မိုက်ကယ်အိုဝင်ရဲ့ ချန်ပီယံလိဂ် ခန့်မှန်းချက်က ယူနိုက်တက်ပရိသတ်တွေအတွက်တော့ ရင်မောစရာဖြစ်နေမလား…

မိုက်ကယ်အိုဝင်ရဲ့ခန့်မှန်းချက်တွေနဲ့ အသားကျနေကြသူတွေအတွက်တော့ သူ့ရဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်လာပြီဆိုရင် ဘယ်လို ဖြစ်လာနိုင်တယ်ဆိုတာ တွက်ဆနိုင်နေကြပါပြီ။

အခုတစ်ခါမှာလည်း ကြားရက် ချန်ပီယံလိဂ်ပွဲစဉ်တွေအတွက် ခန့်မှန်းပေးမှုတွေလည်း ထွက်ပေါ်လာခဲ့ပါပြီ။

ပီအက်ဂျီ နဲ့ မန်စီးတီးပွဲကို (၁-၁) သရေကျမယ်လို့ခန့်မှန်းခဲ့သလို လီဗာပူးလ်ကလည်း ပေါ်တိုအသင်းကို (၂-ဝ)နဲ့ အနိုင်ရမယ်လို့ ခန့်မှန်းထားခဲ့ပါတယ်။

ဒီပွဲစဉ်တွေကတော့ ဗုဒ္ဓဟူး နေ့နံနက်မှာ ကစားကြမှာပါ။

ကြာသပတေးနေ့ နံနက် (၁း၃၀)မှာ ကစားကြမယ့် ယူနိုက်တက် နဲ့ ဗီလာရီးရဲလ်ပွဲကိုလည်း မိုက်ကယ်အိုဝင်က ယူနိုက်တက်အနိုင်ရမယ် လို့

ခန့်မှန်းပေးထားတာကြောင့် ပြောင်းပြန်ရလဒ်တွေထွက်နေတဲ့ သူ့ရဲ့ခန့်မှန်းချက်ဟာ ယူနိုက်တက်ပရိသတ်တွေအတွက် ရင်မောစရာဖြစ်နေမှာ သေချာပါတယ်။

ယူနိုက်တက် vs ဗီလာရီးရဲယ်

စိတ်ပျက်စရာ ရလဒ်ဆိုးတွေ ဆက်တိုက် ကြုံခဲ့ရတဲ့ ယူနိုက်တက်အတွက် ဒီပွဲဟာ မဖြစ်မနေ အနိုင်ယူရမယ့် ပွဲစဉ်ပါပဲ။

အဖွင့် ပွဲစဉ်မှာ ယန်းဘွိုင်းကို ရှုံးနိမ့်ခဲ့ခြင်းဟာ တကယ့်ကို အံ့အားသင့်စရာ ဖြစ်ခဲ့သလို ဆိုးရှား အနေနဲ့ ဒီလို ရလဒ်မျိုးကို ဆက်မကြုံရအောင် ရှောင်ရှားဖို့လိုအပ်ပါလိမ့်မယ်။

ရော်နယ်ဒိုကို ခေါ်ယူလိုက်နိုင်တာက ကလပ်အသင်းအတွက် စိတ်အားတက်စေခဲ့ပေမယ့် အသင်းက ရှုံးပွဲတွေနဲ့ ရလဒ်ဆိုးတွေ ကြုံတွေ့ခဲ့ရပြီးနောက်မှာ ဆိုးရှားဆီကို ဖိအားတွေစတင် ဝင်ရောက်လာ ပါပြီ။

ဗီလာရီးရဲယ်ဟာ စုဖွဲ့မှုကောင်းတဲ့ အသင်းကောင်းတစ်သင်း ဖြစ်ပေမယ့် ဒီရာသီ လာလီဂါမှာ ထူးဆန်းတဲ့ ရလဒ်တွေ စရနေပြီး အဖွင့်ပွဲ ၆ ပွဲမှာ ၅ ပွဲထိ သရေကျထားပါတယ်။

အူနိုင်းအမ်မရီဟာ ဥရောပပြိုင်ပွဲ တွေအတွက် အတွေ့အကြုံ ရင့်တဲ့ နည်းပြ တစ်ဦး ဖြစ်ပေမယ့်

ဒီတစ်ကြိမ်မှာတော့ ယူနိုက်တက်ဟာ သူတို့အတွက်တော့ အရမ်းကိုအင်အားကောင်းလွန်နေတယ်လို့ ကျွန်တော် ယူဆထားပါတယ်။

ခန့်မှန်းချက် – မန်ယူနိုက်တက် ၂-၀ ဗီလာရီးရဲယ်

ဂျူဗင်တပ် vs ချယ်လ်ဆီး

နောက်ထပ် ပရီမီးယားလိဂ်အသင်းတစ်သင်းဖြစ်တဲ့ ချယ်လ်ဆီးနဲ့ ဂျူဗင်တပ် ပွဲစဉ်မှာလည်း

ချယ်လ်ဆီးဟာ ချန်ပီယံလိဂ် ဖလားကို ကာကွယ်နိုင်မယ့် အခွင့်အရေးကောင်းတွေ ရှိနေတယ်လို့ ယူဆနေပြီး

တူချယ်ရဲ့ ချယ်လ်ဆီး ဟာ ဂျူဗင်တပ် အသင်းအခြေစိုက်တဲ့ တူရင်မြို့ ကနေ အနိုင်ရလဒ်နဲ့ ပြန်လာနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ခန့်မှန်းချက် – ဂျူဗင်တပ် ဝ-၁ ချယ်လ်ဆီး

zawgyi

မိုက္ကယ္အိုဝင္ရဲ႕ ခ်န္ပီယံလိဂ္ ခန္႕မွန္းခ်က္က ယူႏိုက္တက္ပရိသတ္ေတြအတြက္ေတာ့ ရင္ေမာစရာျဖစ္ေနမလား…

မိုက္ကယ္အိုဝင္ရဲ႕ခန႔္မွန္းခ်က္ေတြနဲ႔ အသားက်ေနၾကသူေတြအတြက္ေတာ့ သူ႔ရဲ႕ ခန႔္မွန္းခ်က္ေတြ ထြက္ေပၚလာၿပီဆိုရင္ ဘယ္လို ျဖစ္လာႏိုင္တယ္ဆိုတာ တြက္ဆႏိုင္ေနၾကပါၿပီ။ အခုတစ္ခါမွာလည္း ၾကားရက္ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြအတြက္ ခန႔္မွန္းေပးမႈေတြလည္း ထြက္ေပၚလာခဲ့ပါၿပီ။ ပီအက္ဂ်ီ နဲ႔ မန္စီးတီးပြဲကို (၁-၁) သေရက်မယ္လို႔ခန႔္မွန္းခဲ့သလို လီဗာပူးလ္ကလည္း ေပၚတိုအသင္းကို (၂-ဝ)နဲ႔ အႏိုင္ရမယ္လို႔ ခန႔္မွန္းထားခဲ့ပါတယ္။ ဒီပြဲစဥ္ေတြကေတာ့ ဗုဒၶဟူး ေန႔နံနက္မွာ ကစားၾကမွပါ။

ၾကာသပေတးေန႔ နံနက္ (၁း၃၀)မွာ ကစားၾကမယ့္ ယူႏိုက္တက္ နဲ႔ ဗီလာရီးရဲလ္ပြဲကိုလည္း မိုက္ကယ္အိုဝင္က ယူႏိုက္တက္အႏိုင္ရမယ္ လို႔ ခန႔္မွန္းေပးထားတာေၾကာင့္ ေျပာင္းျပန္ရလဒ္ေတြထြက္ေနတဲ့ သူ႔ရဲ႕ခန႔္မွန္းခ်က္ဟာ ယူႏိုက္တက္ပရိသတ္ေတြအတြက္ ရင္ေမာစရာျဖစ္ေနမွာ ေသခ်ာပါတယ္။

ယူႏိုက္တက္ vs ဗီလာရီးရဲယ္

စိတ္ပ်က္စရာ ရလဒ္ဆိုးေတြ ဆက္တိုက္ ႀကဳံခဲ့ရတဲ့ ယူႏိုက္တက္အတြက္ ဒီပြဲဟာ မျဖစ္မေန အႏိုင္ယူရမယ့္ ပြဲစဥ္ပါပဲ။ အဖြင့္ ပြဲစဥ္မွာ ယန္းဘြိဳင္းကို ရႈံးနိမ့္ခဲ့ျခင္းဟာ တကယ့္ကို အံ့အားသင့္စရာ ျဖစ္ခဲ့သလို ဆိုးရွား အေနနဲ႔ ဒီလို ရလဒ္မ်ိဳးကို ဆက္မႀကဳံရေအာင္ ေရွာင္ရွားဖို႔လိုအပ္ပါလိမ့္မယ္။ ေရာ္နယ္ဒိုကို ေခၚယူလိုက္ႏိုင္တာက ကလပ္အသင္းအတြက္ စိတ္အားတက္ေစခဲ့ေပမယ့္ အသင္းက ရႈံးပြဲေတြနဲ႔ ရလဒ္ဆိုးေတြ ႀကဳံေတြ႕ခဲ့ရၿပီးေနာက္မွာ ဆိုးရွားဆီကို ဖိအားေတြစတင္ ဝင္ေရာက္လာ ပါၿပီ။

ဗီလာရီးရဲယ္ဟာ စုဖြဲ႕မႈေကာင္းတဲ့ အသင္းေကာင္းတစ္သင္း ျဖစ္ေပမယ့္ ဒီရာသီ လာလီဂါမွာ ထူးဆန္းတဲ့ ရလဒ္ေတြ စရေနၿပီး အဖြင့္ပြဲ ၆ ပြဲမွာ ၅ ပြဲထိ သေရက်ထားပါတယ္။ အူႏိုင္းအမ္မရီဟာ ဥေရာပၿပိဳင္ပြဲ ေတြအတြက္ အေတြ႕အႀကဳံ ရင့္တဲ့ နည္းျပ တစ္ဦး ျဖစ္ေပမယ့္ ဒီတစ္ႀကိမ္မွာေတာ့ ယူႏိုက္တက္ဟာ သူတို႔အတြက္ေတာ့ အရမ္းကိုအင္အားေကာင္းလြန္ေနတယ္လို႔ ကြၽန္ေတာ္ ယူဆထားပါတယ္။

ခန႔္မွန္းခ်က္ – မန္ယူႏိုက္တက္ ၂-၀ ဗီလာရီးရဲယ္

ဂ်ဴဗင္တပ္ vs ခ်ယ္လ္ဆီ

ေနာက္ထပ္ ပရီမီးယားလိဂ္အသင္းတစ္သင္းျဖစ္တဲ့ ခ်ယ္လ္ဆီးနဲ႕ ဂ်ဴဗင္တပ္ ပြဲစဥ္မွာလည္း ခ်ယ္လ္ဆီးဟာ ခ်န္ပီယံလိဂ္ ဖလားကို ကာကြယ္ႏိုင္မယ့္ အခြင့္အေရးေကာင္းေတြ ရွိေနတယ္လို႔ ယူဆေနၿပီး တူခ်ယ္ရဲ႕ ခ်ယ္လ္ဆီး ဟာ ဂ်ဴဗင္တပ္ အသင္းအေျခစိုက္တဲ့ တူရင္ျမိဳ႕ ကေန အႏိုင္ရလဒ္နဲ႔ ျပန္လာႏိုင္လိမ့္မယ္လို႔ ခန္႕မွန္းထားပါတယ္။

ခန႔္မွန္းခ်က္ – ဂ်ဴဗင္တပ္ ဝ-၁ ခ်ယ္လ္ဆီ