
ဝိန်းရွန်းနီဟာချာလော့တီအက်ဖ်စီကို၃-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးဒီစီယူနိုက်တက်နည်းပြအဖြစ်ပထမဆုံး
ရှုံးပွဲကြုံတွေ့ခဲ့ပါတယ်။အသက်၃၆နှစ်ရှိမန်ချက်စတာယူနိုက်တက်ဂန္ထဝင်ဟာပြီးခဲ့တဲ့လအစော
ပိုင်းတုန်းကတစ်နှစ်လုပ်ခပေါင်၈၅၀၀၀၀ဖြင့်ဒီစီယူနိုက်တက်နည်းပြအဖြစ်ခန့်အပ်ခြင်းခံခဲ့ရပါ
တယ်။ဒါပေမဲ့သူဟာအလုပ်လုပ်ခွင့်ပါမစ်ရရှိအောင်စောင့်ဆိုင်းနေရခဲ့ရပါတယ်။သူဟာဒီစီယူနိုက်
တက်နည်းပြဘဝကိုအော်လန်ဒိုစီးတီးအားအနိုင်ယူကာလှပစွာဖွင့်လှစ်နိုင်ခဲ့ပါတယ်။ယင်းပွဲတွင်
ဝိန်းရွန်းနီရဲ့ဒီစီယူနိုက်တက်ဟာ၂-၁ဖြင့်ရှုံးနိမ့်နေခဲ့ပေမဲ့နာကျင်အချိန်ပိုဂိုးနှစ်ဂိုးကြောင့်နိုင်ပွဲရခဲ့
တာဖြစ်ပါတယ်။ဒါပေမဲ့ဝိန်းရွန်းနီးဟာချာလော့တီနှင့်ပွဲစဉ်မှာတော့ဆက်ပြီးတော့ကံမကောင်းနိုင်
တော့ပါဘူး။၎င်းတို့ဟာပထမပိုင်းတွင်စတိဗ်ဘန်ဘမ်းရဲ့OG ၊ဒုတိယပိုင်းတွင်ဆွင်ဒါစကီးနှင့်ကွင်း
မက်နေးတို့ရဲ့ဂိုးကြောင့်ချာလော့တီကို၃-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။ယင်းရှုံးပွဲကြောင့်ဝိန်းရွန်းနီရဲ့ဒီစီ
ယူနိုက်ကတ်ဟာအရှေ့ပိုင်းကွန်ဖရင့်တွင်၁၂ပွဲကစားရန်ကျန်နေသေးတဲ့အချိန်တွင်ဇယားအောက်
ဆုံးသို့ရောက်နေပါတယ်။ဝိန်းရွန်းနီရဲ့ဒီစီယူနိုက်တက်ဟာကစားသမားခေါ်ယူအားဖြည့်ရေးများပြု
လုပ်ရန်လိုအပ်နေပါတယ်။
ဝိန္း႐ြန္းနီဟာခ်ာေလာ့တီအက္ဖ္စီကို၃-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးဒီစီယူႏိုက္တက္နည္းျပအျဖစ္ပထမဆုံး
ရႈံးပြဲႀကဳံေတြ႕ခဲ့ပါတယ္။အသက္၃၆ႏွစ္ရွိမန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္ဟာၿပီးခဲ့တဲ့လအေစာ
ပိုင္းတုန္းကတစ္ႏွစ္လုပ္ခေပါင္၈၅၀၀၀၀ျဖင့္ဒီစီယူႏိုက္တက္နည္းျပအျဖစ္ခန႔္အပ္ျခင္းခံခဲ့ရပါ
တယ္။ဒါေပမဲ့သူဟာအလုပ္လုပ္ခြင့္ပါမစ္ရရွိေအာင္ေစာင့္ဆိုင္းေနရခဲ့ရပါတယ္။သူဟာဒီစီယူႏိုက္
တက္နည္းျပဘဝကိုေအာ္လန္ဒိုစီးတီးအားအႏိုင္ယူကာလွပစြာဖြင့္လွစ္ႏိုင္ခဲ့ပါတယ္။ယင္းပြဲတြင္
ဝိန္း႐ြန္းနီရဲ႕ဒီစီယူႏိုက္တက္ဟာ၂-၁ျဖင့္ရႈံးနိမ့္ေနခဲ့ေပမဲ့နာက်င္အခ်ိန္ပိုဂိုးႏွစ္ဂိုးေၾကာင့္ႏိုင္ပြဲရခဲ့
တာျဖစ္ပါတယ္။ဒါေပမဲ့ဝိန္း႐ြန္းနီးဟာခ်ာေလာ့တီႏွင့္ပြဲစဥ္မွာေတာ့ဆက္ၿပီးေတာ့ကံမေကာင္းႏိုင္
ေတာ့ပါဘူး။၎တို႔ဟာပထမပိုင္းတြင္စတိဗ္ဘန္ဘမ္းရဲ႕OG ၊ဒုတိယပိုင္းတြင္ဆြင္ဒါစကီးႏွင့္ကြင္း
မက္ေနးတို႔ရဲ႕ဂိုးေၾကာင့္ခ်ာေလာ့တီကို၃-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။ယင္းရႈံးပြဲေၾကာင့္ဝိန္း႐ြန္းနီရဲ႕ဒီစီ
ယူႏိုက္ကတ္ဟာအေရွ႕ပိုင္းကြန္ဖရင့္တြင္၁၂ပြဲကစားရန္က်န္ေနေသးတဲ့အခ်ိန္တြင္ဇယားေအာက္
ဆုံးသို႔ေရာက္ေနပါတယ္။ဝိန္း႐ြန္းနီရဲ႕ဒီစီယူႏိုက္တက္ဟာကစားသမားေခၚယူအားျဖည့္ေရးမ်ားျပဳ
လုပ္ရန္လိုအပ္ေနပါတယ္။