မန်စီးတီးနှင့်ချုပ်ဆိုထားတဲ့စာချုပ်အတွင်းတွင် အချက်သစ်တစ်ခုကိုပါထည့်သွင်း ချုပ်ဆိုထားတဲ့ ဟာလန်း

အသစ်ထွက်ပေါ်လာတဲ့သတင်းအရအာလင်းဟာလန်းရဲ့မန်စီးတီးနှင့်ချုပ်ဆိုထားတဲ့စာချုပ်အတွင်းတွင်

စာချုပ်ဖျက်သိမ်းကြေးထည့်သွင်းချုပ်ဆိုထားကြောင်းသိရပါတယ်။ယခုအပတ်အစောပိုင်းတုန်းကမန်စီ

းတီးကအာလင်းဟာလန်းကိုဒေါ့မွန်မှခေါ်ယူရန်သဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်းကြေညာခဲ့ပါ

တယ်။အာလင်းဟာလန်းဟာမန်စီးတီးနှင့်ငါးနှစ်စာချုပ်ချုပ်ဆိုထားပါတယ်။မန်စီးတီးဟာအာလင်းဟာ

လန်းကိုခေါ်ယူရန်စာချုပ်ဖျက်သိမ်းကြေးပေါင်၅၁သန်းဖြင့်ခေါ်ယူခဲ့ရတယ်ဆိုပေမဲ့ အေးဂျင့်ခကြောင့်

စုစုပေါင်းပေါင်၈၅သန်းအထိအသုံးပြုခဲ့ရတယ်လို့ယူဆရပါတယ်။ဒေါ့မွန်အတွက်၈၈ပွဲကစားရာမှာ၈၅

ဂိုးသွင်းယူနိုင်ခဲ့တဲ့အာလင်းဟာလန်းဟာမန်စီးတီးတွင်တစ်ပတ်လုပ်ခပေါင်၃၇၅၀၀၀ရရှိလာမှာဖြစ်ပြီး

ကီဗင်ဒီဘရိုင်းနဲ့အတူမန်စီးတီးရဲ့လုပ်ခအများဆုံးကစားသမားဖြစ်လာပါမယ်။ဂျာမန်ထိပ်သီးသတင်း

စာ Bildရဲ့ဖော်ပြမှုအရအာလင်းဟာလန်းရဲ့မန်စီးတီးစာချုပ်အတွင်းတွင်၂၀၂၄ခုနှစ်တွင်အီတီဟတ်မှ

ထွက်ခွာနိုင်မယ့်အချက်ကိုထည့်သွင်းထားကြောင်းသိရပါတယ်။ဟာလင်းဟာလန်းရဲ့စာချုပ်တွင်၂၀၂၄

ခုနှစ်တွင်ပြောင်းရွှေ့ကြေးပေါင်၁၂၈သန်းဖြင့်ထွက်ခွာနိုင်မယ့်အချက်ကိုထည့်သွင်းထားတာပါ။မန်စီး

တီးဟာအာလင်းဟာလန်းကိုရောင်းချချိန်မှာနှစ်ဆကျော်ပြန်လည်ရရှိလာမှာလည်းဖြစ်ပါတယ်။

အသက်၂၁နှစ်ရှိအာလင်းဟာလန်းဟာကစားသမားဘဝတစ်လျှောက်ချုပ်ဆိုခဲ့တဲ့စာချုပ်များတွင်စာ

ချုပ်ဖျက်သိမ်းကြေးထည့်သွင်းချုပ်ဆိုလာခဲ့တဲ့သူလည်းဖြစ်ပါတယ်။ရက်ဘူးလ်ဆဲလ်ဘတ်နှင့်ချုပ်

ဆိုခဲ့တဲ့စာချုပ်တွင်ပေါင်၁၇သန်းဖြင့်ထွက်ခွာနိုင်မယ့်အချက်ကိုထည့်သွင်းချုပ်ဆိုခဲ့ပြီးဒေါ့မွန်ကယင်း

ကြေးဖြင့်ခေါ်ယူခဲ့ပါတယ်။သူဟာဒေါ့မွန်သို့ရောက်ချိန်တွင်လည်း၂၀၂၂ခုနှစ်တွင်ပေါင်၆၄သန်းဖြင့်

ထွက်ခွာနိုင်မယ့်အချက်ကိုထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။မန်စီးတီးဟာသူ့ကိုစာချုပ်ပါအချက်ထက်

နည်းပါးတဲ့ပမာဏဖြင့်ခေါ်ယူနိုင်ခဲ့ပါတယ်။အာလင်းဟာလန်းဟာမန်စီးတီးနှင့်ချုပ်ဆိုထားတဲ့စာ

ချုပ်အတွင်းတွင် စာချုပ်ဖျက်သိမ်းကြေးထည့်သွင်းထားရာ၂၀၂၄ခုနှစ်တွင်ရီးရဲလ်မက်ဒရစ်၊ဘာစီလို

နာကဲ့သို့ထိပ်သီးကလပ်တို့ကခေါ်ယူရေးကြိုးပမ်းခြင်းခံလာရနိုင်ပါတယ်။အာလင်းဟာလန်းဟာယ

ခုနွေတွင်ရီးရဲလ်မက်ဒရစ်၊ယူနိုက်တက်၊ဘာစီလိုနာတို့ရဲ့ဆက်သွယ်မှုရခဲ့ပေမဲ့ မန်စီးတီးကိုရွေးချယ်

ခဲ့တာလည်းဖြစ်ပါတယ်။သူဟာ မန်စီးတီးတွင်ဖခင်ဖြစ်သူကစားခဲ့တဲ့အချက်၊မန်စီးတီးတွင်အသင်း

လိုက်ဆုများအပြင်တကိုယ်တော်ဆုများလည်ပိုမိုရလာနိုင်တဲ့အချက်တို့ကြောင့်ရွေးချယ်ခဲ့တာပါ။

အသစ္ထြက္ေပၚလာတဲ့သတင္းအရအာလင္းဟာလန္းရဲ႕မန္စီးတီးႏွင့္ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္အတြင္းတြင္

စာခ်ဳပ္ဖ်က္သိမ္းေၾကးထည့္သြင္းခ်ဳပ္ဆိုထားေၾကာင္းသိရပါတယ္။ယခုအပတ္အေစာပိုင္းတုန္းကမန္စီ

းတီးကအာလင္းဟာလန္းကိုေဒါ့မြန္မွေခၚယူရန္သေဘာတူညီမႈရရွိသြားၿပီျဖစ္ေၾကာင္းေၾကညာခဲ့ပါ

တယ္။အာလင္းဟာလန္းဟာမန္စီးတီးႏွင့္ငါးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုထားပါတယ္။မန္စီးတီးဟာအာလင္းဟာ

လန္းကိုေခၚယူရန္စာခ်ဳပ္ဖ်က္သိမ္းေၾကးေပါင္၅၁သန္းျဖင့္ေခၚယူခဲ့ရတယ္ဆိုေပမဲ့ ေအးဂ်င့္ခေၾကာင့္

စုစုေပါင္းေပါင္၈၅သန္းအထိအသုံးျပဳခဲ့ရတယ္လို႔ယူဆရပါတယ္။ေဒါ့မြန္အတြက္၈၈ပြဲကစားရာမွာ၈၅

ဂိုးသြင္းယူႏိုင္ခဲ့တဲ့အာလင္းဟာလန္းဟာမန္စီးတီးတြင္တစ္ပတ္လုပ္ခေပါင္၃၇၅၀၀၀ရရွိလာမွာျဖစ္ၿပီး

ကီဗင္ဒီဘ႐ိုင္းနဲ႔အတူမန္စီးတီးရဲ႕လုပ္ခအမ်ားဆုံးကစားသမားျဖစ္လာပါမယ္။ဂ်ာမန္ထိပ္သီးသတင္း

စာ Bildရဲ႕ေဖာ္ျပမႈအရအာလင္းဟာလန္းရဲ႕မန္စီးတီးစာခ်ဳပ္အတြင္းတြင္၂၀၂၄ခုႏွစ္တြင္အီတီဟတ္မွ

ထြက္ခြာႏိုင္မယ့္အခ်က္ကိုထည့္သြင္းထားေၾကာင္းသိရပါတယ္။ဟာလင္းဟာလန္းရဲ႕စာခ်ဳပ္တြင္၂၀၂၄

ခုႏွစ္တြင္ေျပာင္းေ႐ႊ႕ေၾကးေပါင္၁၂၈သန္းျဖင့္ထြက္ခြာႏိုင္မယ့္အခ်က္ကိုထည့္သြင္းထားတာပါ။မန္စီး

တီးဟာအာလင္းဟာလန္းကိုေရာင္းခ်ခ်ိန္မွာႏွစ္ဆေက်ာ္ျပန္လည္ရရွိလာမွာလည္းျဖစ္ပါတယ္။

အသက္၂၁ႏွစ္ရွိအာလင္းဟာလန္းဟာကစားသမားဘဝတစ္ေလွ်ာက္ခ်ဳပ္ဆိုခဲ့တဲ့စာခ်ဳပ္မ်ားတြင္စာ

ခ်ဳပ္ဖ်က္သိမ္းေၾကးထည့္သြင္းခ်ဳပ္ဆိုလာခဲ့တဲ့သူလည္းျဖစ္ပါတယ္။ရက္ဘူးလ္ဆဲလ္ဘတ္ႏွင့္ခ်ဳပ္

ဆိုခဲ့တဲ့စာခ်ဳပ္တြင္ေပါင္၁၇သန္းျဖင့္ထြက္ခြာႏိုင္မယ့္အခ်က္ကိုထည့္သြင္းခ်ဳပ္ဆိုခဲ့ၿပီးေဒါ့မြန္ကယင္း

ေၾကးျဖင့္ေခၚယူခဲ့ပါတယ္။သူဟာေဒါ့မြန္သို႔ေရာက္ခ်ိန္တြင္လည္း၂၀၂၂ခုႏွစ္တြင္ေပါင္၆၄သန္းျဖင့္

ထြက္ခြာႏိုင္မယ့္အခ်က္ကိုထည့္သြင္းခ်ဳပ္ဆိုခဲ့ပါတယ္။မန္စီးတီးဟာသူ႔ကိုစာခ်ဳပ္ပါအခ်က္ထက္

နည္းပါးတဲ့ပမာဏျဖင့္ေခၚယူႏိုင္ခဲ့ပါတယ္။အာလင္းဟာလန္းဟာမန္စီးတီးႏွင့္ခ်ဳပ္ဆိုထားတဲ့စာ

ခ်ဳပ္အတြင္းတြင္ စာခ်ဳပ္ဖ်က္သိမ္းေၾကးထည့္သြင္းထားရာ၂၀၂၄ခုႏွစ္တြင္ရီးရဲလ္မက္ဒရစ္၊ဘာစီလို

နာကဲ့သို႔ထိပ္သီးကလပ္တို႔ကေခၚယူေရးႀကိဳးပမ္းျခင္းခံလာရႏိုင္ပါတယ္။အာလင္းဟာလန္းဟာယ

ခုေႏြတြင္ရီးရဲလ္မက္ဒရစ္၊ယူႏိုက္တက္၊ဘာစီလိုနာတို႔ရဲ႕ဆက္သြယ္မႈရခဲ့ေပမဲ့ မန္စီးတီးကိုေ႐ြးခ်ယ္

ခဲ့တာလည္းျဖစ္ပါတယ္။သူဟာ မန္စီးတီးတြင္ဖခင္ျဖစ္သူကစားခဲ့တဲ့အခ်က္၊မန္စီးတီးတြင္အသင္း

လိုက္ဆုမ်ားအျပင္တကိုယ္ေတာ္ဆုမ်ားလည္ပိုမိုရလာႏိုင္တဲ့အခ်က္တို႔ေၾကာင့္ေ႐ြးခ်ယ္ခဲ့တာပါ။