
ယူနိုက်တက်ပရိသတ်တွေအတွက် မန်ချက်စတာ ဒါဘီပွဲစဉ်မှာ မန်စီးတီးကို အနိုင်ရအောင်ကစားရမယ်ဆို
ပြီး ခံစစ်မှူးဗာရန်းက ပြောဆိုလာပါတယ်။“ကျွန်တော်တို့တွေ ပြိုင်ဘက်အသင်းတွေနဲ့ရင်ဆိုင်ရာမှာ အဓိ
ကတွန်းအားဖြစ်စေမှုက ပရိသတ်တွေဆီကလာတာပါ။ဒါဘီပွဲစဉ်ရဲ့ပြိုင်ဆိုင်မှုက ပရိသတ်ဆီကနေလာ
တာဖြစ်သလို ဒီပွဲစဉ်က အရေးကြီးတဲ့ပွဲစဉ်တစ်ပွဲလည်းဖြစ်ပါတယ်။အသင်းပရိသတ်တွေရဲ့ ပြိုင်ဆိုင်လို
စိတ်ကိုလည်း ကျွန်တော်တို့တွေက လေးစားတန်ဖိုးထားပါတယ်။ကျွန်တော်တို့တွေက ပရိသတ်တွေကို
လည်း ပျော်ရွှင်စေချင်ပါတယ်။ဒါကြောင့်လည်း မန်စီးတီး၊ လီဗာပူးတို့လို အသင်းတွေနဲ့ ပွဲတွေမှာ အနိုင်
ယူဖို့ စိတ်ပိုင်းဖြတ်ထားကြတာပါ။ပရိသတ်က ဘာလိုချင်လည်း ဘာတွေလုပ်ပြရမလဲသိထားဖို့လိုပါတယ်။
ဒါကအရေးအကြီးဆုံးအချက်ပါ”ဆိုပြီး ပရိသတ်တွေ အသည်းအသန်အားပေးတဲ့ ဒါဘီပွဲစဉ်လိုမျိုးပွဲတွေ
မှာ အသင်းအနေနဲ့ အနိုင်ကစားဖို့လိုအပ်တယ်ဆိုပြီးပြင်သစ်မီဒီယာL’Equipeနဲ့ အင်တာဗျူးမှာ ဗာရန်းက
ပြောကြားခဲ့ပါတယ်။ဗာရန်းဟာ မနှစ်က ရီးရဲလ်ကနေ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပေမယ့်
ဒဏ်ရာပြဿနာတွေကြောင့် ပုံမှန်ပွဲထွက်ခွင့်မရရှိခဲ့ပါဘူး။ဒီနှစ် နည်းပြ တန်ဟဂ် ရောက်လာတော့မှသာ
အသင်းရဲ့ ဗဟိုခံစစ်နေရာကနေ အကောင်းဆုံးကစားနိုင်ခဲ့ပြီး ခြေစွမ်းပြနိုင်နေသူလည်းဖြစ်ပါတယ်။ရာသီ
အစပွဲစဉ် နှစ်ပွဲကို ရှုံးနိမ့်ခဲ့ပေမယ့် လီဗာပူးလ်အသင်းနဲ့တွေ့ဆုံခဲ့တဲ့ပွဲစဉ်ကစပြီး (၄)ပွဲဆက်နိုင်ပွဲရယူထား
တဲ့ ယူနိုက်တက်ရဲ့ ခြေစွမ်းဟာလည်း စိတ်ဝင်စားစရာဖြစ်နေသလိုဒီရာသီမှာ ခြေစွမ်းပြပြီး နိုင်ပွဲဆက်နေ
တဲ့ အာဆင်နယ်ကို အိုးထရက်ဖိုဒ်မှာ နိုင်ပွဲရပ်တန့်စေလိုက်တဲ့အထိစွမ်းဆောင်နိုင်ခဲ့တာတွေကလည်း
မန်စီးတီးနဲ့တွေ့ဆုံမယ့် ပွဲစဉ်အတွက် ယူနိုက်တက်အသင်းရဲ့အနေအထားကစိတ်ဝင်စားစရာပါပဲ။ဒီပွဲစဉ်
မှာ အဲရစ်တန်ဟဂ် ဘယ်လိုဗျူဟာထုတ်လာမလဲ၊ နိုင်ငံပွဲစဉ်တွေက ပြန်လာတဲ့ ကစားသမားတွေရဲ့စုဖွဲ့မှု
မှာဘယ်အသင်းက အသာစီးရယူနိုင်မလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်သလို ဒေါ့မွန်အသင်းမှာ တွဲဖက်ညီခဲ့
ကြတဲ့ ဆန်ချိုနဲ့ဟာလန်းတို့ရဲ့ ပြန်လည်တွေ့ဆုံမှု၊မန်စီးတီးရဲ့ ကွင်းလယ် ဖန်တီးရှင် ဒီဘရိုင်းကို နိုင်ငံအ
သင်းနဲ့ပွဲစဉ်မှာ လှုပ်မရအောင်ချုပ်ထားနိုင်ခဲ့တဲ့နယ်သာလန်ခံစစ်မှူး မာလာစီယာရဲ့စွမ်းဆောင်မှုတွေက
ဒါဘီပွဲစဉ်ကို ပရိသတ်တွေ စောင့်ကြည့်ချင်စရာဖြစ်နေပါတယ်။မန်ချက်စတာ ဒါဘီပွဲစဉ်က လာမယ့်
တနင်္ဂနွေည ရး၃၀မှာ မန်စီးတီးရဲ့အိမ်ကွင်း အီတင်ဟတ်မှာ ကစားသွားမှာလည်း ဖြစ်ပါတယ်။
ယူႏိုက္တက္ပရိသတ္ေတြအတြက္ မန္ခ်က္စတာ ဒါဘီပြဲစဥ္မွာ မန္စီးတီးကို အႏိုင္ရေအာင္ကစားရမယ္ဆို
ၿပီး ခံစစ္မႉးဗာရန္းက ေျပာဆိုလာပါတယ္။“ကြၽန္ေတာ္တို႔ေတြ ၿပိဳင္ဘက္အသင္းေတြနဲ႔ရင္ဆိုင္ရာမွာ အဓိ
ကတြန္းအားျဖစ္ေစမႈက ပရိသတ္ေတြဆီကလာတာပါ။ဒါဘီပြဲစဥ္ရဲ႕ၿပိဳင္ဆိုင္မႈက ပရိသတ္ဆီကေနလာ
တာျဖစ္သလို ဒီပြဲစဥ္က အေရးႀကီးတဲ့ပြဲစဥ္တစ္ပြဲလည္းျဖစ္ပါတယ္။အသင္းပရိသတ္ေတြရဲ႕ ၿပိဳင္ဆိုင္လို
စိတ္ကိုလည္း ကြၽန္ေတာ္တို႔ေတြက ေလးစားတန္ဖိုးထားပါတယ္။ကြၽန္ေတာ္တို႔ေတြက ပရိသတ္ေတြကို
လည္း ေပ်ာ္႐ႊင္ေစခ်င္ပါတယ္။ဒါေၾကာင့္လည္း မန္စီးတီး၊ လီဗာပူးတို႔လို အသင္းေတြနဲ႔ ပြဲေတြမွာ အႏိုင္
ယူဖို႔ စိတ္ပိုင္းျဖတ္ထားၾကတာပါ။ပရိသတ္က ဘာလိုခ်င္လည္း ဘာေတြလုပ္ျပရမလဲသိထားဖို႔လိုပါတယ္။
ဒါကအေရးအႀကီးဆုံးအခ်က္ပါ”ဆိုၿပီး ပရိသတ္ေတြ အသည္းအသန္အားေပးတဲ့ ဒါဘီပြဲစဥ္လိုမ်ိဳးပြဲေတြ
မွာ အသင္းအေနနဲ႔ အႏိုင္ကစားဖို႔လိုအပ္တယ္ဆိုၿပီးျပင္သစ္မီဒီယာL’Equipeနဲ႔ အင္တာဗ်ဴးမွာ ဗာရန္းက
ေျပာၾကားခဲ့ပါတယ္။ဗာရန္းဟာ မႏွစ္က ရီးရဲလ္ကေန အိုးထရက္ဖို႔ဒ္ကို ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ေပမယ့္
ဒဏ္ရာျပႆနာေတြေၾကာင့္ ပုံမွန္ပြဲထြက္ခြင့္မရရွိခဲ့ပါဘူး။ဒီႏွစ္ နည္းျပ တန္ဟဂ္ ေရာက္လာေတာ့မွသာ
အသင္းရဲ႕ ဗဟိုခံစစ္ေနရာကေန အေကာင္းဆုံးကစားႏိုင္ခဲ့ၿပီး ေျခစြမ္းျပႏိုင္ေနသူလည္းျဖစ္ပါတယ္။ရာသီ
အစပြဲစဥ္ ႏွစ္ပြဲကို ရႈံးနိမ့္ခဲ့ေပမယ့္ လီဗာပူးလ္အသင္းနဲ႔ေတြ႕ဆုံခဲ့တဲ့ပြဲစဥ္ကစၿပီး (၄)ပြဲဆက္ႏိုင္ပြဲရယူထား
တဲ့ ယူႏိုက္တက္ရဲ႕ ေျခစြမ္းဟာလည္း စိတ္ဝင္စားစရာျဖစ္ေနသလိုဒီရာသီမွာ ေျခစြမ္းျပၿပီး ႏိုင္ပြဲဆက္ေန
တဲ့ အာဆင္နယ္ကို အိုးထရက္ဖိုဒ္မွာ ႏိုင္ပြဲရပ္တန႔္ေစလိုက္တဲ့အထိစြမ္းေဆာင္ႏိုင္ခဲ့တာေတြကလည္း
မန္စီးတီးနဲ႔ေတြ႕ဆုံမယ့္ ပြဲစဥ္အတြက္ ယူႏိုက္တက္အသင္းရဲ႕အေနအထားကစိတ္ဝင္စားစရာပါပဲ။ဒီပြဲစဥ္
မွာ အဲရစ္တန္ဟဂ္ ဘယ္လိုဗ်ဴဟာထုတ္လာမလဲ၊ ႏိုင္ငံပြဲစဥ္ေတြက ျပန္လာတဲ့ ကစားသမားေတြရဲ႕စုဖြဲ႕မႈ
မွာဘယ္အသင္းက အသာစီးရယူႏိုင္မလဲဆိုတာ စိတ္ဝင္စားစရာ ျဖစ္သလို ေဒါ့မြန္အသင္းမွာ တြဲဖက္ညီခဲ့
ၾကတဲ့ ဆန္ခ်ိဳနဲ႔ဟာလန္းတို႔ရဲ႕ ျပန္လည္ေတြ႕ဆုံမႈ၊မန္စီးတီးရဲ႕ ကြင္းလယ္ ဖန္တီးရွင္ ဒီဘ႐ိုင္းကို ႏိုင္ငံအ
သင္းနဲ႔ပြဲစဥ္မွာ လႈပ္မရေအာင္ခ်ဳပ္ထားႏိုင္ခဲ့တဲ့နယ္သာလန္ခံစစ္မႉး မာလာစီယာရဲ႕စြမ္းေဆာင္မႈေတြက
ဒါဘီပြဲစဥ္ကို ပရိသတ္ေတြ ေစာင့္ၾကည့္ခ်င္စရာျဖစ္ေနပါတယ္။မန္ခ်က္စတာ ဒါဘီပြဲစဥ္က လာမယ့္
တနဂၤေႏြည ရး၃၀မွာ မန္စီးတီးရဲ႕အိမ္ကြင္း အီတင္ဟတ္မွာ ကစားသြားမွာလည္း ျဖစ္ပါတယ္။