မှတ်တမ်းကောင်းတွေသိမ်းပိုက်တဲ့ ရော်နယ်ဒိုရဲ့ ကတိစကား

ရော်နယ်ဒိုဟာ ပေါ်တူဂီ ၅-၀ လူဇင်ဘက် ပွဲစဉ်မှာ ဟက်ထရစ် ရယူနိုင်ခဲ့ပါတယ်။

အသက် ၃၆နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်း အတွက် နောက်ဆုံး ပါဝင် ကစားပေးခဲ့တဲ့ ၅၁ပွဲမှာ သွင်းဂိုး ၅၄ဂိုး အထိ သွင်းနိုင်ခဲ့ပါတယ်။

လူဇင်ဘက်အသင်းနဲ့ ပွဲစဉ်မှာ ရော်နယ်ဒိုဟာ အကောင်းဆုံး ခြေစွမ်းတွေကို ပြသနိုင်ခဲ့ပြီး ပွဲကစားချိန် ၈မိနစ် ၊ ၁၃မိနစ်နဲ့ ၈၇မိနစ်တို့မှာ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ကာ ဟက်ထရစ် ရရှိခဲ့ပါတယ်။

လူဇင်ဘက်အသင်းနဲ့ ပွဲစဉ်မှာ ဟက်ထရစ် ရခဲ့တာကြောင့် ရော်နယ်ဒိုရဲ့ ကစားသမား ဘဝ နိုင်ငံတကာပွဲတွေမှာ ရခဲ့တဲ့ ဟက်ထရစ်ဟာ ၁၀ကြိမ် အထိ ရှိလာခဲ့ပြီး ရော်နယ်ဒိုဟာ နိုင်ငံတကာ ဟက်ထရစ် အများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။

” နောက်ထပ် နိုင်ပွဲတစ်ခု ၊ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဆီ ချဉ်းနင်းသွားတဲ့ နောက်ထပ် ခြေလှမ်း တစ်လှမ်းပါပဲ။

ကျွန်တော်တို့ရဲ့ အရောင်အသွေးတွေ စုံလင်ခဲ့တဲ့ ကွင်းထဲက နောက်ထပ် သမိုင်းဝင် ညချမ်း တစ်ခုကို ပိုင်ဆိုင်ခဲ့ရပါတယ်။

ကျွန်တော်တို့တွေ အိမ်ကွင်းမှာ ကစားခဲ့ကြရတဲ့ အချိန် ၊ ကျွန်တော်တို့တွေကို ပွဲစဉ် စတင်ချိန်မှ စပြီး ပွဲစဉ်ပြီးဆုံးသွားတဲ့ အချိန်ထိ ဂရုစိုက် ပေးတတ်ကြတဲ့ ပရိသတ်တွေရဲ့ ရှေ့မှောက် ပွဲစဉ်တွေ ကစားကြရတဲ့ အခါမှာ အရာရာတိုင်းက ပိုပြီး လွယ်ကူသွားလေ့ ရှိတတ်ပါတယ်”

” ကျွန်တော်ဟာ နောက်ထပ် ၊ နောက်ထပ် ဂိုးတွေ ၊ နိုင်ပွဲတွေကို ရှေးရှုနေတယ် ဆိုတာကို အရင်ထဲက ကတိပေးထားခဲ့ပြီးသားပါ။

အဲဒါက ကျွန်တော့်ရဲ့ DNA ထဲမှာ အမြဲတမ်း ရှိနေခဲ့တဲ့ အရာတစ်ခုပါပဲ။

ကျွန်တော်တို့တွေရဲ့ DNA ထဲမှာ တင်းတိမ်ရောင့်ရဲသွားခြင်းဆိုတာ လုံးဝ မရှိပါဘူး။

ကျွန်တော်တို့ရဲ့ ဆာလောင်မှုစိတ်တွေ ဘယ်တော့မှ လျှော့ကျသွားမှာ မဟုတ်ပါဘူး။

ကျွန်တော်တို့ အမြဲတမ်း အရှေ့ကိုပဲ ဆက်သွားကြမှာပါ ” လို့ ရော်နယ်ဒို က ကတိပေး သွားခဲ့တာပဲ ဖြစ်ပါတယ်။

zawgyi

မွတ္တမ္းေကာင္းေတြသိမ္းပိုက္တဲ့ ေရာ္နယ္ဒိုရဲ႕ ကတိစကား

ေရာ္နယ္ဒိုဟာ ေပၚတူဂီ ၅-၀ လူဇင္ဘက္ ပြဲစဥ္မွာ ဟက္ထရစ္ ရယူႏိုင္ခဲ့ပါတယ္။ အသက္ ၃၆ႏွစ္ အ႐ြယ္ ေပၚတူဂီ လက္ေ႐ြးစင္ အသင္းေခါင္းေဆာင္ ေရာ္နယ္ဒိုဟာ ေပၚတူဂီအသင္း အတြက္ ေနာက္ဆုံး ပါဝင္ ကစားေပးခဲ့တဲ့ ၅၁ပြဲမွာ သြင္းဂိုး ၅၄ဂိုး အထိ သြင္းႏိုင္ခဲ့ပါတယ္။လူဇင္ဘက္အသင္းနဲ႔ ပြဲစဥ္မွာ ​ေရာ္နယ္ဒိုဟာ အေကာင္းဆုံး ေျခစြမ္းေတြကို ျပသႏိုင္ခဲ့ၿပီး ပြဲကစားခ်ိန္ ၈မိနစ္ ၊ ၁၃မိနစ္နဲ႔ ၈၇မိနစ္တို႔မွာ သြင္းဂိုးေတြ သြင္းယူႏိုင္ခဲ့ကာ ဟက္ထရစ္ ရရွိခဲ့ပါတယ္။လူဇင္ဘက္အသင္းနဲ႔ ပြဲစဥ္မွာ ဟက္ထရစ္ ရခဲ့တာေၾကာင့္ ​ေရာ္နယ္ဒိုရဲ႕ ကစားသမား ဘဝ ႏိုင္ငံတကာပြဲေတြမွာ ရခဲ့တဲ့ ဟက္ထရစ္ဟာ ၁၀ႀကိမ္ အထိ ရွိလာခဲ့ၿပီး ​ေရာ္နယ္ဒိုဟာ ႏိုင္ငံတကာ ဟက္ထရစ္ အမ်ားဆုံး ကစားသမား အျဖစ္ မွတ္တမ္းဝင္ခဲ့ေၾကာင္းလည္း သိရပါတယ္။

” ေနာက္ထပ္ ႏိုင္ပြဲတစ္ခု ၊ ကြၽန္ေတာ္တို႔ရဲ႕ ရည္မွန္းခ်က္ဆီ ခ်ဥ္းနင္းသြားတဲ့ ေနာက္ထပ္ ေျခလွမ္း တစ္လွမ္းပါပဲ ။ ကြၽန္ေတာ္တို႔ရဲ႕ အေရာင္အေသြးေတြ စုံလင္ခဲ့တဲ့ ကြင္းထဲက ေနာက္ထပ္ သမိုင္းဝင္ ညခ်မ္း တစ္ခုကို ပိုင္ဆိုင္ခဲ့ရပါတယ္။ကြၽန္ေတာ္တို႔ေတြ အိမ္ကြင္းမွာ ကစားခဲ့ၾကရတဲ့ အခ်ိန္ ၊ ကြၽန္ေတာ္တို႔ေတြကို ပြဲစဥ္ စတင္ခ်ိန္မွ စၿပီး ပြဲစဥ္ၿပီးဆုံးသြားတဲ့ အခ်ိန္ထိ ဂ႐ုစိုက္ ေပးတတ္ၾကတဲ့ ပရိသတ္ေတြရဲ႕ ေရွ႕ေမွာက္ ပြဲစဥ္ေတြ ကစားၾကရတဲ့ အခါမွာ အရာရာတိုင္းက ပိုၿပီး လြယ္ကူသြားေလ့ ရွိတတ္ပါတယ္ ”

” ကြၽန္ေတာ္ဟာ ေနာက္ထပ္ ၊ ေနာက္ထပ္ ဂိုးေတြ ၊ ႏိုင္ပြဲေတြကို ေရွးရႈေနတယ္ ဆိုတာကို အရင္ထဲက ကတိေပးထားခဲ့ၿပီးသားပါ။ အဲဒါက ကြၽန္ေတာ့္ရဲ႕ DNA ထဲမွာ အၿမဲတမ္း ရွိေနခဲ့တဲ့ အရာတစ္ခုပါပဲ ။ကြၽန္ေတာ္တို႔ေတြရဲ႕ DNA ထဲမွာ တင္းတိမ္ေရာင့္ရဲသြားျခင္းဆိုတာ လုံးဝ မရွိပါဘူး။ ကြၽန္ေတာ္တို႔ရဲ႕ ဆာေလာင္မႈစိတ္ေတြ ဘယ္ေတာ့မွ ေလွ်ာ့က်သြားမွာ မဟုတ္ပါဘူး ။ ကြၽန္ေတာ္တို႔ အၿမဲတမ္း အေရွ႕ကိုပဲ ဆက္သြားၾကမွာပါ ” လို႔ ေရာ္နယ္ဒို က ကတိေပး သြားခဲ့တာပဲ ျဖစ္ပါတယ္။