
မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ လီဆန်ဒရို မာတီးနက်ဟာ သရဲနီ ကစားသမားဘဝ အစော
ာပိုင်းကာလမှာ သူ့ရဲ့ အရပ်နဲ့ ပတ်သက်ပြီး ဝေဖန်ခြင်း ခံခဲ့ရပါတယ်။ဒါပေမယ့် မာတီးနက်ဟာ ပြီး
ခဲ့တဲ့အပတ်အတွင်း ေဆာက်သမ်တန်ကို ( ၁-၀ ) အနိုင်ရခဲ့တဲ့ ပွဲစဥ်မှာ ( ၂ ) ပွဲဆက် man of the
match ဆု ပိုင်ဆိုင်ခဲ့ပါတယ်။ဒါလောက် ကောင်းပြနေတာကြောင့် ဆက်လက်ဝေဖန်ခံနေရပြီး ဂ
ရေမီ ဆောင်းနက်က Talksport မှာ မားတီနက်အနေနဲ့ ပရီးမီးယားလိဂ်မှာ အောင်မြင်မှာ မဟုတ်ဘူး
လို့ ယုံကြည်မှု အပြည့်ရှိကြောင်း ပြောဆိုခဲ့ပြန်ပါတယ်။လီဆန်ဒရို မာတီးနက်ရဲ့ ပေါင် ( ၄၆ ) သန်း
တန် ပြောင်းရွေ့ကြေးကိုလည်း များလွန်တယ်လို့ အတော်လေး ဝေဖန်ခဲ့ကြပါတယ်။ ဒီရာသီမှာ အ
နီကတ် ( ၁ ) ကြိမ် ပြခံထားရပြီးဖြစ်တဲ့ ပေါင် (၃၃ ) သန်းတန် ချဲလ်ဆီးနောက်ခံလူ ကူလီဘာလေ
ကိုတော့ အလကားရတယ်လို့ ယူဆထားကြပုံပါပဲ ။ကူလီဘာလေက မနေ့ညတုန်းက ဆောက်သမ်
တန်နဲ့ ပွဲစဥ်မှာ ပြန်ပါလာပါတယ်။ သူ နှင့် သီယာဂို ဆေးလ်ဗားတို့ဟာ ရုန်းကန်ခဲ့ရပြီး သောမတ် တူ
ဟယ်ရဲ့အသင်းက ( ၂-၁ ) ရလာဒ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။( ၂ ) ဦးစလုံးပေါင်းမှ အမြင့်ဘောယှဥ်လုမှု
( ၃ ) ကြိမ်ပဲ အသာရခဲ့ပါတယ်။ မာတီးတက်ကတော့ စိန့်တွေနဲ့ တွေ့ဆုံရာမှာ အမြင့်ဘော ယှဥ်လု
ယူမှု ( ၅ ) ပြုလုပ်ရာမှာ ( ၅ ) ကြိမ်စလုံး အောင်မြင်ခဲ့ပါတယ်။တကယ်လို့ ကူလီဘာလေတို့ ဆေးလ်
ဗားတို့နေရာမှာသာ မာတီးနက်ဆိုရင် မိုးမွန်နေအောင် ဝေဖန်ခံရမှာ သေချာပါတယ်။
မန္ခ်က္စတာ ယူႏိုက္တက္ ေနာက္ခံလူ လီဆန္ဒ႐ို မာတီးနက္ဟာ သရဲနီ ကစားသမားဘဝ အေစာ
ာပိုင္းကာလမွာ သူ႔ရဲ႕ အရပ္နဲ႔ ပတ္သက္ၿပီး ေဝဖန္ျခင္း ခံခဲ့ရပါတယ္။ဒါေပမယ့္ မာတီးနက္ဟာ ၿပီး
ခဲ့တဲ့အပတ္အတြင္း ေဆာက္သမ္တန္ကို ( ၁-၀ ) အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ ( ၂ ) ပြဲဆက္ man of the
match ဆု ပိုင္ဆိုင္ခဲ့ပါတယ္။ဒါေလာက္ ေကာင္းျပေနတာေၾကာင့္ ဆက္လက္ေဝဖန္ခံေနရၿပီး ဂ
ေရမီ ေဆာင္းနက္က Talksport မွာ မားတီနက္အေနနဲ႔ ပရီးမီးယားလိဂ္မွာ ေအာင္ျမင္မွာ မဟုတ္ဘူး
လို႔ ယုံၾကည္မႈ အျပည့္ရွိေၾကာင္း ေျပာဆိုခဲ့ျပန္ပါတယ္။လီဆန္ဒ႐ို မာတီးနက္ရဲ႕ ေပါင္ ( ၄၆ ) သန္း
တန္ ေျပာင္းေ႐ြ႕ေၾကးကိုလည္း မ်ားလြန္တယ္လို႔ အေတာ္ေလး ေဝဖန္ခဲ့ၾကပါတယ္။ ဒီရာသီမွာ အ
နီကတ္ ( ၁ ) ႀကိမ္ ျပခံထားရၿပီးျဖစ္တဲ့ ေပါင္ (၃၃ ) သန္းတန္ ခ်ဲလ္ဆီးေနာက္ခံလူ ကူလီဘာေလ
ကိုေတာ့ အလကားရတယ္လို႔ ယူဆထားၾကပုံပါပဲ ။ကူလီဘာေလက မေန႔ညတုန္းက ေဆာက္သမ္
တန္နဲ႔ ပြဲစဥ္မွာ ျပန္ပါလာပါတယ္။ သူ ႏွင့္ သီယာဂို ေဆးလ္ဗားတို႔ဟာ ႐ုန္းကန္ခဲ့ရၿပီး ေသာမတ္ တူ
ဟယ္ရဲ႕အသင္းက ( ၂-၁ ) ရလာဒ္နဲ႔ အေရးနိမ့္ခဲ့ပါတယ္။( ၂ ) ဦးစလုံးေပါင္းမွ အျမင့္ေဘာယွဥ္လုမႈ
( ၃ ) ႀကိမ္ပဲ အသာရခဲ့ပါတယ္။ မာတီးတက္ကေတာ့ စိန႔္ေတြနဲ႔ ေတြ႕ဆုံရာမွာ အျမင့္ေဘာ ယွဥ္လု
ယူမႈ ( ၅ ) ျပဳလုပ္ရာမွာ ( ၅ ) ႀကိမ္စလုံး ေအာင္ျမင္ခဲ့ပါတယ္။တကယ္လို႔ ကူလီဘာေလတို႔ ေဆးလ္
ဗားတို႔ေနရာမွာသာ မာတီးနက္ဆိုရင္ မိုးမြန္ေနေအာင္ ေဝဖန္ခံရမွာ ေသခ်ာပါတယ္။