မန်ယူက ထွက်နိုင်ဖို့ အေးဂျင့်အသစ်ငှားလိုက်တဲ့ ဗန်ဒီဘိခ်

အိုးလ်ထရက်ဖို့ဒ်က ထွက်ခွာနိုင်ရေးအတွက် အေးဂျင့်အပြောင်းအလဲလုပ်ဖို့ သူ့ရဲ့မန်ယူအသင်းဖော်တွေက ကွင်းလယ်လူဗန်ဒီဘိခ်ကို အကြံပေးခဲ့ကြကြောင်း အင်္ဂလန်က Daily Mail သတင်းစာကြီးက ဖော်ပြလိုက်ပါတယ်။

ပေါင် ၃၅ သန်းနဲ့ အေဂျက်ကနေရောက်လာတဲ့ ဗန်ဒီဘိခ်ဟာ မန်ယူမှာ နေရာမရဖြစ်နေသူပါ။

အဲဒီနယ်သာလန်လက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့အပတ်ကပဲ သူ့ရဲ့အေးဂျင့်ဟောင်း ဂွီဒိုအယ်လ်ဘာနဲ့ ပွင့်ပွင့်လင်းလင်းဆွေးနွေးပြီး လမ်းခွဲခဲ့ပါတယ်။

မန်ယူနဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေအရဆိုရင် ဗန်ဒီဘိခ်ဟာ အဝတ်အစားလဲခန်းထဲက အသင်းဖော်တွေရဲ့တိုက်တွန်းမှုကြောင့် အယ်လ်ဘာနဲ့လမ်းခွဲခဲ့တာလို့ သိရပါတယ်။

အခုတော့ ၂၄ နှစ်အရွယ် ဗန်ဒီဘိခ်ဟာ လင်ဒီလော့ဖ်ရဲ့အေးဂျင့်လည်းဖြစ်၊ သူ့ရဲ့နယ်သာလန်အသင်းဖော်လည်းဖြစ်တဲ့ ဘာစီလိုနာကွင်းလယ်လူဖရန်ကီဒီဂျောင်ရဲ့အေးဂျင့်လည်းဖြစ်တဲ့ အလီဒါဆန်နဲ့လက်တွဲလိုက်ပြီလို့ သိရပါတယ်။

၂၀၂၀ နွေရာသီမှာ အေဂျက်ကနေ ရောက်လာပြီးကတည်းက ဆိုးလ်ရှားရဲ့လက်အောက် ပရီးမီးယားလိဂ်ပွဲထွက် ၄ ပွဲသာ ကစားခွင့်ရထားတဲ့ဗန်ဒီဘိခ်ဟာ မန်ယူကနေ ထွက်ခွာလိုစိတ်ပြင်းပြနေသူလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ အဲဗာတန်ရဲ့စိတ်ဝင်စားခြင်းခံခဲ့ရပေမယ့် ဆိုးလ်ရှားက တားဆီးခဲ့ပါတယ်။

မကြာသေးခင်ရက်သတ္တပတ်တွေကလည်း အဲဗာတန်နဲ့ဝုဗ်တို့ဟာ ဇန်နဝါရီအငှားခေါ်ရေးအတွက် လာရောက်ဆွေးနွေးမှုတွေလုပ်ခဲ့ကြပေမယ့် အေးဂျင့်သစ်ဒါဆန်ကတော့ တခြားအစီအစဉ်တွေ ရှိပုံရပါတယ်။

zawgyi

မန္ယူက ထြက္ႏိုင္ဖို႔ ေအးဂ်င့္အသစ္ငွားလိုက္တဲ့ ဗန္ဒီဘိခ္

အိုးလ္ထရက္ဖို႔ဒ္က ထြက္ခြာႏိုင္ေရးအတြက္ ေအးဂ်င့္အေျပာင္းအလဲလုပ္ဖို႔ သူ႔ရဲ႕မန္ယူအသင္းေဖာ္ေတြက ကြင္းလယ္လူဗန္ဒီဘိခ္ကို အႀကံေပးခဲ့ၾကေၾကာင္း အဂၤလန္က Daily Mail သတင္းစာႀကီးက ေဖာ္ျပလိုက္ပါတယ္။

ေပါင္ ၃၅ သန္းနဲ႔ ေအဂ်က္ကေနေရာက္လာတဲ့ ဗန္ဒီဘိခ္ဟာ မန္ယူမွာ ေနရာမရျဖစ္ေနသူပါ။ အဲဒီနယ္သာလန္လက္ေ႐ြးစင္ကစားသမားဟာ ၿပီးခဲ့တဲ့အပတ္ကပဲ သူ႔ရဲ႕ေအးဂ်င့္ေဟာင္း ဂြီဒိုအယ္လ္ဘာနဲ႔ ပြင့္ပြင့္လင္းလင္းေဆြးေႏြးၿပီး လမ္းခြဲခဲ့ပါတယ္။

မန္ယူနဲ႔နီးစပ္တဲ့သတင္းရင္းျမစ္ေတြအရဆိုရင္ ဗန္ဒီဘိခ္ဟာ အဝတ္အစားလဲခန္းထဲက အသင္းေဖာ္ေတြရဲ႕တိုက္တြန္းမႈေၾကာင့္ အယ္လ္ဘာနဲ႔လမ္းခြဲခဲ့တာလို႔ သိရပါတယ္။

အခုေတာ့ ၂၄ ႏွစ္အ႐ြယ္ ဗန္ဒီဘိခ္ဟာ လင္ဒီေလာ့ဖ္ရဲ႕ေအးဂ်င့္လည္းျဖစ္၊ သူ႔ရဲ႕နယ္သာလန္အသင္းေဖာ္လည္းျဖစ္တဲ့ ဘာစီလိုနာကြင္းလယ္လူဖရန္ကီဒီေဂ်ာင္ရဲ႕ေအးဂ်င့္လည္းျဖစ္တဲ့ အလီဒါဆန္နဲ႔လက္တြဲလိုက္ၿပီလို႔ သိရပါတယ္။

၂၀၂၀ ေႏြရာသီမွာ ေအဂ်က္ကေန ေရာက္လာၿပီးကတည္းက ဆိုးလ္ရွားရဲ႕လက္ေအာက္ ပရီးမီးယားလိဂ္ပြဲထြက္ ၄ ပြဲသာ ကစားခြင့္ရထားတဲ့ဗန္ဒီဘိခ္ဟာ မန္ယူကေန ထြက္ခြာလိုစိတ္ျပင္းျပေနသူလည္း ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ အဲဗာတန္ရဲ႕စိတ္ဝင္စားျခင္းခံခဲ့ရေပမယ့္ ဆိုးလ္ရွားက တားဆီးခဲ့ပါတယ္။ မၾကာေသးခင္ရက္သတၱပတ္ေတြကလည္း အဲဗာတန္နဲ႔ဝုဗ္တို႔ဟာ ဇန္နဝါရီအအငွားေခၚေရးအတြက္ လာေရာက္ေဆြးေႏြးမႈေတြလုပ္ခဲ့ၾကေပမယ့္ ေအးဂ်င့္သစ္ဒါဆန္ကေတာ့ တျခားအစီအစဥ္ေတြ ရွိပုံရပါတယ္။