မန်စီးတီးနှင့်လီဗာပူးကို လိုက်မှီဖို့ အဲရစ်ဆင်ခေါ်လည်းရမှာမဟုတ်ကြောင်း မန်ယူကိုပြောလာတဲ့ ဒန်နီမာလ်ဖီး
မန်ချက်စတာယူနိုက်တက်ဟာဒိန်းမတ်ကွင်းလယ်ကစားသမားခရစ္စတီယန်အဲရစ်ဆင်ကိုခေါ်
ယူလိုက်မှုအတွက်ဝေဖန်မှုများနှင့်ကြုံနေရပါတယ်။ယူနိုက်တက်ဟာခရစ္စတီယန်အဲရစ်ဆင်ကို
သုံးနှစ်စာချုပ်ဖြင့်ခေါ်ယူရန်နှုတ်အားဖြင့်သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်းသိရပါတယ်။ဒါ
ပေမဲ့လီဗာပူးကွင်းလယ်ကစားသမားဟောင်းဒန်နီမာလ်ဖီးကအဲရစ်ဆင်ကိုခေါ်ယူလိုက်ပေမဲ့ယူ
နိုက်တက်မှာမန်စီးတီးနှင့်လီဗာပူးတို့ကိုလိုက်မီရန်အကွာကြီးကွာဟနေဆဲဖြစ်ကြောင်းပြောကြား
သွားပါတယ်။၎င်းက “အဲရစ်ဆင်ကိုကျွန်တော်ကြိုက်တယ်။သူ့ရဲ့ဖန်တီးမှုပိုင်းနဲ့ကစားပုံကိုအထင်
ကြီးပါတယ်။သူ့လွတ်လွတ်လပ်လပ်ကစားတယ်။သူကအမြဲတမ်းကြိုးစားနေတယ်။ခြေနှစ်ဖက်
လုံးကောင်းကောင်းသုံးနိုင်တယ်။ကစားကွက်တည်ဆောက်နိုင်တယ်။ဒါပေမဲ့ကျွန်တော်သာမန်
ချက်စတာယူနိုက်တက်ပရိသတ်တစ်ဦးဆိုရင်ဒီခေါ်ယူမှုအတွက်စိတ်လှုပ်ရှားမယ်ထင်ပါသလား။
သူဟာပွဲထွက်လူစာရင်းမှာပါဝင်ခွင့်ရလာမှာမဟုတ်ပါဘူး။ဖာနန်ဒက်စ်ကိုကျော်ပြီးသူရွေးချယ်ခံ
ရမယ်ထင်လား”လို့talkSPORTသို့ပြောကြားသွားပါတယ်။ဒါ့အပြင်အစီအစဉ်တင်ဆက်သူဂျိမ်ဝှိုက်
ကခရစ္စတီယန်အဲရစ်ဆင်မှာကမ္ဘာ့အဆင့်ကစားသမားတစ်ဦးလားလို့မေးမြန်းမှုကိုဒန်နီမာလ်ဖီး
က “ကမ္ဘာ့အဆင့်လား။မဟုတ်ဘူး။လုံးဝလုံးဝပဲ”လို့ပြောကြားသွားပါတယ်။ဆက်လက်ပြီးမာလ်
ဖီးကခရစ္စတီယန်အဲရစ်ဆင်မှာအသင်းအများစုအတွက်ကောင်းမွန်တဲ့အားဖြည့်မှုဖြစ်ပေမဲ့ယူနိုက်
တက်အတွက်ဖြစ်မနေကြောင်းပြောကြားသွားပါတယ်။