
မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမားဖြစ်သူကတ်စ်မဲရိုးဟာ သူ့ရဲ့ ကစားသမားဘဝမှာ ဆု
ဖလားအောင်မြင်မှုအကုန်နီးပါး ရရှိဖူးပြီးသားဖြစ်ပေမယ့်၊ မန်ယူအသင်းကိုရောက်လာချိန်မှာတော့ က
လေးတစ်ဦးလို ပြန်ခံစားမိပြီး၊အသင်းကို ထိပ်ဆုံးအဆင့်ဆီ ပြန်ရောက်အောင် ကူညီပေးသွားဖို့စိတ်
အားသန်နေကြောင်း ပြောဆိုလာခဲ့ပါတယ်။ ဒီရာသီမှာ ယူနိုက်တက်အသင်းရဲ့အရေးပါဆုံးကစားသမား
တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ကတ်စ်မဲရိုးကအင်တာဗျုးမှာ “ ကျွန်တော် အရမ်းသက်သောင့်သက်
သာ ရှိပါတယ်၊ဒီမှာ ရှိခွင့်ရတာ အရမ်းပျော်ပါတယ်၊ ပြီးတော့ အခိုက်အတန့်တိုင်းကိုအသက် ၁၅ နှစ်သား
တစ်ဦးလိုမျိုး ခံစားနေရပါတယ်။ဒါပေမယ့် အရေးအကြီးဆုံးက အသင်းပိုတိုးတက်လာတာကို မြင်ရတာ
ပါပဲ။အသင်းသစ်ကို ရောက်တဲ့အခါ သမိုင်းရေးထိုးဖို့ အမြဲတမ်းအိပ်မက်ရှိကြပါတယ်၊အထူးသဖြင့် ဒီအ
သင်းရဲ့ ကြီးကျယ်ခမ်းနားမှုကို မြင်တဲ့အခါမှာပေါ့။သမိုင်းကြောင်းကို ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့်
အသားကျဖို့အတွက်အချိန်တစ်ခုလိုအပ်တာနဲ့ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ အာဆင်နယ်၊မန်စီး
တီးနဲ့ လီဗာပူးလ်တို့က ရေရှည်အစီစဉ်တွေ ရှိနေပြီးသားဆိုတာကို သတိထားမိပါတယ်။သူတို့အားလုံးမှာ
ပရီးမီးယားလိဂ်ကို ရောက်တာကြာပြီဖြစ်တဲ့ နည်းပြတွေရှိကြတယ်၊ ဒီ့အတွက် သူတို့မှာ အားသာချက်ရှိ
နေတယ်။ကျွန်တော်တို့က တည်ဆောက်နေဆဲ အသင်းပါ။ ဒါပေမယ့် ကျွန်တော်တို့ကလေးစားခြင်းခံရ
ပြီးသားပါ၊ ပြိုင်ဘက်အသင်းတွေက ကျွန်တော်တို့ဘယ်လောက်ကောင်းလဲ သိကြပါတယ်။ ယူနိုက်တက်
ဆိုတာ အသင်းကြီးတစ်သင်းပါ၊ဆုဖလားမှတ်တမ်းတွေ ပြန်ကြည့်မယ်ဆိုရင် အဲ့ဒါက အင်္ဂလန်မှာ အကြီး
မားဆုံးပါပဲ။ကျွန်တော်တို့ရဲ့ ဘဝတွေမှာ ရည်မှန်းချက်တွေနဲ့ စိန်ခေါ်မှုတွေ ရှိရပါမယ်။ဆက်လက်တို
းတက်နေဖို့က ကျွန်တော့်အတွက် စိန်ခေါ်မှုပါပဲ။ကောင်းတဲ့လမ်းကြောင်းပေါ်မှာ ကျွန်တော်တို့ ရောက်
နေပါတယ်။ဒါက ဆုဖလားတွေရဖို့ လမ်းကြောင်းပါ၊ ဒါပေမယ့် ကျွန်တော်တို့ ဆက်လက်တိုးတက်နေဖို့
လိုတယ်။ ကျွန်တော်တို့တွေ ပလန်အတိုင်း တိုးတက်အောင်ဆောင်ရွက်နေပြီး၊ ခိုင်မာတဲ့အသင်းဖြစ်
အောင် တည်ဆောက်နေပါတယ်။အနာဂါတ်မှာ ဆုဖလားတွေရဖို့ဆိုရင်၊ ခိုင်မာတဲ့အုတ်မြစ်ကို တည်
ဆောက်ရပါမယ် ” လို့ ဆိုခဲ့ပါတယ်။
မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္ကစားသမားျဖစ္သူကတ္စ္မဲ႐ိုးဟာ သူ႔ရဲ႕ ကစားသမားဘဝမွာ ဆု
ဖလားေအာင္ျမင္မႈအကုန္နီးပါး ရရွိဖူးၿပီးသားျဖစ္ေပမယ့္၊ မန္ယူအသင္းကိုေရာက္လာခ်ိန္မွာေတာ့ က
ေလးတစ္ဦးလို ျပန္ခံစားမိၿပီး၊အသင္းကို ထိပ္ဆုံးအဆင့္ဆီ ျပန္ေရာက္ေအာင္ ကူညီေပးသြားဖို႔စိတ္
အားသန္ေနေၾကာင္း ေျပာဆိုလာခဲ့ပါတယ္။ ဒီရာသီမွာ ယူႏိုက္တက္အသင္းရဲ႕အေရးပါဆုံးကစားသမား
တစ္ဦးအျဖစ္ သတ္မွတ္ခံထားရတဲ့ ကတ္စ္မဲ႐ိုးကအင္တာဗ်ဳးမွာ “ ကြၽန္ေတာ္ အရမ္းသက္ေသာင့္သက္
သာ ရွိပါတယ္၊ဒီမွာ ရွိခြင့္ရတာ အရမ္းေပ်ာ္ပါတယ္၊ ၿပီးေတာ့ အခိုက္အတန႔္တိုင္းကိုအသက္ ၁၅ ႏွစ္သား
တစ္ဦးလိုမ်ိဳး ခံစားေနရပါတယ္။ဒါေပမယ့္ အေရးအႀကီးဆုံးက အသင္းပိုတိုးတက္လာတာကို ျမင္ရတာ
ပါပဲ။အသင္းသစ္ကို ေရာက္တဲ့အခါ သမိုင္းေရးထိုးဖို႔ အၿမဲတမ္းအိပ္မက္ရွိၾကပါတယ္၊အထူးသျဖင့္ ဒီအ
သင္းရဲ႕ ႀကီးက်ယ္ခမ္းနားမႈကို ျမင္တဲ့အခါမွာေပါ့။သမိုင္းေၾကာင္းကို ကြၽန္ေတာ္တို႔ သိပါတယ္။ ဒါေပမယ့္
အသားက်ဖို႔အတြက္အခ်ိန္တစ္ခုလိုအပ္တာနဲ႔ ကြၽန္ေတာ္တို႔ရဲ႕ ၿပိဳင္ဘက္ေတြျဖစ္တဲ့ အာဆင္နယ္၊မန္စီး
တီးနဲ႔ လီဗာပူးလ္တို႔က ေရရွည္အစီစဥ္ေတြ ရွိေနၿပီးသားဆိုတာကို သတိထားမိပါတယ္။သူတို႔အားလုံးမွာ
ပရီးမီးယားလိဂ္ကို ေရာက္တာၾကာၿပီျဖစ္တဲ့ နည္းျပေတြရွိၾကတယ္၊ ဒီ့အတြက္ သူတို႔မွာ အားသာခ်က္ရွိ
ေနတယ္။ကြၽန္ေတာ္တို႔က တည္ေဆာက္ေနဆဲ အသင္းပါ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ကေလးစားျခင္းခံရ
ၿပီးသားပါ၊ ၿပိဳင္ဘက္အသင္းေတြက ကြၽန္ေတာ္တို႔ဘယ္ေလာက္ေကာင္းလဲ သိၾကပါတယ္။ ယူႏိုက္တက္
ဆိုတာ အသင္းႀကီးတစ္သင္းပါ၊ဆုဖလားမွတ္တမ္းေတြ ျပန္ၾကည့္မယ္ဆိုရင္ အဲ့ဒါက အဂၤလန္မွာ အႀကီး
မားဆုံးပါပဲ။ကြၽန္ေတာ္တို႔ရဲ႕ ဘဝေတြမွာ ရည္မွန္းခ်က္ေတြနဲ႔ စိန္ေခၚမႈေတြ ရွိရပါမယ္။ဆက္လက္တို
းတက္ေနဖို႔က ကြၽန္ေတာ့္အတြက္ စိန္ေခၚမႈပါပဲ။ေကာင္းတဲ့လမ္းေၾကာင္းေပၚမွာ ကြၽန္ေတာ္တို႔ ေရာက္
ေနပါတယ္။ဒါက ဆုဖလားေတြရဖို႔ လမ္းေၾကာင္းပါ၊ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ဆက္လက္တိုးတက္ေနဖို႔
လိုတယ္။ ကြၽန္ေတာ္တို႔ေတြ ပလန္အတိုင္း တိုးတက္ေအာင္ေဆာင္႐ြက္ေနၿပီး၊ ခိုင္မာတဲ့အသင္းျဖစ္
ေအာင္ တည္ေဆာက္ေနပါတယ္။အနာဂါတ္မွာ ဆုဖလားေတြရဖို႔ဆိုရင္၊ ခိုင္မာတဲ့အုတ္ျမစ္ကို တည္
ေဆာက္ရပါမယ္ ” လို႔ ဆိုခဲ့ပါတယ္။