
မန်ယူအသင်းရဲ့ အဓိက ပွဲစဉ်တိုင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ လမ်းစပျောက်နေတဲ့စီရော်နယ်ဒိုက သူ့ရဲ့
လက်ရွေးစင်အသင်းလားရာလမ်းကြောင်းကတော့မပြီးဆုံးသေးဘူးလို့ ပြတ်ပြတ်သားသား ပြောလိုက်
ပါတယ်။အသက် ၃၇ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဒီပေါ်တူဂီတိုက်စစ်မှူးဟာဒီရာသီမှာ မန်ယူနဲ့ အတူ
ပရီးမီးယားလိဂ်သွင်းဂိုး မရသေးဘဲရှရစ်ဖ်နဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာပဲ ပင်နယ်တီကနေတစ်
ဂိုးသွင်းနိုင်ခဲ့တာပါ။ ဒါပေမဲ့ နည်းပြတန်ဟက်ကတော့ အသင်းရဲ့အဓိက ဦးစားပေးတိုက်စစ်မှူးအဖြစ်
စီရော်နယ်ဒိုကို ရွေးချယ်မယ့်ပုံစံမရှိဘဲရက်ရှ်ဖို့ကိုသာ ဦးစားပေးဖို့ ဆုံးဖြတ်ထားပြီးသားပါ။ မြက်ခင်း
စိမ်းပေါ်မှာအသက် ၄၀ အရွယ်အထိ ပြေးလွှားနေနိုင်တယ်လို့ အခိုင်အမာပြောဆိုထားပြီးဖြစ်တဲ့ စီ
ရော်နယ်ဒိုဟာ ချက်၊ စပိန်တို့နဲ့ ကစားမယ့် နေးရှင်းလိဂ်ပွဲစဉ်တွေအတွက် ပေါ်တူဂီလက်ရွေးစင်အ
သင်းမှာ ပါဝင်ကစား ပေးဖို့အဆင်သင့်ဖြစ်နေပါပြီ။ ပေါ်တူဂီ အတွက် ၁၈၉ ပွဲ ကစားပေးထားပြီး
၁၁၇ ဂိုး သွင်းယူပေးနိုင်ခဲ့တာကြောင့် ပေါ်တူဂီရဲ့ ဂိုးသွင်းအများဆုံးကစားသမားဆုကို ဆွတ်ခူးရရှိ
ခဲ့ပြီဖြစ်ပါတယ်။ ဒီဆုကို လက်ခံရယူပြီးတဲ့နောက်မှာတော့ ‘’နိုင်ငံအသင်းနဲ့ အတူ ကျွန်တော့်ရဲ့
လမ်းကြောင်းက မပြီးဆုံးသေးပါဘူး။ ကျွန်တော်တို့မှာ အရည်အသွေးပြည့်တဲ့လူငယ်ကစားသမား
တွေ အမြောက်အမြားရှိပါတယ်။ ကျွန်တော်ကကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားမှာ ဖြစ်သလို ယူ
ရို ၂၀၂၄ ပြိုင်ပွဲမှာလည်းပါဝင်ကစားချင်ပါတယ်’’ လို့ စီရော်နယ်ဒိုက ဆုပေးပွဲအခမ်းအနားမှာပြော
ဆိုခဲ့ပါတယ်။ နောက်ပြီး ပေါ်တူဂီရဲ့ ထာဝရ ဂိုး သွင်းအများဆုံးကစားသမားဆုကို ရခဲ့တဲ့အတွက်
ဂုဏ်ယူရတယ်လို့ ထပ်မံ ပြောဆိုပါတယ်။‘’ဒီလို ရိုက်ခတ်အားပြင်းတဲ့ ဆုမျိုးကို ဆွတ်ခူးနိုင်ခဲ့လို့
ဂုဏ်ယူပါတယ်။တစ်နေ့မှာ ဒီလိုအောင်မြင်မှုမျိုး ရနိုင်လိမ့်မယ်လို့ မတွေးခဲ့မိဘူး။ကျွန်တော့်
ကစားသမားဘဝမှာ အရေးပါခဲ့တဲ့သူအားလုံးကိုကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ဒါက ခရီး
အရှည်ကြီးဖြစ်ခဲ့တာပါ။ကျွန်တော့်ရဲ့ ခရီး လမ်းက မပြီးဆုံးသေးဘူးလို့ ပြောချင်ပါတယ်။နောက်
ထပ်စံချိန်တွေကို အတူတကွချိုးဖျက်နိုင်ဖို့လည်း ဆက်လုပ်သွားရအောင်ပါ။ ’’ လို့ စီရော်နယ်ဒိုက
ပြောဆိုခဲ့ ပါတယ်။ယူရို ၂၀၂၄ ပြိုင်ပွဲ ကျင်းပတဲ့အချိန်ရောက်ရင် စီရော်နယ်ဒိုရဲ့အသက်ဟာ ၃၉
နှစ်အထိ ရှိနေမှာဖြစ်တာကြောင့် အသင်းနဲ့အံ့ဝင်ပါ့မလားဆိုတာ မသေချာတော့ပေမယ့်လည်း
ကာယကံရှင်ကတော့ဆရာကြီးအထာ နဲ့ အကြာကြီးနေဖို့ စိုင်းပြင်းနေပြီဖြစ်ပါတယ်။
မန္ယူအသင္းရဲ႕ အဓိက ပြဲစဥ္တိုင္းမွာ ပုံမွန္ပြဲထြက္ခြင့္ရဖို႔ လမ္းစေပ်ာက္ေနတဲ့စီေရာ္နယ္ဒိုက သူ႔ရဲ႕
လက္ေ႐ြးစင္အသင္းလားရာလမ္းေၾကာင္းကေတာ့မၿပီးဆုံးေသးဘူးလို႔ ျပတ္ျပတ္သားသား ေျပာလိုက္
ပါတယ္။အသက္ ၃၇ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့ ဒီေပၚတူဂီတိုက္စစ္မႉးဟာဒီရာသီမွာ မန္ယူနဲ႔ အတူ
ပရီးမီးယားလိဂ္သြင္းဂိုး မရေသးဘဲရွရစ္ဖ္နဲ႔ ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ ပြဲစဥ္မွာပဲ ပင္နယ္တီကေနတစ္
ဂိုးသြင္းႏိုင္ခဲ့တာပါ။ ဒါေပမဲ့ နည္းျပတန္ဟက္ကေတာ့ အသင္းရဲ႕အဓိက ဦးစားေပးတိုက္စစ္မႉးအျဖစ္
စီေရာ္နယ္ဒိုကို ေ႐ြးခ်ယ္မယ့္ပုံစံမရွိဘဲရက္ရွ္ဖို႔ကိုသာ ဦးစားေပးဖို႔ ဆုံးျဖတ္ထားၿပီးသားပါ။ ျမက္ခင္း
စိမ္းေပၚမွာအသက္ ၄၀ အ႐ြယ္အထိ ေျပးလႊားေနႏိုင္တယ္လို႔ အခိုင္အမာေျပာဆိုထားၿပီးျဖစ္တဲ့ စီ
ေရာ္နယ္ဒိုဟာ ခ်က္၊ စပိန္တို႔နဲ႔ ကစားမယ့္ ေနးရွင္းလိဂ္ပြဲစဥ္ေတြအတြက္ ေပၚတူဂီလက္ေ႐ြးစင္အ
သင္းမွာ ပါဝင္ကစား ေပးဖို႔အဆင္သင့္ျဖစ္ေနပါၿပီ။ ေပၚတူဂီ အတြက္ ၁၈၉ ပြဲ ကစားေပးထားၿပီး
၁၁၇ ဂိုး သြင္းယူေပးႏိုင္ခဲ့တာေၾကာင့္ ေပၚတူဂီရဲ႕ ဂိုးသြင္းအမ်ားဆုံးကစားသမားဆုကို ဆြတ္ခူးရရွိ
ခဲ့ၿပီျဖစ္ပါတယ္။ ဒီဆုကို လက္ခံရယူၿပီးတဲ့ေနာက္မွာေတာ့ ‘’ႏိုင္ငံအသင္းနဲ႔ အတူ ကြၽန္ေတာ့္ရဲ႕
လမ္းေၾကာင္းက မၿပီးဆုံးေသးပါဘူး။ ကြၽန္ေတာ္တို႔မွာ အရည္အေသြးျပည့္တဲ့လူငယ္ကစားသမား
ေတြ အေျမာက္အျမားရွိပါတယ္။ ကြၽန္ေတာ္ကကမာၻ႔ဖလားၿပိဳင္ပြဲမွာ ပါဝင္ကစားမွာ ျဖစ္သလို ယူ
႐ို ၂၀၂၄ ၿပိဳင္ပြဲမွာလည္းပါဝင္ကစားခ်င္ပါတယ္’’ လို႔ စီေရာ္နယ္ဒိုက ဆုေပးပြဲအခမ္းအနားမွာေျပာ
ဆိုခဲ့ပါတယ္။ ေနာက္ၿပီး ေပၚတူဂီရဲ႕ ထာဝရ ဂိုး သြင္းအမ်ားဆုံးကစားသမားဆုကို ရခဲ့တဲ့အတြက္
ဂုဏ္ယူရတယ္လို႔ ထပ္မံ ေျပာဆိုပါတယ္။‘’ဒီလို ႐ိုက္ခတ္အားျပင္းတဲ့ ဆုမ်ိဳးကို ဆြတ္ခူးႏိုင္ခဲ့လို႔
ဂုဏ္ယူပါတယ္။တစ္ေန႔မွာ ဒီလိုေအာင္ျမင္မႈမ်ိဳး ရႏိုင္လိမ့္မယ္လို႔ မေတြးခဲ့မိဘူး။ကြၽန္ေတာ့္
ကစားသမားဘဝမွာ အေရးပါခဲ့တဲ့သူအားလုံးကိုေက်းဇူးတင္ေၾကာင္း ေျပာလိုပါတယ္။ ဒါက ခရီး
အရွည္ႀကီးျဖစ္ခဲ့တာပါ။ကြၽန္ေတာ့္ရဲ႕ ခရီး လမ္းက မၿပီးဆုံးေသးဘူးလို႔ ေျပာခ်င္ပါတယ္။ေနာက္
ထပ္စံခ်ိန္ေတြကို အတူတကြခ်ိဳးဖ်က္ႏိုင္ဖို႔လည္း ဆက္လုပ္သြားရေအာင္ပါ။ ’’ လို႔ စီေရာ္နယ္ဒိုက
ေျပာဆိုခဲ့ ပါတယ္။ယူ႐ို ၂၀၂၄ ၿပိဳင္ပြဲ က်င္းပတဲ့အခ်ိန္ေရာက္ရင္ စီေရာ္နယ္ဒိုရဲ႕အသက္ဟာ ၃၉
ႏွစ္အထိ ရွိေနမွာျဖစ္တာေၾကာင့္ အသင္းနဲ႔အံ့ဝင္ပါ့မလားဆိုတာ မေသခ်ာေတာ့ေပမယ့္လည္း
ကာယကံရွင္ကေတာ့ဆရာႀကီးအထာ နဲ႔ အၾကာႀကီးေနဖို႔ စိုင္းျပင္းေနၿပီျဖစ္ပါတယ္။