
မေဂျာလိဂ်ကလပ် လော့စ်အိန်ဂျယ်လိစ်ကို ပြောင်းရွှေ့သွားတဲ့ ဂါရတ်ဘေးလ်ကို
လီဗာပူးနဲ့အက်စတွန်ဗီလာတိုက်စစ်မှူးဟောင်း စတန်ကော်လီမိုးက ဝေဖန်ခဲ့ပါ
တယ်။ ဂါရတ်ဘေးလ်ဟာ အဆိုပါမေဂျာလိဂ်ကလပ်ကို တနှစ်စာချုပ်နဲ့ ပြောင်း
ရွှေ့သွားခဲ့တာဖြစ်ပြီး ပုံမှန်ရရှိနေတဲ့လုပ်ခလစာထက် ပေါင် (၂၇.၅) သန်း လျေ
ာ့နည်းခဲ့ပါတယ်။ဂါရတ်ဘေးလ်ကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်အသင်း
တွေဖြစ်တဲ့ အသင်းဟောင်း စပါး၊ အက်စတွန်ဗီလာ၊ နယူးကာဆယ်တို့က စိတ်
ဝင်စားခဲ့ပြီး ကာဒစ်ဖ်ကို ပြောင်းရွှေ့ဖို့အတွက်လည်း နီးစပ်ခဲ့ကြောင်း ကာ
ဒစ်ဖ်ပိုင်ရှင် ဗင်းဆင့်တန်က အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် လော့စ်အိန်ဂျယ်
လိစ်ရဲ့ ကမ်းလှမ်းက ဂါရတ်ဘေးလ်ကို ဆွဲဆောင်နိုင်ခဲ့ပြီး အဆိုပါဝေးလ်စ်လက်
ရွေးစင် အသင်းခေါင်းဆောင်က အမေရိကန်မြေကို ပြောင်းရွှေ့ခဲ့တာပါ။ဒီလိုမျိုး
ဂါရတ်ဘေးလ်က လွယ်ကူတဲ့မေဂျာလိဂ်ကို ပြောင်းရွှေ့သွားတယ်လို့ ကော်လီမိုး
က ဝေဖန်ခဲ့ပြီး The Mirror သတင်းစာက သူ့ရဲ့စာမျက်နှာမှာ အခုလိုပဲ ရေးသား
ဝေဖန်ခဲ့ပါတယ်။ “ဂါရတ်ဘေးလ်ကတော့ ထိုင်ပြီးစဥ်းစားမှာပဲ။ ကာဒစ်ဖ်ကို
ပြောင်းတယ်ဆိုရင် ချန်ပီယံရှစ်က အသင်းတွေအများကြီးနဲ့ ကန်ရမယ် ဒါမှ
မဟုတ် ဘရန့်ဖို့ဒ်ကိုပြောင်းရင်လည်း နိုင်ပွဲထက် ရှုံးပွဲကပိုများမယ်ဆိုပြီးတော့
ပေါ့”“လော့စ်အိန်ဂျယ်လိစ်က ရလဒ်ကောင်းနေတဲ့အသင်းပါ။ သူ့ကို ခရစ္စတယ်ပဲ
လေ့စ်၊ ဘရန့်ဖို့ဒ် ဒါမှမဟုတ် ဘရိုက်တန်ကိုလာပြီး ပရီးမီးယားလိဂ်က ဘာလဲဆို
တာကို သိစေချင်ပါတယ်။ကျနော် ပရီးမီးယားလိဂ်လို့တောင် မပြောဘူးဗျာ။ သူ
မာဆေးလ် ဒါမှမဟုတ် ဒေါ့မွန်လောက်ကို သွားနိုင်ပါတယ်။ ဒါပေမယ့် သူက
လော့စ်အိန်ဂျယ်လိစ်ကိုပဲ ရွေးသွားပါတယ်”“အဲ့ဒီမှာကသူပုံမှန်ကစားခွင့်ရမယ်
ထင်လို့လည်း ပါမှာပေါ့။ နောက်ပြီး သူ့အတွက် နေရောင်ခြည်အပြည့်၊ဂေါ့ဖ်ကွင်း
အပြည့်နဲ့ ဘဝကို လိုချင်လို့လည်းဖြစ်နိုင်ပါတယ်” လို့ ကော်လီမိုးက ရေးသားခဲ့ပါ
တယ်။ ဂါရတ်ဘေးလ်ဟာ ပရီးမီးယားလိဂ်ကလပ် စပါးကနေ ထင်ပေါ်ပြီး ရီးရဲ
လ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့တဲ့ ကစားသမားတယောက်လည်းဖြစ်ပါတယ်။
ေမဂ်ာလိဂ္ကလပ္ ေလာ့စ္အိန္ဂ်ယ္လိစ္ကို ေျပာင္းေ႐ႊ႕သြားတဲ့ ဂါရတ္ေဘးလ္ကို
လီဗာပူးနဲ႔အက္စတြန္ဗီလာတိုက္စစ္မႉးေဟာင္း စတန္ေကာ္လီမိုးက ေဝဖန္ခဲ့ပါ
တယ္။ ဂါရတ္ေဘးလ္ဟာ အဆိုပါေမဂ်ာလိဂ္ကလပ္ကို တႏွစ္စာခ်ဳပ္နဲ႔ ေျပာင္း
ေ႐ႊ႕သြားခဲ့တာျဖစ္ၿပီး ပုံမွန္ရရွိေနတဲ့လုပ္ခလစာထက္ ေပါင္ (၂၇.၅) သန္း ေလ်
ာ့နည္းခဲ့ပါတယ္။ဂါရတ္ေဘးလ္ကို ေခၚယူဖို႔အတြက္ ပရီးမီးယားလိဂ္အသင္း
ေတြျဖစ္တဲ့ အသင္းေဟာင္း စပါး၊ အက္စတြန္ဗီလာ၊ နယူးကာဆယ္တို႔က စိတ္
ဝင္စားခဲ့ၿပီး ကာဒစ္ဖ္ကို ေျပာင္းေ႐ႊ႕ဖို႔အတြက္လည္း နီးစပ္ခဲ့ေၾကာင္း ကာ
ဒစ္ဖ္ပိုင္ရွင္ ဗင္းဆင့္တန္က အတည္ျပဳခဲ့ပါတယ္။ ဒါေပမယ့္ ေလာ့စ္အိန္ဂ်ယ္
လိစ္ရဲ႕ ကမ္းလွမ္းက ဂါရတ္ေဘးလ္ကို ဆြဲေဆာင္ႏိုင္ခဲ့ၿပီး အဆိုပါေဝးလ္စ္လက္
ေ႐ြးစင္ အသင္းေခါင္းေဆာင္က အေမရိကန္ေျမကို ေျပာင္းေ႐ႊ႕ခဲ့တာပါ။ဒီလိုမ်ိဳး
ဂါရတ္ေဘးလ္က လြယ္ကူတဲ့ေမဂ်ာလိဂ္ကို ေျပာင္းေ႐ႊ႕သြားတယ္လို႔ ေကာ္လီမိုး
က ေဝဖန္ခဲ့ၿပီး The Mirror သတင္းစာက သူ႔ရဲ႕စာမ်က္ႏွာမွာ အခုလိုပဲ ေရးသား
ေဝဖန္ခဲ့ပါတယ္။ “ဂါရတ္ေဘးလ္ကေတာ့ ထိုင္ၿပီးစဥ္းစားမွာပဲ။ ကာဒစ္ဖ္ကို
ေျပာင္းတယ္ဆိုရင္ ခ်န္ပီယံရွစ္က အသင္းေတြအမ်ားႀကီးနဲ႔ ကန္ရမယ္ ဒါမွ
မဟုတ္ ဘရန္႔ဖို႔ဒ္ကိုေျပာင္းရင္လည္း ႏိုင္ပြဲထက္ ရႈံးပြဲကပိုမ်ားမယ္ဆိုၿပီးေတာ့
ေပါ့”“ေလာ့စ္အိန္ဂ်ယ္လိစ္က ရလဒ္ေကာင္းေနတဲ့အသင္းပါ။ သူ႔ကို ခရစၥတယ္ပဲ
ေလ့စ္၊ ဘရန္႔ဖို႔ဒ္ ဒါမွမဟုတ္ ဘ႐ိုက္တန္ကိုလာၿပီး ပရီးမီးယားလိဂ္က ဘာလဲဆို
တာကို သိေစခ်င္ပါတယ္။က်ေနာ္ ပရီးမီးယားလိဂ္လို႔ေတာင္ မေျပာဘူးဗ်ာ။ သူ
မာေဆးလ္ ဒါမွမဟုတ္ ေဒါ့မြန္ေလာက္ကို သြားႏိုင္ပါတယ္။ ဒါေပမယ့္ သူက
ေလာ့စ္အိန္ဂ်ယ္လိစ္ကိုပဲ ေ႐ြးသြားပါတယ္”“အဲ့ဒီမွာကသူပုံမွန္ကစားခြင့္ရမယ္
ထင္လို႔လည္း ပါမွာေပါ့။ ေနာက္ၿပီး သူ႔အတြက္ ေနေရာင္ျခည္အျပည့္၊ေဂါ့ဖ္ကြင္း
အျပည့္နဲ႔ ဘဝကို လိုခ်င္လို႔လည္းျဖစ္ႏိုင္ပါတယ္” လို႔ ေကာ္လီမိုးက ေရးသားခဲ့ပါ
တယ္။ ဂါရတ္ေဘးလ္ဟာ ပရီးမီးယားလိဂ္ကလပ္ စပါးကေန ထင္ေပၚၿပီး ရီးရဲ
လ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕ခဲ့တဲ့ ကစားသမားတေယာက္လည္းျဖစ္ပါတယ္။