မန်ယူရဲ့ ပိုင်ရှင်လောင်းစာရင်းထဲ ဝင်ရောက်လာပြီဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်း

မန်ချက်စတာယူနိုက်တက်ဂန္တဝင်ကစားသမားဟောင်း ဒေးဗစ် ဘက်ခမ်းဟာ သူ့ရဲ့ အသင်းဟောင်းကို

ဝယ်ယူဖို့ရာအတွက် အခြားသောဝယ်လက်တွေနဲ့ အသင်းဖွဲ့နေတယ်လို့ သိရပါတယ်။ ဂလေဇာမိသားစု

ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ယူနိုက်တက်ကို ရောင်းချဖို့အတွက် အမေရိကန်ရင်းနှီးမြှုပ်နှံမှုဘဏ် Raine

Group နဲ့အတူ ကြေညာခဲ့ပါတယ်။အဆိုပါဘဏ်ဟာ ယခုနှစ်အစောပိုင်းတုန်းက ချယ်လ်ဆီးအသင်းကို

ပေါင် ၄.၂၅ ဘီလီယံနဲ့ ရောင်းချရာမာ ပွဲစားအဖြစ် လုပ်ကိုင်ထားတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ထို့အတွက်

ကြောင့် လက်ရှိမှာ မေဂျာလိဂ်ဘောလုံးကလပ် အင်တာမိုင်ယာမီအသင်းရဲ့ ပိုင်ရှင် ဘက်ခမ်းဟာ ယူနိုက်

တက်အသင်းကို ဝယ်ယူချင်နေတဲ့ လုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးနေပြီးတော့ထိုအကျိုးတူအဖွဲ့အစည်းရဲ့

တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ Financial Times သတင်းဌာနက ဖော်ပြလာ

ပါတယ်။ ဘက်ခမ်းနဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်တစ်ခုကတော့ ဂလေဇာမိသားစုအနေနဲ့ ယခုမတိုင်ခင်

တုန်းက အသင်းကို ရောင်းချဖို့ ဘယ်တုန်းကမှ ထုတ်ဖော်ပြောဆိုခြင်း မရှိပေမယ့်၊ ယူနိုက်တက်အသင်း

ကိုဝယ်ယူချင်တဲ့ လုပ်ငန်းရှင်တွေဟာ အရင်တည်းက ဘက်ခမ်းဆီကို ချဉ်းကပ်ခဲ့ဖူးတယ်လို့ ပြောဆိုလာ

ပါတယ်။ ဘက်ခမ်းဟာ မန်ယူအသင်းအတွက် ၃၉၄ ပွဲ ကစားပေးခဲ့ပြီးတော့၊ ဆုဖလားစုစုပေါင်း ၁၂ ခု ရ

ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ အဆိုပါလုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့

ဘဏ်လုပ်ငန်းရှင်တစ်ဦးကတော့ယူနိုက်တက်အသင်းကို ပေါင် ၇ ဘီလီယံလောက်နဲ့ ရောင်းချနိုင်ဖို့ မျှော်

မှန်းထားတယ်လို့ ပြောဆိုထားပါတယ်။ The Telegraph သတင်းဌာနရဲ့ ဖော်ပြချက်အရတော့ မန်ယူ

အသင်းရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်တဲ့ ဗြိတိသျှဘီလီယံနာ သူဌေးကြီး ဆာဂျင် ရတ်ကလစ်ဖ်ကလည်း

မန်ယူအသင်းကို ဝယ်ယူဖို့ စိတ်ဝင်စားမှုရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ကစားသမားေဟာင္း ေဒးဗစ္ ဘက္ခမ္းဟာ သူ႔ရဲ႕ အသင္းေဟာင္းကို

ဝယ္ယူဖို႔ရာအတြက္ အျခားေသာဝယ္လက္ေတြနဲ႔ အသင္းဖြဲ႕ေနတယ္လို႔ သိရပါတယ္။ ဂေလဇာမိသားစု

ဟာ ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းက ယူႏိုက္တက္ကို ေရာင္းခ်ဖို႔အတြက္ အေမရိကန္ရင္းႏွီးျမႇဳပ္ႏွံမႈဘဏ္ Raine

Group နဲ႔အတူ ေၾကညာခဲ့ပါတယ္။အဆိုပါဘဏ္ဟာ ယခုႏွစ္အေစာပိုင္းတုန္းက ခ်ယ္လ္ဆီးအသင္းကို

ေပါင္ ၄.၂၅ ဘီလီယံနဲ႔ ေရာင္းခ်ရာမာ ပြဲစားအျဖစ္ လုပ္ကိုင္ထားတဲ့ ကုမၸဏီျဖစ္ပါတယ္။ ထို႔အတြက္

ေၾကာင့္ လက္ရွိမွာ ေမဂ်ာလိဂ္ေဘာလုံးကလပ္ အင္တာမိုင္ယာမီအသင္းရဲ႕ ပိုင္ရွင္ ဘက္ခမ္းဟာ ယူႏိုက္

တက္အသင္းကို ဝယ္ယူခ်င္ေနတဲ့ လုပ္ငန္းရွင္ေတြနဲ႔ ေဆြးေႏြးေနၿပီးေတာ့ထိုအက်ိဳးတူအဖြဲ႕အစည္းရဲ႕

တစ္စိတ္တစ္ပိုင္းအျဖစ္ ပါဝင္ႏိုင္ဖို႔ လုပ္ေဆာင္ေနတယ္လို႔ Financial Times သတင္းဌာနက ေဖာ္ျပလာ

ပါတယ္။ ဘက္ခမ္းနဲ႔ နီးစပ္တဲ့ သတင္းအရင္းျမစ္တစ္ခုကေတာ့ ဂေလဇာမိသားစုအေနနဲ႔ ယခုမတိုင္ခင္

တုန္းက အသင္းကို ေရာင္းခ်ဖို႔ ဘယ္တုန္းကမွ ထုတ္ေဖာ္ေျပာဆိုျခင္း မရွိေပမယ့္၊ ယူႏိုက္တက္အသင္း

ကိုဝယ္ယူခ်င္တဲ့ လုပ္ငန္းရွင္ေတြဟာ အရင္တည္းက ဘက္ခမ္းဆီကို ခ်ဥ္းကပ္ခဲ့ဖူးတယ္လို႔ ေျပာဆိုလာ

ပါတယ္။ ဘက္ခမ္းဟာ မန္ယူအသင္းအတြက္ ၃၉၄ ပြဲ ကစားေပးခဲ့ၿပီးေတာ့၊ ဆုဖလားစုစုေပါင္း ၁၂ ခု ရ

ရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့တဲ့ ကစားသမားတစ္ဦး ျဖစ္ပါတယ္။ အဆိုပါလုပ္ငန္းစဥ္မွာ ပါဝင္ေနတဲ့

ဘဏ္လုပ္ငန္းရွင္တစ္ဦးကေတာ့ယူႏိုက္တက္အသင္းကို ေပါင္ ၇ ဘီလီယံေလာက္နဲ႔ ေရာင္းခ်ႏိုင္ဖို႔ ေမွ်ာ္

မွန္းထားတယ္လို႔ ေျပာဆိုထားပါတယ္။ The Telegraph သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရေတာ့ မန္ယူ

အသင္းရဲ႕ အမာခံပရိသတ္တစ္ဦးျဖစ္တဲ့ ၿဗိတိသွ်ဘီလီယံနာ သူေဌးႀကီး ဆာဂ်င္ ရတ္ကလစ္ဖ္ကလည္း

မန္ယူအသင္းကို ဝယ္ယူဖို႔ စိတ္ဝင္စားမႈရွိေနဆဲျဖစ္တယ္လို႔ သိရပါတယ္။