မန်ယူအသင်းကို ကိုင်တွယ်ဖို့ မဖြစ်နိုင်တဲ့အကြောင်းကို ရှင်းလင်းပြောကြားလာတဲ့ ဇီဒန်း

ပြီးခဲ့တဲ့ရာသီတုန်းက မန်ချက်စတာယူနိုက်တက်နည်းပြရာထူးနဲ့ ပတ်သက်ပြီး သတင်းကြီးခဲ့

တဲ့ နည်းပြ ဇီဒင်း ဇီဒန်းက သူ့အနေနဲ့ မန်ယူအသင်းကို ဘာကြောင့် ဘယ်တော့မှ နည်းမပြဖို့

ဆုံးဖြတ်ထားတာလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။ နည်းပြ ဇီဒန်းဟာ အားကစားလောကကနေ

ခေတ္တခဏအနားယူဖို့ရာအတွက် လွန်ခဲ့တဲ့ ၁ နှစ်လောက်တုန်းက ရီးရဲလ်မက်ဒရစ်အသင်းကနေ

ဒုတိယအကြိမ်‌မြောက်ထွက်သွားပြီး နောက်ပိုင်းတည်းက ဘောလုံးလောကနဲ့ အဆက်အသွယ်

ပြတ်နေခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ နည်းပြလောကထဲကို ပြန်လာဖို့ သတင်းကြီးနေပါတယ်။

ပြင်သစ်သမ္မတ အန်မန်မျူရယ် မာခရွန်ကတော့ မကြာသေးမီတုန်းက ဇီဒန်းကို လီဂူဝမ်းဆီ ပြန်

လာစေချင်ကြောင်း ပြောဆိုထားပြီး ပီအက်စ်ဂျီအသင်းကလည်း စိတ်ဝင်စားနေကြောင်းသတင်း

တွေ ထွက်နေပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက မန်ယူအသင်းဟာ နည်းပြ ဆိုးလ်ရှားကို ရာ

ထူးကနေ ထုတ်ပယ်ခဲ့ပြီးတဲ့နောက် ဇီဒန်းကို နည်းပြအဖြစ် ခန့်အပ်ဖို့ သတင်းအကြီးအကျယ်

ထွက်ခဲ့ပါတယ်၊ ဒါပေမယ့်လည်း အဆုံးသတ်မှာတော့ မန်ယူအသင်းဟာ နည်းပြ ရန်းဂ်နစ်ကို

ရာသီကုန်အထိ ယာယီနည်းပြဖို့ ခန့်အပ်ခဲ့ပြီး လက်ရှိမှာ နည်းပြ အဲရစ် တန်ဟန့်ကိုနည်းပြသစ်

အဖြစ် ခန့်ခဲ့ပါတယ်။ ဇီဒင်းနဲ့ သတင်းတွေ ထွက်နေတဲ့အချိန်တုန်းက ဇီဒန်းဟာ သူ့ရဲ့ အင်္ဂလိပ်

စကားသိပ်မကျွမ်းကျင်မှုကြောင့် ပရီးမီးယားလိဂ်မှာ နည်းပြလုပ်ဖို့ အနည်းငယ်သာ စိတ်ဝင်စား

မှု ရှိတယ်ဆိုပြီး သတင်းတွေ ထွက်ခဲ့ပါတယ်။ အခုချိန်မှာလည်း ဇီဒန်းက မန်ယူအသင်းရဲ့ နည်း

ပြမလုပ်ဖို့ သူ့အနေနဲ့ ဘာကြောင့် ဆုံးဖြတ်ထားသလဲဆိုတာ ရှင်းပြလာပါတယ်။“ မန်ချက်စတာ

ယူနိုက်တက်အသင်းဆီကို ကျွန်တော် သွားချင်သလားဆိုတဲ့ မေးခွန်းကို ဖြေရရင်တော့၊ ကျွန်

တော့်အနေနဲ့ အင်္ဂလိပ်စကားကို နားလည်ပါတယ်၊ ဒါပေမယ့် လုံးဝပြည့်ပြည့်စုံစုံ ကျွမ်းကျင်နေ

တာမျိုးတော့ မဟုတ်ဘူးပေါ့။ ဘာသာစကား‌မပြောတတ်ပဲ ကလပ်အသင်းတွေဆီ သွားနေတဲ့

နည်းပြတွေ ရှိတယ်ဆိုတာ ကျွန်တော် သိပါတယ်၊ ဒါပေမယ့် ကျွန်တော်ကတော့ ”“ မတူညီတဲ့

နည်းလမ်းနဲ့ပဲ အလုပ်လုပ်ပါတယ်။ ပွဲတစ်ပွဲ အနိုင်ရဖို့အတွက်ဆိုရင် လိုအပ်တဲ့ အရာတွေအများ

ကြီး ရှိပါတယ်၊ တစ်ကမ္ဘာလုံးမှာ ဒီအတိုင်းကြည့်ပါပဲ။ ကျွန်တော့်အနေနဲ့လည်း အနိုင်ရဖို့အတွက်

ဆိုရင် ဘာလိုအပ်သလဲ‌ဆိုတာ ကျွန်တော် သိပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။ ထို့အတွက်ကြောင့်

ဇီဒင်းကို အနာဂါတ်မှာ မန်ယူအသင်းတင်မကပဲ၊ ပရီးမီးယားလိဂ်မှာပါ နည်းပြအဖြစ်ပါ မြင်တွေ့

ရဖွယ်မရှိတာ ဖြစ်ပါတယ်။

ၿပီးခဲ့တဲ့ရာသီတုန္းက မန္ခ်က္စတာယူႏိုက္တက္နည္းျပရာထူးနဲ႔ ပတ္သက္ၿပီး သတင္းႀကီးခဲ့

တဲ့ နည္းျပ ဇီဒင္း ဇီဒန္းက သူ႔အေနနဲ႔ မန္ယူအသင္းကို ဘာေၾကာင့္ ဘယ္ေတာ့မွ နည္းမျပဖို႔

ဆုံးျဖတ္ထားတာလဲဆိုတာ ရွင္းျပလာခဲ့ပါတယ္။ နည္းျပ ဇီဒန္းဟာ အားကစားေလာကကေန

ေခတၱခနအနားယူဖို႔ရာအတြက္ လြန္ခဲ့တဲ့ ၁ ႏွစ္ေလာက္တုန္းက ရီးရဲလ္မက္ဒရစ္အသင္းကေန

ဒုတိယအႀကိမ္‌ေျမာက္ထြက္သြားၿပီး ေနာက္ပိုင္းတည္းက ေဘာလုံးေလာကနဲ႔ အဆက္အသြယ္

ျပတ္ေနခဲ့တာျဖစ္ၿပီး အခုခ်ိန္မွာေတာ့ နည္းျပေလာကထဲကို ျပန္လာဖို႔ သတင္းႀကီးေနပါတယ္။

ျပင္သစ္သမၼတ အန္မန္မ်ဴရယ္ မာခ႐ြန္ကေတာ့ မၾကာေသးမီတုန္းက ဇီဒန္းကို လီဂူဝမ္းဆီ ျပန္

လာေစခ်င္ေၾကာင္း ေျပာဆိုထားၿပီး ပီအက္စ္ဂ်ီအသင္းကလည္း စိတ္ဝင္စားေနေၾကာင္းသတင္း

ေတြ ထြက္ေနပါတယ္။ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလတုန္းက မန္ယူအသင္းဟာ နည္းျပ ဆိုးလ္ရွားကို ရာ

ထူးကေန ထုတ္ပယ္ခဲ့ၿပီးတဲ့ေနာက္ ဇီဒန္းကို နည္းျပအျဖစ္ ခန႔္အပ္ဖို႔ သတင္းအႀကီးအက်ယ္

ထြက္ခဲ့ပါတယ္၊ ဒါေပမယ့္လည္း အဆုံးသတ္မွာေတာ့ မန္ယူအသင္းဟာ နည္းျပ ရန္းဂ္နစ္ကို

ရာသီကုန္အထိ ယာယီနည္းျပဖို႔ ခန႔္အပ္ခဲ့ၿပီး လက္ရွိမွာ နည္းျပ အဲရစ္ တန္ဟန႔္ကိုနည္းျပသစ္

အျဖစ္ ခန႔္ခဲ့ပါတယ္။ ဇီဒင္းနဲ႔ သတင္းေတြ ထြက္ေနတဲ့အခ်ိန္တုန္းက ဇီဒန္းဟာ သူ႔ရဲ႕ အဂၤလိပ္

စကားသိပ္မကြၽမ္းက်င္မႈေၾကာင့္ ပရီးမီးယားလိဂ္မွာ နည္းျပလုပ္ဖို႔ အနည္းငယ္သာ စိတ္ဝင္စား

မႈ ရွိတယ္ဆိုၿပီး သတင္းေတြ ထြက္ခဲ့ပါတယ္။ အခုခ်ိန္မွာလည္း ဇီဒန္းက မန္ယူအသင္းရဲ႕ နည္း

ျပမလုပ္ဖို႔ သူ႔အေနနဲ႔ ဘာေၾကာင့္ ဆုံးျဖတ္ထားသလဲဆိုတာ ရွင္းျပလာပါတယ္။“ မန္ခ်က္စတာ

ယူႏိုက္တက္အသင္းဆီကို ကြၽန္ေတာ္ သြားခ်င္သလားဆိုတဲ့ ေမးခြန္းကို ေျဖရရင္ေတာ့၊ ကြၽန္

ေတာ့္အေနနဲ႔ အဂၤလိပ္စကားကို နားလည္ပါတယ္၊ ဒါေပမယ့္ လုံးဝျပည့္ျပည့္စုံစုံ ကြၽမ္းက်င္ေန

တာမ်ိဳးေတာ့ မဟုတ္ဘူးေပါ့။ ဘာသာစကား‌မေျပာတတ္ပဲ ကလပ္အသင္းေတြဆီ သြားေနတဲ့

နည္းျပေတြ ရွိတယ္ဆိုတာ ကြၽန္ေတာ္ သိပါတယ္၊ ဒါေပမယ့္ ကြၽန္ေတာ္ကေတာ့ ”“ မတူညီတဲ့

နည္းလမ္းနဲ႔ပဲ အလုပ္လုပ္ပါတယ္။ ပြဲတစ္ပြဲ အႏိုင္ရဖို႔အတြက္ဆိုရင္ လိုအပ္တဲ့ အရာေတြအမ်ား

ႀကီး ရွိပါတယ္၊ တစ္ကမာၻလုံးမွာ ဒီအတိုင္းၾကည့္ပါပဲ။ ကြၽန္ေတာ့္အေနနဲ႔လည္း အႏိုင္ရဖို႔အတြက္

ဆိုရင္ ဘာလိုအပ္သလဲ‌ဆိုတာ ကြၽန္ေတာ္ သိပါတယ္ ” လို႔ ေျပာဆိုခဲ့ပါတယ္။ ထို႔အတြက္ေၾကာင့္

ဇီဒင္းကို အနာဂါတ္မွာ မန္ယူအသင္းတင္မကပဲ၊ ပရီးမီးယားလိဂ္မွာပါ နည္းျပအျဖစ္ပါ ျမင္ေတြ႕

ရဖြယ္မရွိတာ ျဖစ္ပါတယ္။