မာနေးနဲ့ လုပ်ခတူ ဘင်ဖီကာတိုက်စစ်မှူးကိုခေါ်ယူရန် ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရရှိသွားပြီဖြစ်တဲ့ လီဗာပူး
ဒါဝင်နူနက်ဇ်ဟာလီဗာပူးသို့ပြောင်းရွှေ့ရန်ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရရှိသွားပြီဖြစ်ပါ
တယ်။ယင်းသို့ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရရှိသွားမှုနဲ့အတူလီဗာပူးမှာဒါဝင်နူနက်ဇ်လုပ်
ခဘယ်လောက်ရရှိမလဲထွက်ပေါ်လာပါတယ်။လီဗာပူးဟာဥရုဂွေးတိုက်စစ်မှူးဒါဝင်နူနက်ဇ်
ကိုပေါင်၈၅သန်းဖြင့်ခေါ်ယူရန်ဘင်ဖီကာနှင့်သဘောတူညီမှုရရှိလုနီးပါးဖြစ်နေပါတယ်။ပရီးမီး
ယားလိဂ်ကလပ်ဟာဘင်ဖီကာတိုက်စစ်မှူးအတွက်ပေါင်၆၈သန်းပေးရမှာဖြစ်ပြီးကျန်၁၇သန်း
ကိုကစားသမားရဲ့စွမ်းဆောင်မှုနှင့်အောင်မြင်မှုအပေါ်မူတည်ပြီးပေးရပါမယ်။ယခုထွက်ပေါ်
လာတဲ့သတင်းအရအသက်၂၂နှစ်ရှိတိုက်စစ်မှူးဟာအန်ဖီးလ်တွင်တစ်ပတ်လုပ်ခပေါင်၉၈၆၀၀
ရရှိလာမှာဖြစ်ပြီးတစ်နှစ်လုပ်ခပေါင်၅.၁သန်းဝန်းကျင်ရရှိလာပါမယ်။ဒါဝင်နူနက်ဇ်ရရှိလာမယ့်
လုပ်ခမှာဆာဒေယိုမာနေးရရှိနေတဲ့လုပ်ခနှင့်အတူတူဖြစ်ပါတယ်။မာနေးဟာလီဗာပူးနှင့်တစ်
နှစ်စာချုပ်သက်တမ်းသာကျန်တော့သူဖြစ်ပြီး စာချုပ်သစ်အတွက်တစ်ပတ်လုပ်ခပေါင်၄၀၀၀၀၀
အထိတောင်းဆိုထားပါတယ်။သူဟာဘိုင်ယန်မြူးနစ်သို့ပြောင်းရန်ပုဂ္ဂိုလ်ရေးသဘောတူညီမှု
ရထားပြီးပြီလို့ယူဆရပြီး ဘိုင်ယန်က တစ်ပတ်လုပ်ခပေါင်၃၂၅၀၀၀သာပေးလာပါမယ်။တဖက်
တွင်လီဗာပူးဟာစာချုပ်သက်တမ်းတစ်နှစ်သာကျန်တော့တဲ့မိုဟာမက်ဆာလက်ကိုစာချုပ်သစ်
ချုပ်ဆိုရေးခက်ခဲနေပါတယ်။ဆာလက်ကလည်းစာချုပ်သစ်အတွက်ပေါင်၄၀၀၀၀၀ ဝန်းကျင်
အထိတောင်းဆိုနေပါတယ်။လီဗာပူးဟာမာနေးနှင့်ဆာလက်နေရာတွင်ကာလရှည်ကြာအစား
ထိုးရန်အတွက်နူနက်ဇ်ကိုခေါ်ယူရေးကြိုးပမ်းနေတာဖြစ်ပါတယ်။သူဟာပြီးခဲ့တဲ့ရာသီတုန်းက
ဘင်ဖီကာအတွက်ပြိုင်ပွဲအရပ်ရပ်တွင်၄၁ပွဲကစားကာ၃၄ဂိုးသွင်းယူထားနိုင်ပါတယ်။