မန်ယူကို ပကျော့မှာမရှုံးရင် ယူရိုပါလိဂ်ကနေ မောင်းထုတ်နိုင်ပြီလို့ပြောလာတဲ့ ဆီဗီလာအသင်းဒုဥက္ကဋ္ဌ

ဆီဗီလာအသင်းဒုဥက္ကဋ္ဌဖြစ်သူ ဒယ်လ်နီဒိုကာရက်စ်ကိုက မန်ချက်စတာယူနိုက်တက်အသင်းကို (၃)ကြိမ်

စလုံး အနိုင်ယူခဲ့တာကြောင့် လာမယ့်ပွဲမှာအနိုင်ရအောင် ဘယ်လိုပြင်ဆင်ရမလဲဆိုတာ သိထားတယ်လို့

ကြွေးကြော်လိုက်ပါတယ်။ယူရိုပါလိဂ်ပြိုင်ပွဲမှာ (၆)ကြိမ်အထိဗိုလ်စွဲပြီး အောင်မြင်မှုအများဆုံးအသင်း

အဖြစ်ရပ်တည်နေတဲ့ ဆီဗီလာဟာ ကွာတားဖိုင်နယ်အဆင့်မှာ ပရီးမီးယားလိဂ်ထိပ်သီးယူနိုက်တက်နဲ့

ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာဥရောပပြိုင်ပွဲတွေမှာ ဆီဗီလာနဲ့ (၃)ကြိမ်ဆုံတွေ့ခဲ့ပြီး

(၁)ပွဲမှ မနိုင်ခဲ့ပါဘူး။နာမည်ကျော်နည်းပြဟောင်းမော်ရင်ဟိုလက်ထက် ၂၀၁၇-၁၈ ရာသီချန်ပီယံလိဂ်ရှုံး

ထွက်(၁၆)သင်းအဆင့်တုန်းက ဆီဗီလာကို အဝေးကွင်းမှာဂိုးမရှိသရေ၊ အိမ်ကွင်းမှာ (၂-၁)ဂိုးနဲ့ရှုံးပြီး

၂၀၁၉-၂၀ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲမှာလည်း (၂-၁)ဂိုးနဲ့ ထပ်ရှုံးခဲ့ပါတယ်။ အဲဒါကြောင့် ကာရက်စ်ကို

က“ယူနိုက်တက်နဲ့ မဆုံတွေ့ချင်ပေမယ့် ဒီပြိုင်ပွဲမှာ ဗိုလ်စွဲချင်တယ်ဆိုရင်တော့ဘယ်လိုအသင်းကိုမဆို

အနိုင်ယူမှဖြစ်မှာပါ။ ကျွန်တော်တို့ဟာ ဒီရာသီယူရိုပါလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့အသင်းတွေထဲမှာ

မပါဝင်ဘဲယူနိုက်တက်အသင်းက ကျွန်တော်တို့ထက် ဘတ်ဂျက် (၃)ဆအထိပိုသုံးထားတဲ့အသင်းဖြစ်ပါ

တယ်။ ဒါပေမဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာကျွန်တော်တို့ အောင်မြင်မှုမှတ်တမ်း စိုက်ထူထားသလို ယူနိုက်တက်

အသင်းကိုလည်း ချန်ပီယံလိဂ်မှာ (၁)ကြိမ်၊ ယူရိုပါလိဂ်မှာ (၁)ကြိမ်ဖြုတ်ချခဲ့ဖူးပါတယ်။ ပထမအကျော့

မှာ မရှုံးအောင်ကစားနိုင်ရင်ဒုတိယအကျော့အိမ်ကွင်းပွဲမှာ ရလဒ်ကောင်းရယူပြီးတော့နောက်တစ်ဆင့်

တက်နိုင်ဖို့ရှိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဆီဗီလာအသင္းဒုဥကၠ႒ျဖစ္သူ ဒယ္လ္နီဒိုကာရက္စ္ကိုက မန္ခ်က္စတာယူႏိုက္တက္အသင္းကို (၃)ႀကိမ္

စလုံး အႏိုင္ယူခဲ့တာေၾကာင့္ လာမယ့္ပြဲမွာအႏိုင္ရေအာင္ ဘယ္လိုျပင္ဆင္ရမလဲဆိုတာ သိထားတယ္လို႔

ေႂကြးေၾကာ္လိုက္ပါတယ္။ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာ (၆)ႀကိမ္အထိဗိုလ္စြဲၿပီး ေအာင္ျမင္မႈအမ်ားဆုံးအသင္း

အျဖစ္ရပ္တည္ေနတဲ့ ဆီဗီလာဟာ ကြာတားဖိုင္နယ္အဆင့္မွာ ပရီးမီးယားလိဂ္ထိပ္သီးယူႏိုက္တက္နဲ႔

ရင္ဆိုင္ရမွာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဟာဥေရာပၿပိဳင္ပြဲေတြမွာ ဆီဗီလာနဲ႔ (၃)ႀကိမ္ဆုံေတြ႕ခဲ့ၿပီး

(၁)ပြဲမွ မႏိုင္ခဲ့ပါဘူး။နာမည္ေက်ာ္နည္းျပေဟာင္းေမာ္ရင္ဟိုလက္ထက္ ၂၀၁၇-၁၈ ရာသီခ်န္ပီယံလိဂ္ရႈံး

ထြက္(၁၆)သင္းအဆင့္တုန္းက ဆီဗီလာကို အေဝးကြင္းမွာဂိုးမရွိသေရ၊ အိမ္ကြင္းမွာ (၂-၁)ဂိုးနဲ႔ရႈံးၿပီး

၂၀၁၉-၂၀ ယူ႐ိုပါလိဂ္ဆီမီးဖိုင္နယ္ပြဲမွာလည္း (၂-၁)ဂိုးနဲ႔ ထပ္ရႈံးခဲ့ပါတယ္။ အဲဒါေၾကာင့္ ကာရက္စ္ကို

က“ယူႏိုက္တက္နဲ႔ မဆုံေတြ႕ခ်င္ေပမယ့္ ဒီၿပိဳင္ပြဲမွာ ဗိုလ္စြဲခ်င္တယ္ဆိုရင္ေတာ့ဘယ္လိုအသင္းကိုမဆို

အႏိုင္ယူမွျဖစ္မွာပါ။ ကြၽန္ေတာ္တို႔ဟာ ဒီရာသီယူ႐ိုပါလိဂ္မွာ ဗိုလ္စြဲဖို႔ ေရပန္းစားေနတဲ့အသင္းေတြထဲမွာ

မပါဝင္ဘဲယူႏိုက္တက္အသင္းက ကြၽန္ေတာ္တို႔ထက္ ဘတ္ဂ်က္ (၃)ဆအထိပိုသုံးထားတဲ့အသင္းျဖစ္ပါ

တယ္။ ဒါေပမဲ့ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာကြၽန္ေတာ္တို႔ ေအာင္ျမင္မႈမွတ္တမ္း စိုက္ထူထားသလို ယူႏိုက္တက္

အသင္းကိုလည္း ခ်န္ပီယံလိဂ္မွာ (၁)ႀကိမ္၊ ယူ႐ိုပါလိဂ္မွာ (၁)ႀကိမ္ျဖဳတ္ခ်ခဲ့ဖူးပါတယ္။ ပထမအေက်ာ့

မွာ မရႈံးေအာင္ကစားႏိုင္ရင္ဒုတိယအေက်ာ့အိမ္ကြင္းပြဲမွာ ရလဒ္ေကာင္းရယူၿပီးေတာ့ေနာက္တစ္ဆင့္

တက္ႏိုင္ဖို႔ရွိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။