မာစီရယ်ဟာ မန်ယူကစားသမားမဟုတ်တာကို သူကိုယ်တိုင်သက်သေပြပြီးပြီဖြစ်ကြောင်း ပြောလာတဲ့ ဂရေမီဆောင်းနက်

ဂရေမီ ဆောင်းနက်စ်က မန်ချက်စတာယူနိုက်တက်ရဲ့ တိုက်စစ်မှူး အန်တိုနီ မာစီရယ်ကို ဝေ

ဖန်လိုက်ပြီး၊ မာစီရယ်ဟာ မန်ယူလိုအသင်းမျိုးအတွက် ကစားပေးရတဲ့အခါ ဖိအားတွေကို ခံနိုင်

ရည်မရှိဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။ မာစီရယ်ဟာ ဆီဗီလာအသင်းကနေ အငှားနဲ့ ပြန်ရောက်

လာခဲ့ပြီးနောက် နည်းပြသစ် အဲရစ် တန်ဟန့်ရဲ့ လက်အောက် ဒီရာသီမှာအဓိကနေရာကနေ ပါ

ဝင်ကစားရတော့မယ်လို့ တွေးထင်ထားခဲ့ကြပေမယ့်၊ လက်ရှိမှာတော့ ဒဏ်ရာရနေပြီး ရာသီအစ

ဘရိုက်တန်နဲ့ ပွဲကို လွဲချော်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းရဲ့ ခေါင်းဆောင်ဟောင်း ဆောင်းနက်စ်

က မာစီရယ်ဟာ မန်ယူအသင်းအတွက် သင့်တော်တဲ့သူ မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။ “

ယူနိုက်တက်ရဲ့ ကိစ္စကို ပြောရရင်၊ သူတို့ဟာ ”“ ပွဲအပြောင်းအလဲဖြစ်စေမယ့် ဘယ်ကစားသမား

ကိုမှ မခေါ်ရသေးပါဘူး။ ‘ မာစီရယ်ကို ငါတို့ ဆုံးရှုံးရတော့မာပဲ ’ လို့ ပြောတဲ့အခါ၊ ဒီလူငယ်လေး

က မန်ချက်စတာယူနိုက်တက်ကစားသမားဖြစ်လာဖို့ အခွင့်အရေးဘယ်လောက်တောင် ရမာလဲ

? ကျွန်တော့်အတွက်တော့ သူဟာ မန်ယူကစားသမားမဟုတ်ဘူးဆိုတာကို သူ ကိုယ်တိုင်သက်

သေပြပြီးပါပြီ ”“ သူဟာ မန်ယူအသင်းမှာ ကစားရတဲ့ ဖိအားကို မခံနိုင်ပါဘူး။ မန်ယူအသင်းဟာ

ကမ္ဘာပေါ်က အကြီးမားဆုံးအသင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ သူတို့ဟာ အရင်တုန်းက အခု

လီဗာပူးလ်လို၊ ချယ်လ်ဆီးလို၊ မန်စီးတီးလို သူတို့ ကစားရတဲ့ဖလားတိုင်းရဲ့ ဖိုင်နယ်ကို ရောက်

လေ့ရှိပါတယ်။ မာစီရယ်က ပေါ့ဘာနဲ့ အနည်းငယ်ဆင်တူသလိုပါပဲ၊ သူတို့နှစ်ဦးစလုံးကို ”

“ ကျွန်တော် ကြည့်လိုက်တဲ့အခါ ကစားသမားအချို့သာ ပိုင်ဆိုင်ထားတဲ့ အရည်အချင်းမျိုးကို

တွေ့ရပါတယ်။ ဒါပေမယ့် သူတို့ဟာ အဲ့ဒါကို အကောင်းဆုံး အသုံးမချတတ်ကြဘူး။ နာမည်ကြီး

ကလပ်အသင်းအတွက် ကစားပေးရတဲ့အခါ ဒီလိုမျိုး ဖြစ်လို့မရပါဘူး။ ဒီကစားသမားတွေက အဲ့

ဒါအတွက် အဆင်သင့်မဖြစ်ကြဘူး၊ သူတို့က တိုက်ပွဲဝင်ဖို့ ”“ အသင့်မဖြစ်ကြဘူး။ ထရိမ်နင်မှာ

ကောင်းတာမျိုး ဒါမှမဟုတ် ခြောက်ပွဲ၊ ခုနှစ်ပွဲလောက်နေမှ တစ်ခါကောင်းတာမျိုးက အလုပ်မ

ဖြစ်ပါဘူး။ အသင်းကြီးမှာ ကစားရတယ်ဆိုတာ၊ ဆုဖလားတွေ လိုချင်တာကြောင့် ပြီးတော့ တစ်

ချိန်လုံးစိန်ခေါ်ချင်တာကြောင့် ဖြစ်တယ်။ အခြေခံအဆင့်တွေမှာတောင် သူတို့က အားကိုးလို့မရ

ပါဘူး။ မန်ယူအနေနဲ့ မာစီရယ်ပေါ်မှာ ထပ်ပြီး မှီခိုလို့မရတော့ဘူးလို့ ထင်တယ်။ သူက ကောင်း

ချင်တဲ့အခါကျ ကောင်းပြီး မကောင်းတဲ့အခါကျ ချာတူးလန်နေတတ်ပါတယ် ” လို့ ပြောဆိုခဲ့ပါ

တယ်။

ဂေရမီ ေဆာင္းနက္စ္က မန္ခ်က္စတာယူႏိုက္တက္ရဲ႕ တိုက္စစ္မႉး အန္တိုနီ မာစီရယ္ကို ေဝ

ဖန္လိုက္ၿပီး၊ မာစီရယ္ဟာ မန္ယူလိုအသင္းမ်ိဳးအတြက္ ကစားေပးရတဲ့အခါ ဖိအားေတြကို ခံႏိုင္

ရည္မရွိဘူးလို႔ ေျပာဆိုသြားခဲ့ပါတယ္။ မာစီရယ္ဟာ ဆီဗီလာအသင္းကေန အငွားနဲ႔ ျပန္ေရာက္

လာခဲ့ၿပီးေနာက္ နည္းျပသစ္ အဲရစ္ တန္ဟန႔္ရဲ႕ လက္ေအာက္ ဒီရာသီမွာအဓိကေနရာကေန ပါ

ဝင္ကစားရေတာ့မယ္လို႔ ေတြးထင္ထားခဲ့ၾကေပမယ့္၊ လက္ရွိမွာေတာ့ ဒဏ္ရာရေနၿပီး ရာသီအစ

ဘ႐ိုက္တန္နဲ႔ ပြဲကို လြဲေခ်ာ္ခဲ့ပါတယ္။ လီဗာပူးလ္အသင္းရဲ႕ ေခါင္းေဆာင္ေဟာင္း ေဆာင္းနက္စ္

က မာစီရယ္ဟာ မန္ယူအသင္းအတြက္ သင့္ေတာ္တဲ့သူ မဟုတ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။ “

ယူႏိုက္တက္ရဲ႕ ကိစၥကို ေျပာရရင္၊ သူတို႔ဟာ ”“ ပြဲအေျပာင္းအလဲျဖစ္ေစမယ့္ ဘယ္ကစားသမား

 

ကိုမွ မေခၚရေသးပါဘူး။ ‘ မာစီရယ္ကို ငါတို႔ ဆုံးရႈံးရေတာ့မာပဲ ’ လို႔ ေျပာတဲ့အခါ၊ ဒီလူငယ္ေလး

က မန္ခ်က္စတာယူႏိုက္တက္ကစားသမားျဖစ္လာဖို႔ အခြင့္အေရးဘယ္ေလာက္ေတာင္ ရမာလဲ

? ကြၽန္ေတာ့္အတြက္ေတာ့ သူဟာ မန္ယူကစားသမားမဟုတ္ဘူးဆိုတာကို သူ ကိုယ္တိုင္သက္

ေသျပၿပီးပါၿပီ ”“ သူဟာ မန္ယူအသင္းမွာ ကစားရတဲ့ ဖိအားကို မခံႏိုင္ပါဘူး။ မန္ယူအသင္းဟာ

ကမာၻေပၚက အႀကီးမားဆုံးအသင္းေတြထဲက တစ္ခုျဖစ္ပါတယ္။ သူတို႔ဟာ အရင္တုန္းက အခု

လီဗာပူးလ္လို၊ ခ်ယ္လ္ဆီးလို၊ မန္စီးတီးလို သူတို႔ ကစားရတဲ့ဖလားတိုင္းရဲ႕ ဖိုင္နယ္ကို ေရာက္

ေလ့ရွိပါတယ္။ မာစီရယ္က ေပါ့ဘာနဲ႔ အနည္းငယ္ဆင္တူသလိုပါပဲ၊ သူတို႔ႏွစ္ဦးစလုံးကို ”

“ ကြၽန္ေတာ္ ၾကည့္လိုက္တဲ့အခါ ကစားသမားအခ်ိဳ႕သာ ပိုင္ဆိုင္ထားတဲ့ အရည္အခ်င္းမ်ိဳးကို

ေတြ႕ရပါတယ္။ ဒါေပမယ့္ သူတို႔ဟာ အဲ့ဒါကို အေကာင္းဆုံး အသုံးမခ်တတ္ၾကဘူး။ နာမည္ႀကီး

ကလပ္အသင္းအတြက္ ကစားေပးရတဲ့အခါ ဒီလိုမ်ိဳး ျဖစ္လို႔မရပါဘူး။ ဒီကစားသမားေတြက အဲ့

ဒါအတြက္ အဆင္သင့္မျဖစ္ၾကဘူး၊ သူတို႔က တိုက္ပြဲဝင္ဖို႔ ”“ အသင့္မျဖစ္ၾကဘူး။ ထရိမ္နင္မွာ

ေကာင္းတာမ်ိဳး ဒါမွမဟုတ္ ေျခာက္ပြဲ၊ ခုႏွစ္ပြဲေလာက္ေနမွ တစ္ခါေကာင္းတာမ်ိဳးက အလုပ္မ

ျဖစ္ပါဘူး။ အသင္းႀကီးမွာ ကစားရတယ္ဆိုတာ၊ ဆုဖလားေတြ လိုခ်င္တာေၾကာင့္ ၿပီးေတာ့ တစ္

ခ်ိန္လုံးစိန္ေခၚခ်င္တာေၾကာင့္ ျဖစ္တယ္။ အေျခခံအဆင့္ေတြမွာေတာင္ သူတို႔က အားကိုးလို႔မရ

ပါဘူး။ မန္ယူအေနနဲ႔ မာစီရယ္ေပၚမွာ ထပ္ၿပီး မွီခိုလို႔မရေတာ့ဘူးလို႔ ထင္တယ္။ သူက ေကာင္း

ခ်င္တဲ့အခါက် ေကာင္းၿပီး မေကာင္းတဲ့အခါက် ခ်ာတူးလန္ေနတတ္ပါတယ္ ” လို႔ ေျပာဆိုခဲ့ပါ

တယ္။