
ဘာစီလိုနာကို ဒီနွေရာသီမှာပြောင်းရွှေ့ဖို့အတွက် မန်စီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗား
က သူ့ရဲ့အေးဂျင့်ဖြစ်သူကိုမီးစိမ်းပြခဲ့တယ်လို့ သိရပါတယ်။ ဆေးလ်ဗားဟာ မန်စီးတီးနဲ့ ၂၀၂၅
ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပေမယ့်လည်း သူ့ရဲ့ကစားသမားဘ၀အတွက် နောက်ထပ်အ
ခန်းကဏ္ဍသစ်တွေကို ရင်ဆိုင်ချင်တာကြောင့် နူးကမ့်ကိုပြောင်းရွှေ့ချင်နေတယ်လို့ စပိန်သ
တင်းစာ SPORT က ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘာနာဒိုဆေးလ်ဗားအတွက် ပေါင် ၈၆
သန်းအထိ ပေးချေရဖို့ရှိနေတာက ဘာစီလိုနာကို ကြီးမားတဲ့အခက်အခဲတခုဖြစ်နေစေပါတယ်။
ဘဏ္ဍာရေးပြသနာတွေရှိနေလို့ ဘာစီလိုနာဟာ အသစ်ခေါ်ယူထားတဲ့ ခရစ္စတီယန်ဆန်နဲ့ ကက်
ဆီတို့ကိုတောင် မှတ်ပုံတင်စာရင်းသွင်းခြင်းမလုပ်နိုင်သေးဘဲရှိနေကာ အသင်းရဲ့ ကစားသမား
၈ ဦးအထိကို ရောင်းချဖို့ ကြိုးစားနေရပါတယ်။ အသက် ၂၇ နှစ်အရွယ် ဘာနာဒိုဆေးလ်ဗားဟာ
မန်စီးတီးအတွက် ၂၄၉ ပွဲကစားပြီး သွင်းဂိုး ၄၈ ဂိုးနဲ့ ဖန်တိးမှု ၅၀ ကြိမ်အထိပြုလုပ်ထားပေးနိုင်
ခဲ့ကာ အမှတ်ပေးဖလား ၄ လုံးကို ၅နှစ်အတွင်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ကစားသမားဘက်က လာ
မယ်ဆိုရင်တောင်မှ ဝယ်ယူဖို့အတွက် ငွေကြေးအင်အားမရှိတာက ဘာစီလိုနာအတွက် တော်
တော်လေးကို နစ်နာမှုတခုလည်းဖြစ်ပါတယ်။ လက်ရှိမှာ ဒီဂျောင်ကို ဝယ်ယူဖို့ ယူနိုက်တက်က
ကြိုးပမ်းနေပြီး အဆိုပါရောင်းချမှုကရရှိမယ့် ငွေကြေးနဲ့ဆိုရင်တော့ ဘာနာဒိုဆေးလ်ဗားကို သူ
တို့ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဂျောင်ကို ရောင်းချဖို့ ဆန္ဒမရှိဘူးလို့ ဘာကာဥက္ကဌ
လာပေါ်တာက ပြောဆိုထားပြီး ဆေးလ်ဗားကိုခေါ်ယူရာမှာ အရစ်ကျပေးချေနိုင်မယ့်ပုံစံမျိုးနဲ့
ရရှိအောင် အားထုတ်လာဖွယ်ရာရှိနေပါတယ်။
ဘာစီလိုနာကို ဒီေႏြရာသီမွာေျပာင္းေ႐ႊ႕ဖို႔အတြက္ မန္စီးတီးကြင္းလယ္လူ ဘာနာဒိုေဆးလ္ဗား
က သူ႔ရဲ႕ေအးဂ်င့္ျဖစ္သူကိုမီးစိမ္းျပခဲ့တယ္လို႔ သိရပါတယ္။ ေဆးလ္ဗားဟာ မန္စီးတီးနဲ႔ ၂၀၂၅
ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းရွိေနေပမယ့္လည္း သူ႔ရဲ႕ကစားသမားဘ၀အတြက္ ေနာက္ထပ္အ
ခန္းက႑သစ္ေတြကို ရင္ဆိုင္ခ်င္တာေၾကာင့္ ႏူးကမ့္ကိုေျပာင္းေ႐ႊ႕ခ်င္ေနတယ္လို႔ စပိန္သ
တင္းစာ SPORT က ေဖာ္ျပခဲ့ပါတယ္။ ဒါေပမယ့္လည္း ဘာနာဒိုေဆးလ္ဗားအတြက္ ေပါင္ ၈၆
သန္းအထိ ေပးေခ်ရဖို႔ရွိေနတာက ဘာစီလိုနာကို ႀကီးမားတဲ့အခက္အခဲတခုျဖစ္ေနေစပါတယ္။
ဘ႑ာေရးျပသနာေတြရွိေနလို႔ ဘာစီလိုနာဟာ အသစ္ေခၚယူထားတဲ့ ခရစၥတီယန္ဆန္နဲ႔ ကက္
ဆီတို႔ကိုေတာင္ မွတ္ပုံတင္စာရင္းသြင္းျခင္းမလုပ္ႏိုင္ေသးဘဲရွိေနကာ အသင္းရဲ႕ ကစားသမား
၈ ဦးအထိကို ေရာင္းခ်ဖို႔ ႀကိဳးစားေနရပါတယ္။ အသက္ ၂၇ ႏွစ္အ႐ြယ္ ဘာနာဒိုေဆးလ္ဗားဟာ
မန္စီးတီးအတြက္ ၂၄၉ ပြဲကစားၿပီး သြင္းဂိုး ၄၈ ဂိုးနဲ႔ ဖန္တိးမႈ ၅၀ ႀကိမ္အထိျပဳလုပ္ထားေပးႏိုင္
ခဲ့ကာ အမွတ္ေပးဖလား ၄ လုံးကို ၅ႏွစ္အတြင္း ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ကစားသမားဘက္က လာ
မယ္ဆိုရင္ေတာင္မွ ဝယ္ယူဖို႔အတြက္ ေငြေၾကးအင္အားမရွိတာက ဘာစီလိုနာအတြက္ ေတာ္
ေတာ္ေလးကို နစ္နာမႈတခုလည္းျဖစ္ပါတယ္။ လက္ရွိမွာ ဒီေဂ်ာင္ကို ဝယ္ယူဖို႔ ယူႏိုက္တက္က
ႀကိဳးပမ္းေနၿပီး အဆိုပါေရာင္းခ်မႈကရရွိမယ့္ ေငြေၾကးနဲ႔ဆိုရင္ေတာ့ ဘာနာဒိုေဆးလ္ဗားကို သူ
တို႔ေခၚယူႏိုင္မွာျဖစ္ပါတယ္။ ဒါေပမယ့္ ဒီေဂ်ာင္ကို ေရာင္းခ်ဖို႔ ဆႏၵမရွိဘူးလို႔ ဘာကာဥကၠဌ
လာေပၚတာက ေျပာဆိုထားၿပီး ေဆးလ္ဗားကိုေခၚယူရာမွာ အရစ္က်ေပးေခ်ႏိုင္မယ့္ပုံစံမ်ိဳးနဲ႔
ရရွိေအာင္ အားထုတ္လာဖြယ္ရာရွိေနပါတယ္။