မန်ယူယာယီနည်းပြနေရာကို စိတ်ဝင်စားနေတဲ့ အထုတ်ခံရသူကာဆယ်နည်းပြဟောင်း

ဒီရာသီ နယူးကာဆယ်ကနေ အထုတ်ခံထားရတဲ့ နည်းပြစတိဘရုစ်ဟာ မန်ယူက ယာယီနည်းပြနေရာကို စိတ်ဝင်စားနေကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။

ရာသီကုန်အထိထားမယ့် ယာယီနည်းပြတစ်ယောက်မခန့်ခင် ဆိုးလ်ရှားရဲ့နည်းပြအဖွဲ့ဝင်ဟောင်း မိုက်ကယ်ကာရစ်က လာမယ့်ပွဲအနည်းငယ်ကို တာဝန်ယူသွားဖို့ ရှိပါတယ်။

ဒါပေမဲ့ အင်္ဂလန်က အားကစားမီဒီယာတစ်ခုဖြစ်တဲ့ The Athletic ရဲ့အဆိုအရ ယူနိုက်တက်နောက်ခံလူဟောင်းဖြစ်တဲ့စတိဗ်ဘရုစ်ဟာ အိုးလ်ထရက်ဖို့ဒ်က ယာယီနည်းပြနေရာကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

စတိဗ်ဘရုစ်ဟာ ပြီးခဲ့တဲ့လမှာ နယူးကာဆယ်ကနေ ထုတ်ပယ်ခံခဲ့ရပြီးကတည်းက ကလပ်လက်မဲ့ဖြစ်နေတာပါ။

အသက် ၆၀ အရွယ် စတိဗ်ဘရုစ်က သူ့အသင်းဟောင်းရဲ့အဝတ်အစားလဲခန်းအခြေအနေကို တည်ငြိမ်မှုရှိအောင် ကူညီနိုင်မယ်လို့ ယုံကြည်နေပါတယ်။

အင်္ဂလန်နဲ့အာဆင်နယ်နောက်ခံလူဟောင်းဆိုးကမ်းဘဲလ်ကလည်း မန်ယူရဲ့ယာယီနည်းပြနေရာကို စတိဗ်ဘရုစ်ရရှိလိမ့်မယ်လို့ တစ်ပေးထားပါတယ်။

ကစားသမားတစ်ယောက်အနေနဲ့ စတိဗ်ဘရုစ်ဟာ မန်ယူမှာ ၉ ရာသီကြာဖြတ်သန်းခဲ့ပြီး ဖာဂူဆန်ရဲ့ပရီးမီးယားလိဂ်အစောပိုင်းကာလအောင်မြင်မှုတွေမှာ အဓိကကျတဲ့အစိတ်အပိုင်းက ပါဝင်ခဲ့တာပါ။

၁၉၉၆ နွေရာသီမှာ အသင်းကနေ မထွက်ခွာခင် မန်ယူနဲ့အတူ အမှတ်ပေး ၃ ကြိမ်နဲ့ အက်ဖ်အေဖလားအောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။

အခု ၂၅ နှစ်အကြာမှာတော့ သူ့အသင်းဟောင်းဟာ အခြေအနေဆိုးတစ်ခုနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

နယူးကာဆယ်ပရိသတ်တစ်ယောက်အနေနဲ့ ကြီးပြင်းလာတဲ့စတိဗ်ဘရုစ်ဟာ အဲဒီကလပ်မှာတော့ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကို မရရှိခဲ့ပါဘူး။

zawgyi

မန္ယူယာယီနည္းျပေနရာကို စိတ္ဝင္စားေနတဲ့ အထုတ္ခံရသူကာဆယ္နည္းျပေဟာင္း

ဒီရာသီ နယူးကာဆယ္ကေန အထုတ္ခံထားရတဲ့ နည္းျပစတိဘ႐ုစ္ဟာ မန္ယူက ယာယီနည္းျပေနရာကို စိတ္ဝင္စားေနေၾကာင္း သတင္းေတြထြက္ေပၚေနပါတယ္။

ရာသီကုန္အထိထားမယ့္ ယာယီနည္းျပတစ္ေယာက္မခန႔္ခင္ ဆိုးလ္ရွားရဲ႕နည္းျပအဖြဲ႕ဝင္ေဟာင္း မိုက္ကယ္ကာရစ္က လာမယ့္ပြဲအနည္းငယ္ကို တာဝန္ယူသြားဖို႔ ရွိပါတယ္။

ဒါေပမဲ့ အဂၤလန္က အားကစားမီဒီယာတစ္ခုျဖစ္တဲ့ The Athletic ရဲ႕အဆိုအရ ယူႏိုက္တက္ေနာက္ခံလူေဟာင္းျဖစ္တဲ့စတိဗ္ဘ႐ုစ္ဟာ အိုးလ္ထရက္ဖို႔ဒ္က ယာယီနည္းျပေနရာကို စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။

စတိဗ္ဘ႐ုစ္ဟာ ၿပီးခဲ့တဲ့လမွာ နယူးကာဆယ္ကေန ထုတ္ပယ္ခံခဲ့ရၿပီးကတည္းက ကလပ္လက္မဲ့ျဖစ္ေနတာပါ။ အသက္ ၆၀ အ႐ြယ္ စတိဗ္ဘ႐ုစ္က သူ႔အသင္းေဟာင္းရဲ႕အဝတ္အစားလဲခန္းအေျခအေနကို တည္ၿငိမ္မႈရွိေအာင္ ကူညီႏိုင္မယ္လို႔ ယုံၾကည္ေနပါတယ္။

အဂၤလန္နဲ႔အာဆင္နယ္ေနာက္ခံလူေဟာင္းဆိုးကမ္းဘဲလ္ကလည္း မန္ယူရဲ႕ယာယီနည္းျပေနရာကို စတိဗ္ဘ႐ုစ္ရရွိလိမ့္မယ္လို႔ တစ္ေပးထားပါတယ္။

ကစားသမားတစ္ေယာက္အေနနဲ႔ စတိဗ္ဘ႐ုစ္ဟာ မန္ယူမွာ ၉ ရာသီၾကာျဖတ္သန္းခဲ့ၿပီး ဖာဂူဆန္ရဲ႕ပရီးမီးယားလိဂ္အေစာပိုင္းကာလေအာင္ျမင္မႈေတြမွာ အဓိကက်တဲ့အစိတ္အပိုင္းက ပါဝင္ခဲ့တာပါ။

၁၉၉၆ ေႏြရာသီမွာ အသင္းကေန မထြက္ခြာခင္ မန္ယူနဲ႔အတူ အမွတ္ေပး ၃ ႀကိမ္နဲ႔ အက္ဖ္ေအဖလားေအာင္ျမင္မႈေတြ ရရွိခဲ့ပါတယ္။

အခု ၂၅ ႏွစ္အၾကာမွာေတာ့ သူ႔အသင္းေဟာင္းဟာ အေျခအေနဆိုးတစ္ခုနဲ႔ ရင္ဆိုင္ႀကဳံေတြ႕ေနရပါတယ္။ နယူးကာဆယ္ပရိသတ္တစ္ေယာက္အေနနဲ႔ ႀကီးျပင္းလာတဲ့စတိဗ္ဘ႐ုစ္ဟာ အဲဒီကလပ္မွာေတာ့ ပရိသတ္ေတြရဲ႕ခ်စ္ျခင္းေမတၱာကို မရရွိခဲ့ပါဘူး။

The post မန်ယူယာယီနည်းပြနေရာကို စိတ်ဝင်စားနေတဲ့ အထုတ်ခံရသူကာဆယ်နည်းပြဟောင်း appeared first on .