မန်ယူအသင်းခေါင်းဆောင်ဖြစ်နေခြင်းကြောင့်သာ သတင်းသမားများ၏ပစ်မှတ်ဖြစ်နေရကြောင်း ပြောလာတဲ့ ဂေါင်းကြီး
ဟယ်ရီ မက်ဂွိုင်းယားဟာ သူ့အနေနဲ့ လက်တလောမှာ နည်းပြ အဲရစ် တန်ဟန့်ရဲ့ ပွဲထွက်လူစာရင်းမှာ
နေရာမရရှိနေပေမယ့်၊ နေရာတစ်နေရာ ပြန်လည်ရရှိဖို့အတွက် ကြိုးစားတိုက်ပွဲဝင်သွားဖို့ အဆင်သင့်
ပဲလို့ ပြောဆိုလိုက်ပါတယ်။ မက်ဂွိုင်းယားဟာ ရာသီအစနှစ်ပွဲဆက်ရှုံးခဲ့တဲ့ပွဲတွေမှာ ပါဝင်ခွင့်ရခဲ့ပေမယ့်၊
နောက်ဆုံးလေးပွဲမှာ ပါဝင်ခွင့်မရရှိခဲ့ပဲ၊ တန်ဟန့်ကမာတီးနက်ဇ်နဲ့ ဗာရန်းအတွဲကိုသာ အသုံးပြုနေတာ
ဖြစ်ပါတယ်။ မက်ဂွိုင်းယားဟာ ကလပ်အသင်းမှာ ပွဲထွက်ခွင့်ရမနေပေမယ့်၊ မနေ့က ကစားခဲ့တဲ့ နည်းပြ
ဂဲရက် ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းမှာတော့ ပွဲထွက်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ထိုပွဲအပြီးမှာတော့ မက်
ဂွိုင်းယားက “ ကျွန်တော် အားလုံးအဆင်ပြေပါတယ်၊ ကစားဖို့ အဆင်သင့်ပါပဲ။ ကြံ့ခိုင်ပြီး လန်းဆန်းသ
လို ”“ ကျွန်တော် ခံစားမိပါတယ်။ ကျွန်တော့်ရဲ့ ခြေစွမ်းအပေါ် ဘာတွေပြောနေကြသလဲ မသိပါဘူး၊ အဲ့
ဒါမျိုးတွေကို ကျွန်တော် ဖတ်လေ့မရှိပါဘူး။ နွေရာသီတုန်းက အင်္ဂလန်အသင်းနဲ့ အပေါင်းလက္ခဏာဆောင်
တဲ့ သုံးပွဲမှာ ခံစစ်နေရာကနေ ကျွန်တော် ပါဝင်ခဲ့တယ်၊ ပြီးတော့ ကောင်းတဲ့ရာသီကြိုလည်းဖြစ်ခဲ့တယ်၊
အရမ်းကောင်းတာကို ကျွန်တော် ခံစားမိပါတယ် ”“ နည်းပြ တန်ဟန့်က ကျွန်တော့်ကို တစ်ပွဲလောက် ပွဲ
ထွက်စာရင်းက ချန်လှပ်ဖို့ ဆုံးဖြတ်ခဲ့တယ်၊ အသင်းကလည်း အဲ့ဒီကစပြီး နိုင်ပွဲဆက်နေတော့တာပါပဲ။
ကျွန်တော့်အတွက် အခွင့်အရေးရလာတဲ့အခါ အဆင်သင့်ဖြစ်နေစေဖို့ ထရိမ်နင်မှာ ကျွန်တော် ကြိုးစား
နေပါတယ်။ ဒါက ကြိုးစားဖို့နဲ့ အသင်းကို ကူညီဖို့ ကျွန်တော် တတ်နိုင်တာအားလုံးပါပဲ။ အခြားလူတွေနဲ့ ”
“ သူတို့ ဘာတွေပြောနေကြသလဲဆိုတာကို ကျွန်တော် အာရုံစိုက်သွားမာ မဟုတ်ပါဘူး။ လူတွေက ကျွန်
တော့်အကြောင်းကို ဇာတ်လမ်းဖန်တီးမယ်ဆိုရင် ကျွန်တော်က မန်ယူအသင်းခေါင်းဆောင်ဖြစ်တာကြောင့်
အဲ့ဒါက ကြီးမားတဲ့သတင်းဖြစ်သွားမာပါ။ ဒီတော့ ဒါက သူတို့ ဒီလိုလုပ်ရတဲ့အကြောင်းအရင်းဖြစ်တယ်၊
သူတို့က clicks တွေ ကြိုက်ကြတယ်လေ ” လို့ ပြောဆိုခဲ့ပါတယ်။