
မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာအန်တိုနီမာရှယ်နှင့်ဂျာဒွန်ဆန်ချိုတို့မှာ
ဘရိုက်တန်နှင့်ပွဲစဉ်ကိုလွဲချော်မည်ဖြစ်တာကြောင့်အသင်းပြောင်းလိုနေတဲ့ခရစ္စတီယာနိုရော်
နယ်ဒိုကိုအရဲစွန့်အသုံးပြုလာရဖို့ရှိနေပါတယ်။ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာရာသီ
ကြိုခြေစမ်းပွဲများတွင်အဓိကတိုက်စစ်သမားများအဖြစ်အသုံးပြုလာခဲ့တဲ့မာရှယ်၊ရက်ဖို့ဒ်နှင့်ဆန်
ချိုအတွဲကိုဘရိုက်တန်နှင့်ပရီးမီးယားလိဂ်အဖွင့်ပွဲတွင်အသုံးပြုရန်စီစဉ်ထားပါတယ်။ဒါပေမဲ့မာ
ရှယ်မှာစနေနေ့တုန်းကအက်သလက်တီကိုရှုံးနိမ့်တဲ့ရာသီကြိုခြေစမ်းပွဲတွင်အသေးစားတံ
ကောက်ကြောဒဏ်ရာရရှိခဲ့သလိုဆန်ချိုမှာလည်းဖျားနာနေမှုကြောင့်တနင်္ဂနွေနေ့ဘရိုက်တန်ပွဲ
မှာပါဝင်လာကြမှာ မဟုတ်ပါဘူး။ဒါကြောင့်လည်းအဲရစ်တန်ဟက်အနေဖြင့် ယူနိုက်တက်တိုက်
စစ်တွက်ရက်ဖို့ဒ်၊အီလန်ဂါတို့ကိုခရစ္စတီယာနိုရော်နယ်ဒိုနှင့်တွဲပြီးပွဲထွက်လာဖို့ရှိပါတယ်။ခရစ္စ
တီယာနိုရော်နယ်ဒိုဟာအသင်းပြောင်းခွင့်တောင်းပြီးနောက်ယူနိုက်တက်ရဲ့ထိုင်း၊ဩစတြေးလျ
ခရီးစဉ်တို့တွင်ကျန်ရစ်ခဲ့ကာဗယ်လီကာနိုနှင့်ပွဲတွင်၄၅မိနစ်တည်းသာကစားထားပါသေးတယ်။
သူဟာဗယ်လီကာနိုနှင့်ပွဲတွင်ကြံ့ခိုင်မှုမပြည့်ဝမှု၊ခြေစွမ်းမပြနိုင်မှုတို့ကြောင့်ပထမပိုင်းအပြီးတွင်
ပင်လူစားလဲခံခဲ့ရပါတယ်။သူဟာဗယ်လီကာနိုနှင့်ပွဲမပြီးဆုံးချိန်တွင်ပင်အိုးထရက်ဖို့ဒ်ကွင်းမှ
ထွက်ခွာမှုကြောင့်နည်းပြအဲရစ်တန်ဟက်ရဲ့ဝေဖန်ခြင်းခံခဲ့ရပါတယ်။
မန္ခ်က္စတာယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ဟာအန္တိုနီမာရွယ္ႏွင့္ဂ်ာဒြန္ဆန္ခ်ိဳတို႔မွာ
ဘ႐ိုက္တန္ႏွင့္ပြဲစဥ္ကိုလြဲေခ်ာ္မည္ျဖစ္တာေၾကာင့္အသင္းေျပာင္းလိုေနတဲ့ခရစၥတီယာႏိုေရာ္
နယ္ဒိုကိုအရဲစြန႔္အသုံးျပဳလာရဖို႔ရွိေနပါတယ္။ယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ဟာရာသီ
ႀကိဳေျခစမ္းပြဲမ်ားတြင္အဓိကတိုက္စစ္သမားမ်ားအျဖစ္အသုံးျပဳလာခဲ့တဲ့မာရွယ္၊ရက္ဖို႔ဒ္ႏွင့္ဆန္
ခ်ိဳအတြဲကိုဘ႐ိုက္တန္ႏွင့္ပရီးမီးယားလိဂ္အဖြင့္ပြဲတြင္အသုံးျပဳရန္စီစဥ္ထားပါတယ္။ဒါေပမဲ့မာ
ရွယ္မွာစေနေန႔တုန္းကအက္သလက္တီကိုရႈံးနိမ့္တဲ့ရာသီႀကိဳေျခစမ္းပြဲတြင္အေသးစားတံ
ေကာက္ေၾကာဒဏ္ရာရရွိခဲ့သလိုဆန္ခ်ိဳမွာလည္းဖ်ားနာေနမႈေၾကာင့္တနဂၤေႏြေန႔ဘ႐ိုက္တန္ပြဲ
မွာပါဝင္လာၾကမွာ မဟုတ္ပါဘူး။ဒါေၾကာင့္လည္းအဲရစ္တန္ဟက္အေနျဖင့္ ယူႏိုက္တက္တိုက္
စစ္တြက္ရက္ဖို႔ဒ္၊အီလန္ဂါတို႔ကိုခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္တြဲၿပီးပြဲထြက္လာဖို႔ရွိပါတယ္။ခရစၥ
တီယာႏိုေရာ္နယ္ဒိုဟာအသင္းေျပာင္းခြင့္ေတာင္းၿပီးေနာက္ယူႏိုက္တက္ရဲ႕ထိုင္း၊ဩစေၾတးလ်
ခရီးစဥ္တို႔တြင္က်န္ရစ္ခဲ့ကာဗယ္လီကာႏိုႏွင့္ပြဲတြင္၄၅မိနစ္တည္းသာကစားထားပါေသးတယ္။
သူဟာဗယ္လီကာႏိုႏွင့္ပြဲတြင္ႀကံ့ခိုင္မႈမျပည့္ဝမႈ၊ေျခစြမ္းမျပႏိုင္မႈတို႔ေၾကာင့္ပထမပိုင္းအၿပီးတြင္
ပင္လူစားလဲခံခဲ့ရပါတယ္။သူဟာဗယ္လီကာႏိုႏွင့္ပြဲမၿပီးဆုံးခ်ိန္တြင္ပင္အိုးထရက္ဖို႔ဒ္ကြင္းမွ
ထြက္ခြာမႈေၾကာင့္နည္းျပအဲရစ္တန္ဟက္ရဲ႕ေဝဖန္ျခင္းခံခဲ့ရပါတယ္။