မလိုလားအပ်တဲ့အချိန်ဆွဲမှုတွေမဖြစ်အောင် လာမဲ့ရာသီသစ်အတွက် စည်းမျဉ်းသစ်တစ်ခုချမှတ်လိုက်တဲ့ ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဟာ လာမယ့်ရာသီသစ်ကျရင် ပွဲကစားနေချိန်အတွင်းမလိုလားအပ်တဲ့

အချိန်ဆွဲမှုတွေမဖြစ်အောင် စည်းမျဉ်းသစ်တစ်ခုချမှတ်လိုက်ပြီဖြစ်ပါတယ်။ ၂၀၂၂-၂၃ ရာသီ ပရီး

မီးယားလိဂ်ပြိုင်ပွဲကလာမယ့်သြဂုတ်လ(၅)ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး အဖွင့်ပွဲအဖြစ်ခရစ္စ

တယ်ပဲလေ့စ်နဲ့ အာဆင်နယ်တို့ယှဉ်ပြိုင်ကစားကြမှာပါ။ပရီးမီးယားလိဂ်ရာသီသစ်မှာ လူစားလဲ

ဖို့(၅)ယောက်အထိခွင့်ပြုချက်ရမယ့်ကိစ္စအပါအဝင် စည်းမျဉ်းသစ်(၆)ခုပြောင်းလဲကျင့်သုံးသွား

မှာဖြစ်သလိုအခု ကွင်းဘေးနားက ဘောကောက်လေးတွေ အချိန်ဆွဲတာမျိုးမဖြစ်အောင်စည်း

မျဉ်းသစ်တစ်ခု ထပ်ပြီးတော့ ချမှတ်ခဲ့တာဖြစ်ပါတယ်။ကွင်းဘေးက ဘောကောက်ကလေးငယ်

တွေဟာ ကိုယ့်အသင်းအနိုင်ရနေရင် လက်ပစ်ဘော၊ ထောင့်ကန်ဘောစတဲ့အနေအထားတွေမှာ

ပြိုင်ဘက်အသင်းကစားသမားကို ဘောလုံးချက်ချင်းမပေးဘဲအချိန်ဆွဲလေ့ရှိတာမျိုး မဖြစ်အောင်

ပရီးမီးယားလိဂ်အဖွဲ့ချုပ်ကစည်းမျဉ်းသစ်ထုတ်ပြန်ခဲ့တာပါ။ ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ချမှတ်

လိုက်တဲ့စည်းမျဉ်းသစ်ထဲမှာ ‘ကလပ်အသင်းတွေအနေနဲ့ ပွဲချိန်အတွင်းအသုံးပြုဖို့အနည်းဆုံး

ဘောလုံး(၈)လုံးအထိထားရှိရမှာဖြစ်ပါတယ်။ပွဲကစားဖို့ ကွင်းထဲမှာ ဘောလုံးတစ်လုံး၊ စတုတ္ထ

ဒိုင်လူကြီးဆီမှာဘောလုံးတစ်လုံးအပြင် ကွင်းထဲက နေရာအသီးသီးမှာ ဘောလုံး(၈)လုံးထားရှိ

သွားမှာဖြစ်ပါတယ်။ ဂိုးစည်းနောက်မှာ ဘောလုံး(၂)လုံး၊ဘေးစည်းနားမှာ ဘောလုံး(၂)လုံးအ

သင့်ရှိနေရမှာဖြစ်ပြီး ဂိုးစည်းနောက်ကဘောလုံးတွေကို ဂိုးဝင်၊ မဝင်ဆုံးဖြတ်တဲ့ Hawk-Eye

နည်းစနစ်အပေါ်အနှောင့်အယှက်မဖြစ်အောင် သတ်မှတ်ထားတဲ့နေရာမှာ ချထားရမှာဖြစ်ပါ

တယ်။ဘောကောက်လေးတွေအနေနဲ့လည်း ဘောလုံးပေးတဲ့အခါ ဘယ်အသင်းကစားသမား

ကိုပဲဖြစ်ဖြစ် ပုံမှန်အရှိန်အတိုင်းပစ်ပေးရမှာဖြစ်ပါတယ်’လို့ ဖော်ပြပါရှိပါတယ်။

ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္ဟာ လာမယ့္ရာသီသစ္က်ရင္ ပြဲကစားေနခ်ိန္အတြင္းမလိုလားအပ္တဲ့

အခ်ိန္ဆြဲမႈေတြမျဖစ္ေအာင္ စည္းမ်ဥ္းသစ္တစ္ခုခ်မွတ္လိုက္ၿပီျဖစ္ပါတယ္။ ၂၀၂၂-၂၃ ရာသီ ပရီး

မီးယားလိဂ္ၿပိဳင္ပြဲကလာမယ့္ၾသဂုတ္လ(၅)ရက္မွာ စတင္က်င္းပမွာျဖစ္ၿပီး အဖြင့္ပြဲအျဖစ္ခရစၥ

တယ္ပဲေလ့စ္နဲ႔ အာဆင္နယ္တို႔ယွဥ္ၿပိဳင္ကစားၾကမွာပါ။ပရီးမီးယားလိဂ္ရာသီသစ္မွာ လူစားလဲ

ဖို႔(၅)ေယာက္အထိခြင့္ျပဳခ်က္ရမယ့္ကိစၥအပါအဝင္ စည္းမ်ဥ္းသစ္(၆)ခုေျပာင္းလဲက်င့္သုံးသြား

မွာျဖစ္သလိုအခု ကြင္းေဘးနားက ေဘာေကာက္ေလးေတြ အခ်ိန္ဆြဲတာမ်ိဳးမျဖစ္ေအာင္စည္း

မ်ဥ္းသစ္တစ္ခု ထပ္ၿပီးေတာ့ ခ်မွတ္ခဲ့တာျဖစ္ပါတယ္။ကြင္းေဘးက ေဘာေကာက္ကေလးငယ္

ေတြဟာ ကိုယ့္အသင္းအႏိုင္ရေနရင္ လက္ပစ္ေဘာ၊ ေထာင့္ကန္ေဘာစတဲ့အေနအထားေတြမွာ

ၿပိဳင္ဘက္အသင္းကစားသမားကို ေဘာလုံးခ်က္ခ်င္းမေပးဘဲအခ်ိန္ဆြဲေလ့ရွိတာမ်ိဳး မျဖစ္ေအာင္

ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္ကစည္းမ်ဥ္းသစ္ထုတ္ျပန္ခဲ့တာပါ။ ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္က ခ်မွတ္

လိုက္တဲ့စည္းမ်ဥ္းသစ္ထဲမွာ ‘ကလပ္အသင္းေတြအေနနဲ႔ ပြဲခ်ိန္အတြင္းအသုံးျပဳဖို႔အနည္းဆုံး

ေဘာလုံး(၈)လုံးအထိထားရွိရမွာျဖစ္ပါတယ္။ပြဲကစားဖို႔ ကြင္းထဲမွာ ေဘာလုံးတစ္လုံး၊ စတုတၳ

ဒိုင္လူႀကီးဆီမွာေဘာလုံးတစ္လုံးအျပင္ ကြင္းထဲက ေနရာအသီးသီးမွာ ေဘာလုံး(၈)လုံးထားရွိ

သြားမွာျဖစ္ပါတယ္။ ဂိုးစည္းေနာက္မွာ ေဘာလုံး(၂)လုံး၊ေဘးစည္းနားမွာ ေဘာလုံး(၂)လုံးအ

သင့္ရွိေနရမွာျဖစ္ၿပီး ဂိုးစည္းေနာက္ကေဘာလုံးေတြကို ဂိုးဝင္၊ မဝင္ဆုံးျဖတ္တဲ့ Hawk-Eye

နည္းစနစ္အေပၚအေႏွာင့္အယွက္မျဖစ္ေအာင္ သတ္မွတ္ထားတဲ့ေနရာမွာ ခ်ထားရမွာျဖစ္ပါ

တယ္။ေဘာေကာက္ေလးေတြအေနနဲ႔လည္း ေဘာလုံးေပးတဲ့အခါ ဘယ္အသင္းကစားသမား

ကိုပဲျဖစ္ျဖစ္ ပုံမွန္အရွိန္အတိုင္းပစ္ေပးရမွာျဖစ္ပါတယ္’လို႔ ေဖာ္ျပပါရွိပါတယ္။