မေဆင်မောင့်အတွက် ကျိန်စာသင့်ရပ်ဝန်းဖြစ်နေတဲ့ ဝင်ဘလေ

၂၀၂၁-၂၂ ရာသီ FA ဖလားဗိုလ်လုပွဲအဖြစ် လီဗာပူးလ်နဲ့ကစားတဲ့ပွဲမှာ ချယ်လ်ဆီးတို့ပယ်နယ်တီအဆုံး

အဖြတ်နဲ့ရှုံးနိမ့်ခဲ့ပြီး အသင်းရဲ့နာမည်ကျော်ကစားသမားမေဆင်မောင့်ကလည်း အရေးပါတဲ့ပယ်နယ်

တီလွဲချော်ခဲ့ပါတယ်။ဒီပွဲက မိနစ်(၁၂၀)စလုံးဂိုးမရှိသရေကျနေတာကြောင့် ပယ်နယ်တီကန်ခဲ့ရပြီးအက်ဇ်

ပီလီကွယ်တာရဲ့ကန်ချက်က တိုင်ထိထွက်ခဲ့ပေမယ့် မာနေးရဲ့ကန်သွင်းတာကိုဆီနီဂေါလက်ရွေးစင်

အသင်းဖော် ဂိုးသမားမန်ဒီကာကွယ်နိုင်တာကြောင့်ချယ်လ်ဆီးတို့ မျှော်လင့်ချက်ပြန်ရှင်သန်လာခဲ့ပါ

တယ်။ဒါပေမဲ့ (၇)ကြိမ်မြောက်ပယ်နယ်တီမှာ မေဆင်မောင့်ရဲ့ကန်ချက်ကိုလီဗာပူးလ်ဂိုးသမားအယ်

လစ်ဆင်ကာကွယ်ခဲ့ပြီး လီဗာပူးလ်အလှည့်မှာတော့ဆီမီကတ်စ်က အမှားအယွင်းမရှိသွင်းယူခဲ့တဲ့အ

တွက်လီဗာပူးလ်အသင်းက(၆-၅)ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ချယ်လ်ဆီးအသင်းဟာ FA ဖလား

သမိုင်းတစ်လျှောက် ဗိုလ်လုပွဲ(၃)ကြိမ်ဆက်တိုက်ရှုံးနိမ့်ခဲ့တဲ့ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့

ရသလိုမေဆင်မောင့်ကလည်း ဝင်ဘလေကွင်းမှာကစားခဲ့တဲ့ဗိုလ်လုပွဲ(၆)ပွဲစလုံး ရှုံးပွဲတွေနဲ့ရင်ဆိုင်ခဲ့

ရပါတယ်။မေဆင်မောင့်ဟာ ဒါဘီအသင်းမှာကစားခဲ့ချိန်က ပရီးမီးယားလိဂ်တန်းတက်ခွင့်အဆုံးအ

ဖြတ်ဖြစ်တဲ့၂၀၁၉ လိဂ်ချန်ပီယံရှစ် Play Off ဗိုလ်လုပွဲမှာ အက်စတွန်ဗီလာကို ရှုံးနိမ့်ခဲ့ပြီးချယ်လ်ဆီး

အသင်းနဲ့အတူ ၂၀၂၀၊ ၂၀၂၁ FA ဖလားဗိုလ်လုပွဲတွေမှာအာဆင်နယ်၊ လက်စတာတို့ကို ထပ်မံရှုံးနိမ့်

ခဲ့ပါတယ်။အဲဒီနောက် ယူရို-၂၀၂၀ ဗိုလ်လုပွဲ၊ ဒီရာသီ လိဂ်ဖလားနဲ့ အခု FA ဖလားဗိုလ်လုပွဲတွေမှာဆက်

တိုက်ရှုံးပွဲတွေ့ခဲ့တာကြောင့် ဝင်ဘလေကွင်းဟာ မေဆင်မောင့်အတွက်ကျိန်စာသင့်နေတဲ့ကွင်းလို့ပဲ

သတ်မှတ်ရတော့မှာဖြစ်ပါတယ်။

၂၀၂၁-၂၂ ရာသီ FA ဖလားဗိုလ္လုပြဲအျဖစ္ လီဗာပူးလ္နဲ႔ကစားတဲ့ပြဲမွာ ခ်ယ္လ္ဆီးတို႔ပယ္နယ္တီအဆုံး

အျဖတ္နဲ႔ရႈံးနိမ့္ခဲ့ၿပီး အသင္းရဲ႕နာမည္ေက်ာ္ကစားသမားေမဆင္ေမာင့္ကလည္း အေရးပါတဲ့ပယ္နယ္

တီလြဲေခ်ာ္ခဲ့ပါတယ္။ဒီပြဲက မိနစ္(၁၂၀)စလုံးဂိုးမရွိသေရက်ေနတာေၾကာင့္ ပယ္နယ္တီကန္ခဲ့ရၿပီးအက္ဇ္

ပီလီကြယ္တာရဲ႕ကန္ခ်က္က တိုင္ထိထြက္ခဲ့ေပမယ့္ မာေနးရဲ႕ကန္သြင္းတာကိုဆီနီေဂါလက္ေ႐ြးစင္

အသင္းေဖာ္ ဂိုးသမားမန္ဒီကာကြယ္ႏိုင္တာေၾကာင့္ခ်ယ္လ္ဆီးတို႔ ေမွ်ာ္လင့္ခ်က္ျပန္ရွင္သန္လာခဲ့ပါ

တယ္။ဒါေပမဲ့ (၇)ႀကိမ္ေျမာက္ပယ္နယ္တီမွာ ေမဆင္ေမာင့္ရဲ႕ကန္ခ်က္ကိုလီဗာပူးလ္ဂိုးသမားအယ္

လစ္ဆင္ကာကြယ္ခဲ့ၿပီး လီဗာပူးလ္အလွည့္မွာေတာ့ဆီမီကတ္စ္က အမွားအယြင္းမရွိသြင္းယူခဲ့တဲ့အ

တြက္လီဗာပူးလ္အသင္းက(၆-၅)ဂိုးနဲ႔အႏိုင္ရခဲ့တာျဖစ္ပါတယ္။ခ်ယ္လ္ဆီးအသင္းဟာ FA ဖလား

သမိုင္းတစ္ေလွ်ာက္ ဗိုလ္လုပြဲ(၃)ႀကိမ္ဆက္တိုက္ရႈံးနိမ့္ခဲ့တဲ့ပထမဆုံးအသင္းအျဖစ္ မွတ္တမ္းဝင္ခဲ့

ရသလိုေမဆင္ေမာင့္ကလည္း ဝင္ဘေလကြင္းမွာကစားခဲ့တဲ့ဗိုလ္လုပြဲ(၆)ပြဲစလုံး ရႈံးပြဲေတြနဲ႔ရင္ဆိုင္ခဲ့

ရပါတယ္။ေမဆင္ေမာင့္ဟာ ဒါဘီအသင္းမွာကစားခဲ့ခ်ိန္က ပရီးမီးယားလိဂ္တန္းတက္ခြင့္အဆုံးအ

ျဖတ္ျဖစ္တဲ့၂၀၁၉ လိဂ္ခ်န္ပီယံရွစ္ Play Off ဗိုလ္လုပြဲမွာ အက္စတြန္ဗီလာကို ရႈံးနိမ့္ခဲ့ၿပီးခ်ယ္လ္ဆီး

အသင္းနဲ႔အတူ ၂၀၂၀၊ ၂၀၂၁ FA ဖလားဗိုလ္လုပြဲေတြမွာအာဆင္နယ္၊ လက္စတာတို႔ကို ထပ္မံရႈံးနိမ့္

ခဲ့ပါတယ္။အဲဒီေနာက္ ယူ႐ို-၂၀၂၀ ဗိုလ္လုပြဲ၊ ဒီရာသီ လိဂ္ဖလားနဲ႔ အခု FA ဖလားဗိုလ္လုပြဲေတြမွာဆက္

တိုက္ရႈံးပြဲေတြ႕ခဲ့တာေၾကာင့္ ဝင္ဘေလကြင္းဟာ ေမဆင္ေမာင့္အတြက္က်ိန္စာသင့္ေနတဲ့ကြင္းလို႔ပဲ

သတ္မွတ္ရေတာ့မွာျဖစ္ပါတယ္။