ဘရန့်ဖို့ဒ်အသင်းရဲ့ နည်းပြဖြစ်သူ သောမတ်စ် ဖရန့်က မန်ချက်စတာယူနိုက်တက်အသင်းကို
ပြောင်းရွှေ့သွားခဲ့တဲ့ ကွင်းလယ်ကစားသမားဖြစ်သူ ခရစ္စတန်ဆန် အဲရစ်ဆန်ရဲ့ နေရာကို အစား
ထိုးဖို့ရာအတွက် မဖြစ်နိုင်ကြောင်း ဝန်ခံပြောဆိုသွားခဲ့ပါတယ်။ အဲရစ်ဆန်ဟာ ပြီးခဲ့တဲ့ရာသီ
တုန်းက ဒုတိယရာသီဝက်ကို ဘရန့်ဖို့ဒ်အသင်းမှာ ကာလတိုစာချုပ်နဲ့လာရောက်ကစားခဲ့ပြီး ၁၁
ပွဲ ကစားရာမှာ ၁ ဂိုး သွင်းယူပြီး ဂိုးဖန်တီးမှုလေးကြိမ် ပြုလုပ်ခဲ့ပါတယ်။ လက်ရှိ စာချုပ်သက်
တမ်းကုန်ဆုံးချိန်မှာတော့ အဲရစ်ဆန်ဟာ မန်ယူအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်
ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ အဲရစ်ဆန်နဲ့ ပတ်သက်ပြီး ဖရန့်ကတော့ “ ကျွန်တော်က သူ့ကို ဒီမှာ ဆက်
ရှိစေချင်ခဲ့ပါတယ်။ သူက ကျွန်တော်တို့ဆီကို ”“ အရည်အချင်းတွေအများကြီး သယ်ဆောင်လာ
ပေးခဲ့ပါတယ်။ ကျွန်တော်တို့ သူ့ကို အစားထိုးလို့ မရနိုင်ပါဘူး၊ အဲရစ်ဆန်ရဲ့ အရည်အချင်းကို အ
စားထိုးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အခြားအရာတစ်ခုခုနဲ့ အစားထိုးနိုင်ဖို့အတွက်
တော့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်။ မတူညီတဲ့ကစားကွက်မျိုး ကျွန်တော်တို့ တည်ဆောက်
နိုင်ဖို့ မျှော်လင့်ပါတယ် ”“ မားသီးယပ်စ် ဂျန်ဆန်အနေနဲ့ ပိုတိုးတက်လာဖို့ လိုပါတယ်။ ကျွန်တော်
တို့မှာ စိတ်ဝင်စားစရာကောင်းတဲ့ ကွင်းလယ်ကစားသမားအချို့ဖြစ်တဲ့ ရှန်ဒန် ဘတ်တိစ်၊ ဂျော့ရှ်
ဒါဆေးလ်ဗားနဲ့ စမန် ဂို့ဒ်ဒေါ့စ်တို့ ရှ်ိနေသေးတယ်လို့ ထင်ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။ ဘရန့်
ဖို့ဒ်အသင်းဟာ အဲရစ်ဆန်ကို ပိုကောင်းတဲ့ကမ်းလှမ်းမှုနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့အတွက်ကမ်းလှမ်း
ခဲ့သေးပေမယ့် ဒိန်းမတ်လက်ရွေးစင်ဟာ အဓိကရည်မှန်းချက်တွေကြောင့် မန်ယူအသင်းကို သုံး
နှစ်သက်တမ်းစာချုပ် ချုပ်ဆိုပြီးတော့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ အဲရစ်ဆန်ဟာ အက်သလက်
တီကိုမက်ဒရစ်အသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ မန်ယူအသင်းအတွက် ပထမဆုံးပွဲဦးထွက်ကို စတင်
ခဲ့ပြီး နည်းပြ တန်ဟန့်ရဲ့ ချီးကျုးခြင်းခံခဲ့ရပါတယ်။
ဒါဆေးလ်ဗားနဲ့ စမန် ဂို့ဒ်ဒေါ့စ်တို့ ရှိနေသေးတယ်လို့ ထင်ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။ ဘရန့်
တီကိုမက်ဒရစ်အသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ မန်ယူအသင်းအတွက် ပထမဆုံးပွဲဦးထွကို စတင်