
အာဆင်နယ်ကစားသမားသစ် ဂါဘီယဲလ်ဂျေးဆုကတော့ အခုနွေရာသီမှာအာဆင်နယ်ကို ပြောင်း
လာတဲ့သူလို့တောင် မထင်မရဘဲ အသင်းမှာနှစ်အကြာကြီးကစားထားတဲ့ ကစားသမားတစ်ယောက်
လို့ ထင်ရလောက်အောင်ခြေစွမ်းပြနေပါတယ်။ မန်စီးတီးအသင်းကနေ ပေါင်(၄၅)သန်းနဲ့ပြောင်း
ရွှေ့ခဲ့တဲ့ဂျေးဆုဟာ သူ့ရဲ့အရည်အချင်းက ဘယ်အဆင့်မှာရှိလဲဆိုတာ မန်စီးတီးကစားသမားဘဝ
မှာကတည်းက သက်သေပြပြီးဖြစ်သလို ဒီလိုကစားသမားမျိုးကိုခေါ်နိုင်ခဲ့တာက အာဆင်နယ်အ
တွက် အကျိုးကျေးဇူးအများကြီးရရှိနေပြီဆိုတာအခု ဂျေးဆုရဲ့သွင်းဂိုးတွေက သက်သေပြနေပါပြီ။
နာမည်ကျော်တိုက်စစ်မှူးအူဘာမီယန်းကို လက်လွှတ်လိုက်ချိန်မှာ တိုက်စစ်ပိုင်းအတွက် ကစား
သမားသစ်မခေါ်လို့ မကျေမနပ်ဖြစ်ခဲ့ကြတဲ့ အာဆင်နယ်ပရိသတ်တွေကတော့ ဂျေးဆုရဲ့ခြေစွမ်း
ကြောင့် ဝမ်းသာအားရဖြစ်နေလိမ့်မယ်ဆိုတာ အသေအချာပါပဲ။အီမရိတ်ဖလားပွဲအဖြစ် ဆီဗီလာ
ကို(၆-ဝ)ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ ဂျေးဆုကကိုယ့်ကွင်း၊ ကိုယ့်ပရိသတ်တွေရှေ့မှာပဲ ဟက်ထရစ်
သွင်းပြလိုက်ပြီးအချိန်တိုအတွင်းမှာပဲ ပရိသတ်အချစ်တော်ကစားသမားဖြစ်လာပါပြီ။အခုဆိုရင်
အသင်းရဲ့ခြေစမ်းပွဲတွေမှာ ဂျေးဆုသွင်းခဲ့တာက (၇)ဂိုးအထိရှိခဲ့ပြီးဒါက ကစားသမားသစ်တစ်ဦး
အတွက် မယုံနိုင်လောက်တဲ့ စွမ်းဆောင်ရည်ဖြစ်ပါတယ်။ ဂျေးဆုလို ဂိုးသွင်းစက်တစ်လုံးကို ပိုင်
ဆိုင်ထားပြီဖြစ်တာကြောင့်အာဆင်နယ်ပရိသတ်တွေ လာမယ့်ရာသီပရီးမီးယားလိဂ်ဖလားကိုသူ
တို့အသင်းစိန်ခေါ်နိုင်စွမ်းရှိနေပြီလို့ ယူဆနေတာက ဖြစ်သင့်ပါတယ်။မန်စီးတီးအသင်းမှာကစား
ခဲ့တဲ့ (၆)ရာသီအတွင်း (၂၃၆)ပွဲကစား၊(၉၅)ဂိုးသွင်းယူခဲ့တဲ့ ဂျေးဆုဟာ အာဆင်နယ်အသင်းမှာ
အဲဒီထက်ပိုများတဲ့ဂိုးတွေ သွင်းယူဖို့ အသင့်ရှိနေပါပြီ။ ပရီးမီးယားလိဂ်ရာသီသစ်ကလည်းမကြာ
ခင်စတင်တော့မှာဖြစ်လို့ ဂျေးဆုအနေနဲ့ အခုပုံစံကောင်းကိုဆက်လက်ထိန်းသိမ်းနိုင်ဖို့တော့ လို
ပါတယ်။ ဘာပဲဖြစ်ဖြစ် ဂျေးဆုဟာအာဆင်နယ်အတွက် ဘုရားသခင်က လက်ဆောင်ပေးလိုက်
တဲ့ဆုလာဘ်တစ်ခုလို့ တင်စားရမှာဖြစ်ပြီး ဂန်းနားတို့ကို တစ်ချိန်ကအောင်မြင်မှုမျိုးရယူနိုင်အောင်
ဦးဆောင်မယ့်သူဖြစ်လာမလားဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတော့တယ် . . . .
အာဆင္နယ္ကစားသမားသစ္ ဂါဘီယဲလ္ေဂ်းဆုကေတာ့ အခုေႏြရာသီမွာအာဆင္နယ္ကို ေျပာင္း
လာတဲ့သူလို႔ေတာင္ မထင္မရဘဲ အသင္းမွာႏွစ္အၾကာႀကီးကစားထားတဲ့ ကစားသမားတစ္ေယာက္
လို႔ ထင္ရေလာက္ေအာင္ေျခစြမ္းျပေနပါတယ္။ မန္စီးတီးအသင္းကေန ေပါင္(၄၅)သန္းနဲ႔ေျပာင္း
ေ႐ႊ႕ခဲ့တဲ့ေဂ်းဆုဟာ သူ႔ရဲ႕အရည္အခ်င္းက ဘယ္အဆင့္မွာရွိလဲဆိုတာ မန္စီးတီးကစားသမားဘဝ
မွာကတည္းက သက္ေသျပၿပီးျဖစ္သလို ဒီလိုကစားသမားမ်ိဳးကိုေခၚႏိုင္ခဲ့တာက အာဆင္နယ္အ
တြက္ အက်ိဳးေက်းဇူးအမ်ားႀကီးရရွိေနၿပီဆိုတာအခု ေဂ်းဆုရဲ႕သြင္းဂိုးေတြက သက္ေသျပေနပါၿပီ။
နာမည္ေက်ာ္တိုက္စစ္မႉးအူဘာမီယန္းကို လက္လႊတ္လိုက္ခ်ိန္မွာ တိုက္စစ္ပိုင္းအတြက္ ကစား
သမားသစ္မေခၚလို႔ မေက်မနပ္ျဖစ္ခဲ့ၾကတဲ့ အာဆင္နယ္ပရိသတ္ေတြကေတာ့ ေဂ်းဆုရဲ႕ေျခစြမ္း
ေၾကာင့္ ဝမ္းသာအားရျဖစ္ေနလိမ့္မယ္ဆိုတာ အေသအခ်ာပါပဲ။အီမရိတ္ဖလားပြဲအျဖစ္ ဆီဗီလာ
ကို(၆-ဝ)ဂိုးျပတ္အႏိုင္ရခဲ့တဲ့ပြဲမွာ ေဂ်းဆုကကိုယ့္ကြင္း၊ ကိုယ့္ပရိသတ္ေတြေရွ႕မွာပဲ ဟက္ထရစ္
သြင္းျပလိုက္ၿပီးအခ်ိန္တိုအတြင္းမွာပဲ ပရိသတ္အခ်စ္ေတာ္ကစားသမားျဖစ္လာပါၿပီ။အခုဆိုရင္
အသင္းရဲ႕ေျခစမ္းပြဲေတြမွာ ေဂ်းဆုသြင္းခဲ့တာက (၇)ဂိုးအထိရွိခဲ့ၿပီးဒါက ကစားသမားသစ္တစ္ဦး
အတြက္ မယုံႏိုင္ေလာက္တဲ့ စြမ္းေဆာင္ရည္ျဖစ္ပါတယ္။ ေဂ်းဆုလို ဂိုးသြင္းစက္တစ္လုံးကို ပိုင္
ဆိုင္ထားၿပီျဖစ္တာေၾကာင့္အာဆင္နယ္ပရိသတ္ေတြ လာမယ့္ရာသီပရီးမီးယားလိဂ္ဖလားကိုသူ
တို႔အသင္းစိန္ေခၚႏိုင္စြမ္းရွိေနၿပီလို႔ ယူဆေနတာက ျဖစ္သင့္ပါတယ္။မန္စီးတီးအသင္းမွာကစား
ခဲ့တဲ့ (၆)ရာသီအတြင္း (၂၃၆)ပြဲကစား၊(၉၅)ဂိုးသြင္းယူခဲ့တဲ့ ေဂ်းဆုဟာ အာဆင္နယ္အသင္းမွာ
အဲဒီထက္ပိုမ်ားတဲ့ဂိုးေတြ သြင္းယူဖို႔ အသင့္ရွိေနပါၿပီ။ ပရီးမီးယားလိဂ္ရာသီသစ္ကလည္းမၾကာ
ခင္စတင္ေတာ့မွာျဖစ္လို႔ ေဂ်းဆုအေနနဲ႔ အခုပုံစံေကာင္းကိုဆက္လက္ထိန္းသိမ္းႏိုင္ဖို႔ေတာ့ လို
ပါတယ္။ ဘာပဲျဖစ္ျဖစ္ ေဂ်းဆုဟာအာဆင္နယ္အတြက္ ဘုရားသခင္က လက္ေဆာင္ေပးလိုက္
တဲ့ဆုလာဘ္တစ္ခုလို႔ တင္စားရမွာျဖစ္ၿပီး ဂန္းနားတို႔ကို တစ္ခ်ိန္ကေအာင္ျမင္မႈမ်ိဳးရယူႏိုင္ေအာင္
ဦးေဆာင္မယ့္သူျဖစ္လာမလားဆိုတာေစာင့္ၾကည့္ရမွာပဲျဖစ္ပါေတာ့တယ္ . . . .