မန်ယူကိုကယ်တင်ဖို့ ပရီးမီးယားလိဂ်ကို ပြန်လာတာလို့ အလှောင်ခံနေရတဲ့ အင်္ဂလန်အကောင်းဆုံးဒိုင်လူကြီးဟောင်း

တစ်ခေတ်တစ်ခါက အင်္ဂလန်မှာ အကောင်းဆုံးဒိုင်လူကြီးဖြစ်ခဲ့တဲ့ဟောင်းဝပ်ဝက်ဘ်ဟာ ပရီး

မီးယားလိဂ်ရပ်ဝန်းကို ပြန်လာတော့မှာ ဖြစ်ပါတယ်။ဒါဟာ မန်ယူအတွက် သတင်းကောင်းလို့

ဆိုရှယ်မီဒီယာထက်မှာပရိသတ်တွေက ဆိုနေကြတာပါ။ ဘာကြောင့်လဲဆို ဟောင်းဝပ်ဝက်ဘ်

ဟာမန်ယူဒိုင်ရယ်လို့ နာမည်ကြီးခဲ့လို့ပါပဲ။ လက်ရှိပရီးမီးယားလိဂ်ဒိုင်အကြီးအကဲမိုက်ခ်ရီလေး

က ရာထူးက အနားယူတော့မယ်လို့ ကြေညာခဲ့တာမို့ဟောင်းဝပ်ဝက်ဘ်ဟာ သူ့နေရာမှာ အစား

ဝင်မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ လက်ရှိမှာလည်း အသက် ၅၀ အရွယ်ဟောင်းဝပ်

ဝက်ဘ်ဟာ အမေရိကန်မေဂျာလိဂ်မှာ အဲဒီလိုနေရာကိုတာဝန်ယူထားပြီး သူ့ရဲ့စာချုပ်သက်တမ်း

က လာမယ့်ဒီဇင်ဘာမှာ ကုန်ဆုံးမှာပါ။ရဲအရာရှိဟောင်းဖြစ်တဲ့ဟောင်းဝပ်ဝက်ဘ်ဟာ ၂၀၀၃ က

နေ ၂၀၁၄ အထိပရီးမီးယားလိဂ်မှာ ပွဲပေါင်း ၂၉၆ ပွဲကို ကိုင်တွယ်ခဲ့သူဖြစ်ပါတယ်။၂၀၁၄ မှာတော့

ဒိုင်အဖွဲ့ရဲ့နည်းစနစ်ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ဖို့ဒိုင်အဖြစ်က အနားယူခဲ့တာပါ။ အဲဒီ

နောက် ဆော်ဒီဘောလုံးအဖွဲ့ချုပ်ရဲ့ဒိုင်အဖွဲ့ဒါရိုက်တာတာဝန်ထမ်းဖို့ အင်္ဂလိပ်ဘောလုံးကနေ

ထွက်ခွာခဲ့ပါတယ်။အဲဒီကမှတစ်ဆင် ၂၀၁၇ မှာ အမေရိကန်မေဂျာလိဂ်ကို ပြောင်းသွားခဲ့တာပါ။

၂၀၁၀ ကမ္ဘာ့ဖလားဗိုလ်လုပွဲကိုလည်း ကိုင်တွယ်ခဲ့သေးတဲ့ဟောင်းဝပ်ဝက်ဘ်ဟာမန်ယူကိုကယ်

တင်ဖို့ ပရီးမီးယားလိဂ်ကို ပြန်လာတာလို့ ပရိသတ်တွေက အရွန်းဖောက်နေကြပါတယ်။

တစ္ေခတ္တစ္ခါက အဂၤလန္မွာ အေကာင္းဆုံးဒိုင္လူႀကီးျဖစ္ခဲ့တဲ့ေဟာင္းဝပ္ဝက္ဘ္ဟာ ပရီး

မီးယားလိဂ္ရပ္ဝန္းကို ျပန္လာေတာ့မွာ ျဖစ္ပါတယ္။ဒါဟာ မန္ယူအတြက္ သတင္းေကာင္းလို႔

ဆိုရွယ္မီဒီယာထက္မွာပရိသတ္ေတြက ဆိုေနၾကတာပါ။ ဘာေၾကာင့္လဲဆို ေဟာင္းဝပ္ဝက္ဘ္

ဟာမန္ယူဒိုင္ရယ္လို႔ နာမည္ႀကီးခဲ့လို႔ပါပဲ။ လက္ရွိပရီးမီးယားလိဂ္ဒိုင္အႀကီးအကဲမိုက္ခ္ရီေလး

က ရာထူးက အနားယူေတာ့မယ္လို႔ ေၾကညာခဲ့တာမို႔ေဟာင္းဝပ္ဝက္ဘ္ဟာ သူ႔ေနရာမွာ အစား

ဝင္မယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။ လက္ရွိမွာလည္း အသက္ ၅၀ အ႐ြယ္ေဟာင္းဝပ္

ဝက္ဘ္ဟာ အေမရိကန္ေမဂ်ာလိဂ္မွာ အဲဒီလိုေနရာကိုတာဝန္ယူထားၿပီး သူ႔ရဲ႕စာခ်ဳပ္သက္တမ္း

က လာမယ့္ဒီဇင္ဘာမွာ ကုန္ဆုံးမွာပါ။ရဲအရာရွိေဟာင္းျဖစ္တဲ့ေဟာင္းဝပ္ဝက္ဘ္ဟာ ၂၀၀၃ က

ေန ၂၀၁၄ အထိပရီးမီးယားလိဂ္မွာ ပြဲေပါင္း ၂၉၆ ပြဲကို ကိုင္တြယ္ခဲ့သူျဖစ္ပါတယ္။၂၀၁၄ မွာေတာ့

ဒိုင္အဖြဲ႕ရဲ႕နည္းစနစ္ဒါ႐ိုက္တာအျဖစ္ တာဝန္ထမ္းေဆာင္ဖို႔ဒိုင္အျဖစ္က အနားယူခဲ့တာပါ။ အဲဒီ

ေနာက္ ေဆာ္ဒီေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ဒိုင္အဖြဲ႕ဒါ႐ိုက္တာတာဝန္ထမ္းဖို႔ အဂၤလိပ္ေဘာလုံးကေန

ထြက္ခြာခဲ့ပါတယ္။အဲဒီကမွတစ္ဆင္ ၂၀၁၇ မွာ အေမရိကန္ေမဂ်ာလိဂ္ကို ေျပာင္းသြားခဲ့တာပါ။

၂၀၁၀ ကမာၻ႔ဖလားဗိုလ္လုပြဲကိုလည္း ကိုင္တြယ္ခဲ့ေသးတဲ့ေဟာင္းဝပ္ဝက္ဘ္ဟာမန္ယူကိုကယ္

တင္ဖို႔ ပရီးမီးယားလိဂ္ကို ျပန္လာတာလို႔ ပရိသတ္ေတြက အ႐ြန္းေဖာက္ေနၾကပါတယ္။