မန်ချက်စတာယူနိုက်တက်အသင်းဟာ ဖီယင်နုအသင်းရဲ့ ခံစစ်ကစားသမားဖြစ်သူ တိုင်ရဲလ်
မာလီစယာကို အပြီးသတ်ခေါ်ယူနိုင်ပြီးတာနဲ့ တပြိုင်နက် အာဆင်နယ်အသင်းရဲ့ ပစ်မှတ်က
စားသမားဖြစ်သူ လီစန်းဒရို မာတီးနက်ဇ်ကို ခေါ်ယူနိုင်ဖို့ရာ ကြိုးပမ်းသွားမာဖြစ်ပါတယ်။ ယူ
နိုက်တက်အသင်းဟာ တနင်္လာနေ့ညပိုင်းမှာ မာလစီယာအတွက်ပြောင်းရွှေ့ကြေးအဖြစ် ပေါင်
၁၃ သန်း + အပိုဆုကြေး ပေါင် ၁.၇ သန်းနဲ့ ကမ်းလှမ်းလိုက်ပြီးနောက် နွေရာသီရဲ့ ပထမဆုံး
ကစားသမားခေါ်ယူမှုကို လုပ်နိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ ဖီယင်နုအသင်းရဲ့ အားကစားဒါရိုက်
တာဖြစ်သူ ဖရန့် အာနက်ဆန်က “ ယူနိုက်တက်အသင်းနဲ့ သဘောတူညီမှု ရရှိထားပါပြီ။ ကျွန်
တော်တို့အခု တိုင်ရဲလ်ဆီက အဖြေကို ”“ စောင့်နေကြပါတယ်။ အကယ်၍ သူကသာ ရက်စ်
လို့ပြောရင် မန်ယူအသင်းနဲ့ အပြောင်းအရွှေ့က ချက်ချင်းဖြစ်နိုင်ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။
ဘယ်ခြမ်းခံစစ်ကစားသမားဖြစ်သူ မာလီစယာဟာ လိုင်ယွန်အသင်းရဲ့ ကမ်းလှမ်းခြင်းကို ခံခဲ့
ရသေးပေမယ့်လည်း၊ သူ့အနေနဲ့ ယူနိုက်တက်အသင်းအတွက် လက်မှတ်ထိုးသွားမာဖြစ်ကြောင်
း အသင်းကိုအသိပေးခဲ့တယ်လို့ L’Equipe သတင်းက ဖော်ပြပါတယ်။ ထိုအပြောင်းအရွှေ့
ကို အပြီးသတ်ပြီးတာနဲ့ မန်ယူအသင်းဟာ အေဂျက်ခံစစ်ကစားသမားဖြစ်သူ မာတီးနက်ဇ်ကို
စိတ်ဝင်စားနေတဲ့အဆင့်ကနေ တစ်ဆင့်တိုးမြှင့်သွားမာဖြစ်ကြောင်း The Times သတင်းဌာ
နက ဆိုလာပါတယ်။ အာဆင်နယ်အသင်းဟာလည်း အာဂျင်တီးနားလက်ရွေးစင်အတွက်
ပေါင် ၃၄ သန်းနဲ့ ကမ်းလှမ်းမှုပြုလုပ်ထားပြီးဖြစ်ပေမယ့်၊ အေဂျက်အသင်းဟာ ပေါင် ၄၅ သန်း
လောက်အထိ အလိုရှိနေတာ ဖြစ်ပါတယ်။ မန်ယူနည်းပြသစ် တန်ဟန့်ဟာ သူ့ရဲ့ အသင်း
ဟောင်းက ကစားသမားကို ခေါ်ယူချင်နေတာကြောင့် အခြေအနေကို အမြဲတမ်းအကြောင်း
းကြားဖို့ အေဂျက်အသင်းကို ယူနိုက်တက်အသင်းက တောင်းဆိုထားပါတယ်။