မိမိရဲ့ ပုံမှန်ခြေစွမ်းအောက်ရောက်နေတာကြာပြီဖြစ်ကြောင်း ဝန်ခံစကားဆိုလာတဲ့ လုခ်ရှော

မန်ယူအသင်းရဲ့ နောက်ခံလူ လုခ်ရှောဟာ ရာသီအစမှာ ခြေစွမ်းကောင်းတွေ

ပြသနိုင်ခဲ့ပေမယ့် နောက်ဆုံးကစားထားတဲ့ပွဲစဥ်အချို့မှာ ပုံမှန် ခြေစွမ်းအောက်

ရောက်နေခဲ့ရပါတယ်။ ပြီးခဲ့တဲ့တစ်ရာသီလုံး ခြေစွမ်းကောင်းပြသခဲ့လို့

အင်္ဂလန်အသင်းမှာ ပြန်လည်ရွေးချယ်ခံခဲ့ရတဲ့ ရှောဟာ နိုင်ငံအသင်းနဲ့ အတူ

ယူရို (၂၀၂၀) ပြိုင်ပွဲမှာပါ အကောင်းဆုံး တောက်ပနိုင်ခဲ့တာပါ။

အဆိုပါ ခြေစွမ်းကောင်းတွေကို အခု ဘောလုံးရာသီ အစအထိ သယ်ဆောင်လာ

နိုင်ခဲ့ပေမယ့် နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ် ပွဲစဥ်တွေမှာတော့

ရှောဟာ ပုံစံကောင်း ပြသထားနိုင်ခြင်းမရှိခဲ့ပါဘူး။

လီဗာပူးလ်ကို (၅) ဂိုးပြတ် ရှုံးနိမ့်ပြီးတဲ့နောက်မှာ ရှောဟာ ၎င်းရဲ့ ခြေစွမ်းနဲ့

ပတ်သက်ပြီး အခုလိုပြောဆိုသွားခဲ့ပါတယ်။

” ကျွန်တော် ဒီပွဲမှာ အကောင်းဆုံး မလုပ်နိုင်ခဲ့ဘူး။ ကျွန်တော် ကိုယ့်ကိုကိုယ်လည်း

သိတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်လောက်ကတည်းက စပြီး

ကျွန်တော် ပုံမှန်ခြေစွမ်းအောက်ကိုရောက်နေတယ်။ ဒါက ကောင်းတဲ့ အရာတော့ မဟုတ်ဘူး။

ဘာတွေမှားနေလဲဆိုတာကိုယ့်ကိုယ်ကိုယ် ပြန်မေးခွန်းထုတ်ပြီး ဒါကို အကောင်းဆုံး

အမြန်ဆုံးဖြေရှင်းနိုင်ဖို့ လိုနေပြီ။ လာမယ့် ပွဲစဥ်တွေမှာတော့ ပုံမှန်ခြေစွမ်းရအောင်

ကျွန်တော်အကောင်းဆုံး ကြိုးစားမယ်” လို့ လုခ်ရှောကဆိုပါတယ်။

လုခ်ရှောဟာ ပြီးခဲ့တဲ့ ယူရို (၂၀၂၀) ပြိုင်ပွဲမှာ အင်္ဂလန်အသင်းနဲ့ အတူ ပြသခဲ့တဲ့

ခြေစွမ်းကြောင်း ကမ္ဘာကျော် ဘရာဇီးနောက်ခံလူဟောင်း ရော်ဘတ်တို

ကားလို့စ် နဲ့ ခိုင်းနှိုင်းတင်စားခံခဲ့ရတဲ့အထိဖြစ်ခဲ့တာပါ။

ဒါပေမယ့် လီဗာပူးလ်ကို (၅) ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာတော့ ရှော နဲ့ မက်ဂွိုင်းယားတို့ ရဲ့

နားလည်မှုမတည်ဆောက်နိုင်တဲ့အနေအထားတွေကနေ ပြိုင်ဘက်တိုက်စစ်မှုး

ဆာလာကို ကောင်းကောင်း မထိန်းကျောင်းနိုင်ခဲ့ဘဲ ဂိုးတွေ ခွင့်ပြုပေးခဲ့ရတာလည်းဖြစ်ပါတယ်။

zawgyi

မန္ယူအသင္းရဲ႕ ေနာက္ခံလူ လုခ္ေရွာဟာ ရာသီအစမွာ ေျခစြမ္းေကာင္းေတြ

ျပသႏိုင္ခဲ့ေပမယ့္ ေနာက္ဆုံးကစားထားတဲ့ပြဲစဥ္အခ်ိဳ႕မွာ ပုံမွန္ ေျခစြမ္းေအာက္

ေရာက္ေနခဲ့ရပါတယ္။ ၿပီးခဲ့တဲ့တစ္ရာသီလုံး ေျခစြမ္းေကာင္းျပသခဲ့လို႔

အဂၤလန္အသင္းမွာ ျပန္လည္ေ႐ြးခ်ယ္ခံခဲ့ရတဲ့ ေရွာဟာ ႏိုင္ငံအသင္းနဲ႔ အတူ

ယူ႐ို (၂၀၂၀) ၿပိဳင္ပြဲမွာပါ အေကာင္းဆုံး ေတာက္ပႏိုင္ခဲ့တာပါ။

အဆိုပါ ေျခစြမ္းေကာင္းေတြကို အခု ေဘာလုံးရာသီ အစအထိ သယ္ေဆာင္လာ

ႏိုင္ခဲ့ေပမယ့္ ေနာက္ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္ေတြမွာေတာ့

ေရွာဟာ ပုံစံေကာင္း ျပသထားႏိုင္ျခင္းမရွိခဲ့ပါဘူး။

လီဗာပူးလ္ကို (၅) ဂိုးျပတ္ ရႈံးနိမ့္ၿပီးတဲ့ေနာက္မွာ ေရွာဟာ ၎ရဲ႕ ေျခစြမ္းနဲ႔

ပတ္သက္ၿပီး အခုလိုေျပာဆိုသြားခဲ့ပါတယ္။

” ကြၽန္ေတာ္ ဒီပြဲမွာ အေကာင္းဆုံး မလုပ္ႏိုင္ခဲ့ဘူး။ ကြၽန္ေတာ္ ကိုယ့္ကိုကိုယ္လည္း

သိတယ္။ လြန္ခဲ့တဲ့ ရက္သတၱပတ္အနည္းငယ္ေလာက္ကတည္းက စၿပီး

ကြၽန္ေတာ္ ပုံမွန္ေျခစြမ္းကိုေရာက္ေနတယ္။ ဒါက ေကာင္းတဲ့ အရာေတာ့ မဟုတ္ဘူး။

ဘာေတြမွားေနလဲဆိုတာကိုယ့္ကိုယ္ကိုယ္ ျပန္ေမးခြန္းထုတ္ၿပီး ဒါကို အေကာင္းဆုံး

အျမန္ဆုံးေျဖရွင္းႏိုင္ဖို႔ လိုေနၿပီ။ လာမယ့္ ပြဲစဥ္ေတြမွာေတာ့ ပုံမွန္ေျခစြမ္းရေအာင္

ကြၽန္ေတာ္အေကာင္းဆုံး ႀကိဳးစားမယ္” လို႔ လုခ္ေရွာကဆိုပါတယ္။

လုခ္ေရွာဟာ ၿပီးခဲ့တဲ့ ယူ႐ို (၂၀၂၀) ၿပိဳင္ပြဲမွာ အဂၤလန္အသင္းနဲ႔ အတူ ျပသခဲ့တဲ့

ေျခစြမ္းေၾကာင္း ကမာၻေက်ာ္ ဘရာဇီးေနာက္ခံလူေဟာင္း ေရာ္ဘတ္တို

ကားလို႔စ္ နဲ႔ ခိုင္းႏႈိင္းတင္စားခံခဲ့ရတဲ့အထိျဖစ္ခဲ့တာပါ။

ဒါေပမယ့္ လီဗာပူးလ္ကို (၅) ဂိုးျပတ္ ရႈံးနိမ့္ခဲ့တဲ့ ပြဲမွာေတာ့ ေရွာ နဲ႔ မက္ဂြိဳင္းယားတို႔ ရဲ႕

နားလည္မႈမတည္ေဆာက္ႏိုင္တဲ့အေနအထားေတြကေန ၿပိဳင္ဘက္တိုက္စစ္မႈး

ဆာလာကို ေကာင္းေကာင္း မထိန္းေက်ာင္းႏိုင္ခဲ့ဘဲ ဂိုးေတြ ခြင့္ျပဳေပးခဲ့ရတာလည္းျဖစ္ပါတယ္။mdiarymm

mdiarymm

munitedfannewss