မိုနာကိုသို့ပေါင်၁၅.၅သန်းဖြင့်ရောင်းချရန်သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်တဲ့ လီဗာပူးတိုက်စစ်မှူး

လီဗာပူးဟာတာကူမီမီနာမီနိုကိုမိုနာကိုသို့ပေါင်၁၅.၅သန်းဖြင့်ရောင်းချရန်သဘောတူညီမှု

ရရှိသွားခဲ့ပြီဖြစ်ပါတယ်။လီဗာပူးဟာ၂၀၂၀ခုနှစ်၊ဇန်နဝါရီလတုန်းကရက်ဘူးလ်ဆဲလ်ဘတ်

မှမီနာမီနိုကိုပေါင်၇.၅သန်းဖြင့်ခေါ်ယူခဲ့တာဖြစ်ပြီးအမြတ်များစွာဖြင့်မိုနာကိုသို့ရောင်းချလာ

နိုင်ပြီဖြစ်ပါတယ်။မိုနာကိုနှင့်လီဗာပူးတို့အကြားသဘောတူညီမှုရရှိသွားပြီဖြစ်တဲ့အပြင် မီ

နာမီနိုမှာလည်းပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရရှိထားပြီးဖြစ်တာကြောင့်ဆေးစစ်ဆေးမှု

သာပြုလုပ်ရန်ကျန်ပါတော့တယ်။မိုနာကိုဟာမီနာမီနိုအတွက်ပေါင်၁၃သန်းပေးရမှာဖြစ်ပြီး

ကျန်၂.၅သန်းကို စွမ်းဆောင်ရည်အပေါ်မူတည်ပြီးပေးရပါမယ်။အသက်၂၇နှစ်ရှိမီနာမီနိုဟာ

လီဗာပူးတွင်ကစားစဉ်အတွင်းအကန့်အသတ်ဖြင့်သာကစားခဲ့ရသူဖြစ်ပြီး၅၅ပွဲသာကစားခဲ့ရ

ကာ၁၄ဂိုးသွင်းနိုင်ခဲ့ပါတယ်။သူဟာပြီးခဲ့တဲ့ရာသီတုန်းကပရီးမီးယားလိဂ်ပွဲ၁၁ပွဲတည်းသာ

ကစားခဲ့ရပေမဲ့အက်ဖ်အေဖလားနှင့်ခါရာဘောင်ဖလားရရှိအောင်၇ဂိုးသွင်းယူပြီးအဓိကနေ

ရာမှကူညီခဲ့ပါတယ်။

လီဗာပူးဟာတာကူမီမီနာမီႏိုကိုမိုနာကိုသို႔ေပါင္၁၅.၅သန္းျဖင့္ေရာင္းခ်ရန္သေဘာတူညီမႈ

ရရွိသြားခဲ့ၿပီျဖစ္ပါတယ္။လီဗာပူးဟာ၂၀၂၀ခုႏွစ္၊ဇန္နဝါရီလတုန္းကရက္ဘူးလ္ဆဲလ္ဘတ္

မွမီနာမီႏိုကိုေပါင္၇.၅သန္းျဖင့္ေခၚယူခဲ့တာျဖစ္ၿပီးအျမတ္မ်ားစြာျဖင့္မိုနာကိုသို႔ေရာင္းခ်လာ

ႏိုင္ၿပီျဖစ္ပါတယ္။မိုနာကိုႏွင့္လီဗာပူးတို႔အၾကားသေဘာတူညီမႈရရွိသြားၿပီျဖစ္တဲ့အျပင္ မီ

နာမီႏိုမွာလည္းပုဂၢိဳလ္ေရးဆိုင္ရာသေဘာတူညီမႈရရွိထားၿပီးျဖစ္တာေၾကာင့္ေဆးစစ္ေဆးမႈ

သာျပဳလုပ္ရန္က်န္ပါေတာ့တယ္။မိုနာကိုဟာမီနာမီႏိုအတြက္ေပါင္၁၃သန္းေပးရမွာျဖစ္ၿပီး

က်န္၂.၅သန္းကို စြမ္းေဆာင္ရည္အေပၚမူတည္ၿပီးေပးရပါမယ္။အသက္၂၇ႏွစ္ရွိမီနာမီႏိုဟာ

လီဗာပူးတြင္ကစားစဥ္အတြင္းအကန႔္အသတ္ျဖင့္သာကစားခဲ့ရသူျဖစ္ၿပီး၅၅ပြဲသာကစားခဲ့ရ

ကာ၁၄ဂိုးသြင္းႏိုင္ခဲ့ပါတယ္။သူဟာၿပီးခဲ့တဲ့ရာသီတုန္းကပရီးမီးယားလိဂ္ပြဲ၁၁ပြဲတည္းသာ

ကစားခဲ့ရေပမဲ့အက္ဖ္ေအဖလားႏွင့္ခါရာေဘာင္ဖလားရရွိေအာင္၇ဂိုးသြင္းယူၿပီးအဓိကေန

ရာမွကူညီခဲ့ပါတယ္။