးနေ့တုန်းက

ယူနိုက်တက်ပရိသတ်တိုင်းအကြားချင်ဆုံးစကားအဖြစ်ကလပ်ကိုရောင်းချသွားတော့မှာဖြစ်ကြောင်းကြေ

ငြာခဲ့ပါတယ်။အမေရိကန်ဘီလျှံနာတို့ဟာ၂၀၀၅ခုနှစ်ကတည်းကယူနိုက်တက်ကိုအကြွေးများဖြင့်ဝယ်ယူ

လိုက်ပြီးတဲ့နောက်အသင်းကိုပိုင်ဆိုင်တဲ့၁၇နှစ်တာကာလအတွင်းတွင်ယူနိုက်တက်ပရိသတ်များရဲ့ဆန္ဒပြ

သပိတ်မှောက်မှုများဖြင့်ရင်ဆိုင်လာခဲ့ရပါတယ်။ဂလေဇာမိသားစုဟာယူနိုက်တက်ကိုပေါင်၅ဘီလီယံဖြင့်

ရောင်းချသွားဖို့ရှိနေပါတယ်။လက်ရှိအချိန်တွင်ကမ္ဘာပေါ်တွင်ပရိသတ်အများဆုံးအသင်းအဖြစ်ရပ်တည်

နေတဲ့ယူနိုက်တက်ကိုဝယ်ယူသူတွေများစွာရှိနေပါတယ်။ဗြိတိန်ရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့အပြင်ယူ

နိုက်တက်အမာခံပရိသတ်ဆာဂျမ်ရက်ကလစ်ဖ်၊ Zara ပိုင်ရှင်အေမန်စီယိုအော်တေဂါအပြင် အမေရိကန်

နည်းပညာကုမ္ပဏီ Apple ကလည်းကမ်းလှမ်းလာနိုင်ပါတယ်။ဒါ့အပြင်ယူနိုက်တက်ကိုဝယ်ယူရေးကမ်း

လှမ်းလာနိုင်တဲ့သူတွေထဲမှာ ချဲလ်ဆီးလူငယ်ကစားသမားဟောင်းတစ်ဦးလည်းပါဝင်လာနေပါတယ်။

Daily Star သတင်းစာကဘရူနိုင်းတော်ဝင်မိသားစုဝင် ဖိုက်ဘိုကီယာဟာယူနိုက်တက်ကိုဝယ်ယူရေးကမ်း

လှမ်းလာနိုင်ပါတယ်။ဘရူနိုင်ဘုရင်ရဲ့တူတော်စပ်သူအသက်၂၄နှစ်ရှိဘောလုံးသမားဟာဆောက်သမ်တန်၊

ချဲလ်ဆီး၊လက်စတာတို့တွင်ကစားခဲ့သူဖြစ်ပြီးဒေါ်လာ၂၀ဘီလီယံဖြင့်ဘောလုံးလောကတွင်အချမ်းသာဆုံး

ဘောလုံးသမားအဖြစ်ရပ်တည်နေသူလည်းဖြစ်ပါတယ်။သူဟာဘရူနိုင်းဘုရင်ဟာဆာနယ်ဘိုကီယာရဲ့တူ

ဖြစ်ပေမဲ့လည်းယခုတိုင်ဘောလုံးကစားနေဆဲဖြစ်ပါတယ်။သူဟာထိုင်းကလပ်ချောင်ဘူရီတွင်ကစားနေ

တုန်းဖြစ်ပါတယ်။

မန္ခ်က္စတာယူႏိုက္တက္ကိုကာလရွည္ၾကာပိုင္ဆိုင္လာခဲ့တဲ့ဂေလဇာမိသားစုဟာဗုဒၶဟူးေန႔တုန္းက

ယူႏိုက္တက္ပရိသတ္တိုင္းအၾကားခ်င္ဆုံးစကားအျဖစ္ကလပ္ကိုေရာင္းခ်သြားေတာ့မွာျဖစ္ေၾကာင္းေၾက

ညာခဲ့ပါတယ္။အေမရိကန္ဘီလွ်ံနာတို႔ဟာ၂၀၀၅ခုႏွစ္ကတည္းကယူႏိုက္တက္ကိုအေႂကြးမ်ားျဖင့္ဝယ္ယူ

လိုက္ၿပီးတဲ့ေနာက္အသင္းကိုပိုင္ဆိုင္တဲ့၁၇ႏွစ္တာကာလအတြင္းတြင္ယူႏိုက္တက္ပရိသတ္မ်ားရဲ႕ဆႏၵျပ

သပိတ္ေမွာက္မႈမ်ားျဖင့္ရင္ဆိုင္လာခဲ့ရပါတယ္။ဂေလဇာမိသားစုဟာယူႏိုက္တက္ကိုေပါင္၅ဘီလီယံျဖင့္

ေရာင္းခ်သြားဖို႔ရွိေနပါတယ္။လက္ရွိအခ်ိန္တြင္ကမာၻေပၚတြင္ပရိသတ္အမ်ားဆုံးအသင္းအျဖစ္ရပ္တည္

ေနတဲ့ယူႏိုက္တက္ကိုဝယ္ယူသူေတြမ်ားစြာရွိေနပါတယ္။ၿဗိတိန္ရဲ႕အခ်မ္းသာဆုံးပုဂၢိဳလ္ျဖစ္တဲ့အျပင္ယူ

ႏိုက္တက္အမာခံပရိသတ္ဆာဂ်မ္ရက္ကလစ္ဖ္၊ Zara ပိုင္ရွင္ေအမန္စီယိုေအာ္ေတဂါအျပင္ အေမရိကန္

နည္းပညာကုမၸဏီ Apple ကလည္းကမ္းလွမ္းလာႏိုင္ပါတယ္။ဒါ့အျပင္ယူႏိုက္တက္ကိုဝယ္ယူေရးကမ္း

လွမ္းလာႏိုင္တဲ့သူေတြထဲမွာ ခ်ဲလ္ဆီးလူငယ္ကစားသမားေဟာင္းတစ္ဦးလည္းပါဝင္လာေနပါတယ္။

Daily Star သတင္းစာကဘ႐ူႏိုင္းေတာ္ဝင္မိသားစုဝင္ ဖိုက္ဘိုကီယာဟာယူႏိုက္တက္ကိုဝယ္ယူေရးကမ္း

လွမ္းလာႏိုင္ပါတယ္။ဘ႐ူႏိုင္ဘုရင္ရဲ႕တူေတာ္စပ္သူအသက္၂၄ႏွစ္ရွိေဘာလုံးသမားဟာေဆာက္သမ္တန္၊

ခ်ဲလ္ဆီး၊လက္စတာတို႔တြင္ကစားခဲ့သူျဖစ္ၿပီးေဒၚလာ၂၀ဘီလီယံျဖင့္ေဘာလုံးေလာကတြင္အခ်မ္းသာဆုံး

ေဘာလုံးသမားအျဖစ္ရပ္တည္ေနသူလည္းျဖစ္ပါတယ္။သူဟာဘ႐ူႏိုင္းဘုရင္ဟာဆာနယ္ဘိုကီယာရဲ႕တူ

ျဖစ္ေပမဲ့လည္းယခုတိုင္ေဘာလုံးကစားေနဆဲျဖစ္ပါတယ္။သူဟာထိုင္းကလပ္ေခ်ာင္ဘူရီတြင္ကစားေန

တုန္းျဖစ္ပါတယ္။