ယခုနှစ် ရွှေဖိနပ်ဆုအတွက် ဟာလန်းနောက်ကနေ တိတ်တိတ်လေးကပ်လိုက်လာနေတဲ့ ဖူလ်ဟမ်တိုက်စစ်မှူး

မနေ့က ဘရိုက်တန်ကို အနိုင်ရတဲ့ပွဲမှာ မီထရိုဗစ်က ဖူလ်ဟမ်အတွက် တဂိုးသွင်းပြီး ခြေစွမ်းပြခဲ့ပါ

တယ်။ အဲဒီဂိုးအပါအဝင် ဒီရာသီမှာ သူ သွင်းယူထားတာ လိဂ်ဂိုးက ၅ ဂိုးအထိ ရှိလာခဲ့ပြီး ၅ပွဲကစား

ခဲ့ရာမှာ သူက ၄ ပွဲအထိကိုဂိုးတွေသွင်းနိုင်ခဲ့တာပါ။ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ လီဗာပူးလ်နဲ့ ၂ဂိုးစီ

သရေကျခဲ့တုန်းကလည်း သူက အသင်းအတွက် ၂ ဂိုးသွင်းယူခဲ့ပါတယ်။ အဲဒီနောက်ကစားခဲ့တဲ့ ၀ုလ်ဗ်

နဲ့ပွဲမှာ သူ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဘရန်ဖို့ဒ်၊ အာဆင်နယ်၊ ဘရိုက်တန်တို့နဲ့ပွဲတွေမှာ တပွဲ ၁ ဂိုးနှုန်း

သွင်းယူပြီး ခြေစွမ်းပြခဲ့တာဖြစ်ပါတယ်။ ဖူလ်ဟမ်ရဲ့ အဓိကတိုက်စစ်မှူးအဖြစ် ရပ်တည်နေတဲ့ ဆာ

ဘီးယားသားကတော့ တရာသီထက်တရာသီကို ပိုပြီးတော့ ခြေစွမ်းပြနေကာ လက်ရွေးစင်အသင်း

အတွက်လည်း အားထားရတဲ့သူအဖြစ် ရှိနေခဲ့ပါတယ်။ ဆာဘီးယားတို့ ကမ္ဘ့ာ့ဖလားကို တိုက်ရိုက်

ခြေစစ်ပွဲအောင်မြင်ခဲ့ရာမှာလည်း မီထရိုဗစ်က အဓိကနေရာကနေ ပါဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက

ချန်ပီယံရှစ်မှာလည်း ဖူလ်ဟမ်အတွက် ၄၃ ဂိုးအထိ သွင်းယူပေးခဲ့ပြီး အသင်းတန်းပြန်တက်လာနိုင်

ဖို့အတွက် သူ့ရဲ့သွင်းဂိုးတွေက အရေးပါခဲ့ကာ ဖူလ်ဟမ်တို့ စံချိန်တင်သွင်းဂိုးတွေရခဲ့တာလည်း သူ့

ရဲ့ခြေစွမ်းပြမှုကြောင့်ဖြစ်ပါတယ်။ ဒီရာသီပရီးမီးယားလိဂ်မှာ မီထရိုဗစ်က ဟာလန်းပြီးရင် ဂိုးသွင်း

အများဆုံးကစားသမားဖြစ်နေကာ ၁ ဂိုးအကွာနဲ့ ဖိအားပေးနေပြီဖြစ်ပါတယ်။ ဟာလန်းက ၆ ဂိုးအ

ထိ သွင်းယူထားပြီး မန်စီးတီးလိုအသင်းမှာ သူ လုပ်ပြနေတာက ချီးကျူးဖို့ကောင်းတာတွေ ရှိပေမယ့်

ဖူလ်ဟမ်နဲ့အတူ ၅ ဂိုးအထိ သွင်းယူပေးထားနိုင်တဲ့ မီထရိုဗစ်က ပိုပြီးတော့ ချီးကျူးချင်စရာလည်း

ကောင်းနေခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ နာမည်ကျော်တိုက်စစ်မှူးတွေ အများအပြားရှိနေပြီး ရွှေ

ဖိနပ်ဆုအတွက်ကလည်း နှစ်တိုင်းလိုလိုအကြိတ်အနယ်ဖြစ်နေခဲ့တာပါ။ ဒီနှစ်ကတော့ ဟာလန်း၊ နူ

နက်ဇ်တို့ရောက်ရှိလာလို့ ပိုပြီးအကြိတ်အနယ်ရှိမယ်လို့ အားလုံးက ယူဆထားကြပြီး မီထရိုဗစ်က

ပါ အခုလိုခြေစွမ်းပြနေလို့ ပိုပြီးစိတ်ဝင်စားဖို့ကောင်းလာပါပြီ။

မေန႔က ဘ႐ိုက္တန္ကို အႏိုင္ရတဲ့ပြဲမွာ မီထ႐ိုဗစ္က ဖူလ္ဟမ္အတြက္ တဂိုးသြင္းၿပီး ေျခစြမ္းျပခဲ့ပါ

တယ္။ အဲဒီဂိုးအပါအဝင္ ဒီရာသီမွာ သူ သြင္းယူထားတာ လိဂ္ဂိုးက ၅ ဂိုးအထိ ရွိလာခဲ့ၿပီး ၅ပြဲကစား

ခဲ့ရာမွာ သူက ၄ ပြဲအထိကိုဂိုးေတြသြင္းႏိုင္ခဲ့တာပါ။ ပရီးမီးယားလိဂ္အဖြင့္ပြဲမွာ လီဗာပူးလ္နဲ႔ ၂ဂိုးစီ

သေရက်ခဲ့တုန္းကလည္း သူက အသင္းအတြက္ ၂ ဂိုးသြင္းယူခဲ့ပါတယ္။ အဲဒီေနာက္ကစားခဲ့တဲ့ ၀ုလ္ဗ္

နဲ႔ပြဲမွာ သူ ဂိုးမသြင္းႏိုင္ခဲ့ေပမယ့္ ဘရန္ဖို႔ဒ္၊ အာဆင္နယ္၊ ဘ႐ိုက္တန္တို႔နဲ႔ပြဲေတြမွာ တပြဲ ၁ ဂိုးႏႈန္း

သြင္းယူၿပီး ေျခစြမ္းျပခဲ့တာျဖစ္ပါတယ္။ ဖူလ္ဟမ္ရဲ႕ အဓိကတိုက္စစ္မႉးအျဖစ္ ရပ္တည္ေနတဲ့ ဆာ

ဘီးယားသားကေတာ့ တရာသီထက္တရာသီကို ပိုၿပီးေတာ့ ေျခစြမ္းျပေနကာ လက္ေ႐ြးစင္အသင္း

အတြက္လည္း အားထားရတဲ့သူအျဖစ္ ရွိေနခဲ့ပါတယ္။ ဆာဘီးယားတို႔ ကမၻ့ာ့ဖလားကို တိုက္႐ိုက္

ေျခစစ္ပြဲေအာင္ျမင္ခဲ့ရာမွာလည္း မီထ႐ိုဗစ္က အဓိကေနရာကေန ပါဝင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီက

ခ်န္ပီယံရွစ္မွာလည္း ဖူလ္ဟမ္အတြက္ ၄၃ ဂိုးအထိ သြင္းယူေပးခဲ့ၿပီး အသင္းတန္းျပန္တက္လာႏိုင္

ဖို႔အတြက္ သူ႔ရဲ႕သြင္းဂိုးေတြက အေရးပါခဲ့ကာ ဖူလ္ဟမ္တို႔ စံခ်ိန္တင္သြင္းဂိုးေတြရခဲ့တာလည္း သူ႔

ရဲ႕ေျခစြမ္းျပမႈေၾကာင့္ျဖစ္ပါတယ္။ ဒီရာသီပရီးမီးယားလိဂ္မွာ မီထ႐ိုဗစ္က ဟာလန္းၿပီးရင္ ဂိုးသြင္း

အမ်ားဆုံးကစားသမားျဖစ္ေနကာ ၁ ဂိုးအကြာနဲ႔ ဖိအားေပးေနၿပီျဖစ္ပါတယ္။ ဟာလန္းက ၆ ဂိုးအ

ထိ သြင္းယူထားၿပီး မန္စီးတီးလိုအသင္းမွာ သူ လုပ္ျပေနတာက ခ်ီးက်ဴးဖို႔ေကာင္းတာေတြ ရွိေပမယ့္

ဖူလ္ဟမ္နဲ႔အတူ ၅ ဂိုးအထိ သြင္းယူေပးထားႏိုင္တဲ့ မီထ႐ိုဗစ္က ပိုၿပီးေတာ့ ခ်ီးက်ဴးခ်င္စရာလည္း

ေကာင္းေနခဲ့ပါတယ္။ ပရီးမီးယားလိဂ္မွာ နာမည္ေက်ာ္တိုက္စစ္မႉးေတြ အမ်ားအျပားရွိေနၿပီး ေ႐ႊ

ဖိနပ္ဆုအတြက္ကလည္း ႏွစ္တိုင္းလိုလိုအႀကိတ္အနယ္ျဖစ္ေနခဲ့တာပါ။ ဒီႏွစ္ကေတာ့ ဟာလန္း၊ ႏူ

နက္ဇ္တို႔ေရာက္ရွိလာလို႔ ပိုၿပီးအႀကိတ္အနယ္ရွိမယ္လို႔ အားလုံးက ယူဆထားၾကၿပီး မီထ႐ိုဗစ္က

ပါ အခုလိုေျခစြမ္းျပေနလို႔ ပိုၿပီးစိတ္ဝင္စားဖို႔ေကာင္းလာပါၿပီ။