
မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ လီဆန်ဒရို မာတီးနက်ဟာ ယခု နိုင်ငံတကာပွဲစဥ် ကာလ
အတွင်း အာဂျင်တီးနား လက်ရွေးစင်အသင်းရဲ့ ပထမဆုံးပွဲစဥ်ကို လွဲချော်တော့မယ်လို့ သိရပါတယ်။
အာဂျင်တီးနား အသင်းဟာ စနေနေ့မှာ ဟွန်ဒူးရပ်စ််အသင်းနဲ့ ကစားရဖို့ရှိပြီး မာတီးနက်က လက်ရှိ
မှာ ဗီဇာပြဿနာ ရင်ဆိုင်နေရပါတယ်။TyC Sports သတင်းဌာနရဲ့ အဆိုအရ မာတီးနက် နှင့် တော့
တင်ဟမ် နောက်ခံလူ ခရစ်ရှန် ရိုမဲရိုးတို့ဟာ ယူအက်စ်နိုင်ငံထဲကို ဝင်ရောက်ဖို့ ဗီဇာမရထားသေး
ကြောင်း သိရပါတယ်။ဒါကြောင့် မာတီးနက်ဟာ အာဂျင်တီးနား နိုင်ငံကိုပဲ သွားရောက်ခဲ့ရပြီး အာ
ဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်ကတော့ ပြဿနာကို အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ လုပ်ဆောင်နေပါတယ်။
ဒါပေမယ့် စနေနေ့ ၊ ဟွန်ဒူးရပ်စ်နဲ့ ပွဲစဥ်အမီတော့ အဆင်သင့်မဖြစ်နိုင်ပဲ ဗုဒ္ဓဟူးနေ့ ဂျမေကာနဲ့ ပွဲ
စဥ်မှသာ ကစားဖို့များနေတယ်လို့ သိရပါတယ်။မန်ချက်စတာ ယူနိုက်တက်ဘက်ကနေ ကြည့်မယ်
ဆိုရင် မာတီးနက်ကို ပထမပွဲမှာ သုံးပြီး ဒုတိယပွဲမှာ အရံခုံပို့တာက ပိုကောင်းပါတယ်။ ဒါက အာ
လင် ဟာလန်း နှင့် မန်ချက်စတာ စီးတီးကို ရင်ဆိုင်ရမယ့် ပွဲစဥ်မတိုင်ခင် ပိုမိုပြင်ဆင်ချိန်ရမှာဖြစ်
ပါတယ်။ဒါပေမယ့် လက်ရှိမှာတော့ မာတီးနက်က ဗုဒ္ဓဟူးနေ့ ၊ ဒုတိယပွဲစဥ်မှသာ ကစားခွင့်ရဖို့
အလားအလာများနေပြီး အာဂျင်တီးနားနည်းပြ စကိုလာရီအနေနဲ့ ယူနိုက်တက်နောက်ခံလူကို မိ
နစ် ( ၉၀ ) ပြည့် အသုံးမပြုဖို့သာ ဆုတောင်းရဖို့ရှိပါတယ်။
မန္ခ်က္စတာ ယူႏိုက္တက္ ေနာက္ခံလူ လီဆန္ဒ႐ို မာတီးနက္ဟာ ယခု ႏိုင္ငံတကာပြဲစဥ္ ကာလ
အတြင္း အာဂ်င္တီးနား လက္ေ႐ြးစင္အသင္းရဲ႕ ပထမဆုံးပြဲစဥ္ကို လြဲေခ်ာ္ေတာ့မယ္လို႔ သိရပါတယ္။
အာဂ်င္တီးနား အသင္းဟာ စေနေန႔မွာ ဟြန္ဒူးရပ္စ္္အသင္းနဲ႔ ကစားရဖို႔ရွိၿပီး မာတီးနက္က လက္ရွိ
မွာ ဗီဇာျပႆနာ ရင္ဆိုင္ေနရပါတယ္။TyC Sports သတင္းဌာနရဲ႕ အဆိုအရ မာတီးနက္ ႏွင့္ ေတာ့
တင္ဟမ္ ေနာက္ခံလူ ခရစ္ရွန္ ႐ိုမဲ႐ိုးတို႔ဟာ ယူအက္စ္ႏိုင္ငံထဲကို ဝင္ေရာက္ဖို႔ ဗီဇာမရထားေသး
ေၾကာင္း သိရပါတယ္။ဒါေၾကာင့္ မာတီးနက္ဟာ အာဂ်င္တီးနား ႏိုင္ငံကိုပဲ သြားေရာက္ခဲ့ရၿပီး အာ
ဂ်င္တီးနား ေဘာလုံးအဖြဲ႕ခ်ဳပ္ကေတာ့ ျပႆနာကို အျမန္ဆုံး ေျဖရွင္းႏိုင္ဖို႔ လုပ္ေဆာင္ေနပါတယ္။
ဒါေပမယ့္ စေနေန႔ ၊ ဟြန္ဒူးရပ္စ္နဲ႔ ပြဲစဥ္အမီေတာ့ အဆင္သင့္မျဖစ္ႏိုင္ပဲ ဗုဒၶဟူးေန႔ ဂ်ေမကာနဲ႔ ပြဲ
စဥ္မွသာ ကစားဖို႔မ်ားေနတယ္လို႔ သိရပါတယ္။မန္ခ်က္စတာ ယူႏိုက္တက္ဘက္ကေန ၾကည့္မယ္
ဆိုရင္ မာတီးနက္ကို ပထမပြဲမွာ သုံးၿပီး ဒုတိယပြဲမွာ အရံခုံပို႔တာက ပိုေကာင္းပါတယ္။ ဒါက အာ
လင္ ဟာလန္း ႏွင့္ မန္ခ်က္စတာ စီးတီးကို ရင္ဆိုင္ရမယ့္ ပြဲစဥ္မတိုင္ခင္ ပိုမိုျပင္ဆင္ခ်ိန္ရမွာျဖစ္
ပါတယ္။ဒါေပမယ့္ လက္ရွိမွာေတာ့ မာတီးနက္က ဗုဒၶဟူးေန႔ ၊ ဒုတိယပြဲစဥ္မွသာ ကစားခြင့္ရဖို႔
အလားအလာမ်ားေနၿပီး အာဂ်င္တီးနားနည္းျပ စကိုလာရီအေနနဲ႔ ယူႏိုက္တက္ေနာက္ခံလူကို မိ
နစ္ ( ၉၀ ) ျပည့္ အသုံးမျပဳဖို႔သာ ဆုေတာင္းရဖို႔ရွိပါတယ္။