မန်ချက်စတာ ယူနိုက်တက်အသင်းအနေနဲ့ လာမယ့် တနင်္ဂနွေနေ့မှာ အီတီဟတ်ကွင်းတွင် မန်ချက်စတာ
စီးတီးအသင်းနဲ့ ကစားရဖို့ ရှိနေပါတယ်။ယူနိုက်တက်က နောက်ဆုံး ပွဲစဥ်မှာ အာဆင်နယ်ကို အိုးထရတ်
ဖို့ဒ်တွင် ( ၃-၁ ) ရလာဒ်နဲ့ အနိုင်ကစားထားရပါတယ်။ တစ်ဖက်မှာ စီးတီးကလည်း တိုက်စစ်မှူးသစ် ဟာ
လန်းနဲ့အတူ ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေပါတယ်။ဟာလန်းက ဒီရာသီ ပြိုင်ပွဲစုံ (
၁၀ ) ပွဲမှာ ( ၁၄ ) ဂိုးသွင်းပြီး ရပ်တန့်လို့မရနိုင်တဲ့ အနေအထားရောက်နေပါတယ်။ ဒါ့အပြင် အယ်လ်ခိုင်
ဂန်ဒိုဂန်ကလည်း ဧရိယာထဲမှာ နေရာလွတ်တွေ ပြန်လည်တွေ့ရှိလာပြီး ဂိုးတွေ သွင်းနေပြန်ပါတယ်။ ဒီ
ဘရိုင်းနား ၊ ဘာနာဒို ဆေးလ်ဗားတို့ကလည်း ယခင်လိုပဲ အကောင်းဆုံး ဖန်တီးနိုင်စွမ်းကို ပိုင်ဆိုင်ထား
ဆဲပါ။ဒါဆို ယူနိုက်တက်အနေနဲ့ စီးတီးကို ဘယ်လို ထိုးဖောက်မလဲ ?ဟိုတုန်းက ပက်ရဲ့ အသင်းတွေလို
ပဲ ဒီ စီးတီးအသင်းကလည်း တန်ပြတ် တိုက်စစ်တွေ ၊ လျင်မြန်တဲ့ အကူးအပြောင်း ကစားဟန်တွေကို
ထိန်းချုပ်ဖို့ ရုန်းကန်နေရဆဲပါ ။ စီးတီးက ခပ်ကျဥ်းကျဥ်းအနေအထားနဲ့ ကစားလေ့ရှိတာကြောင့် တောင်
ပံကစားသမားတွေအနေနဲ့ inverted fullbacks တွေ ချန်ရစ်ထားခဲ့တဲ့ နေရာလွတ်တွေကို အသုံးချနိုင်
ပါတယ်။ ဒါပေမယ့် အသင်းအများစုက တစ်ခြားဘက်မှာ ပြန်ခံရနိုင်တဲ့ စီးတီးရဲ့ တိုက်စစ်ကို ကြောက်ရွံ
နေတာကြောင့် ဒါကို အသုံးမချရဲကြပါဘူး ။ သတ္တိရှိဖို့တော့ လိုပါတယ်။ ယူနိုက်တက်က ( ၂၀၁၉/၂၀ )
ရော ( ၂၀၂၀/၂၁ ) မှာပါ အီတီဟတ်ကွင်းတွင် ( ၂ ) ကြိမ် အနိုင်ယူထားဖူးပါတယ်။ဒါပေမယ့် ယခင်လို
ခံစစ်ပိတ်ဆော့ပြီး ကောင်တာတစ်ပေါက်ပဲ ချောင်းဆော့လို့ အဆင်အပြေနိုင်ပါဘူး ။ ယူနိုက်တက်အနေ
နဲ့ လီဗာပူးလ်နဲ့ ပွဲစဥ်ကလိုသာ သွားကစားမယ်ဆိုရင် အနိုင်ရဖို့ အခွင့်အရေးနည်းပါတယ်။ ယူနိုက်တက်
က အဲ့ဒီပွဲမှာ mid block နဲ့ စခဲ့ပေမယ့် တဖြည်းဖြည်း နောက်ရောက်သွားခဲ့ပါတယ်။ ပင်နယ်တီ ဧရိယာ
ထဲ အကြိမ် ( ၂၃ ) ထိ လီဗာပူးလ်အသင်းရဲ့ ထိုးဖောက်မှုကို ခွင့်ပြုခဲ့ရပါတယ်။ ဒါဟာ ( ၂၀၁၉/၂၀ )
နောက်ပိုင်း အများဆုံး ဖြစ်ပါတယ်။ လီဗာပူးလ်မှာ အထောင်တိုက်စစ်မှူး ရှိမနေလို့သာ ယူနိုက်တက်
သက်သာရာ ရခဲ့တာပါ ။ တနင်္ဂနွေနေ့ ရင်ဆိုင်ရမယ့်အသင်းက အာလင်း ဟာလန်းရှိနေတဲ့အသင်းပါ ။
ယခင်တုန်းက အီတီဟတ်မှာ အနိုင်ရခဲ့သလို ကစားမယ်ဆိုရင်လည်း အရမ်းခက်ခဲနိုင်ပါတယ်။ အိုလေ
ဂန်းနား ဆိုးရှားထက်ထက်မှာတုန်းက ယူနိုက်တက် စီးတီးကို အီတီဟတ်မှာ အနိုင်ရခဲ့တဲ့ ပွဲစဥ်အတွင်း
ပင်နယ်တီ ဧရိယာထဲထိ ( ၄၃ ) ကြိမ် တိုက်စစ်ဆင်ခွင့်ပြုခဲ့ရပါတယ်။ ဒါဟာ နောက်ဆုံး ( ၅ ) နှစ်အ
တွင်း အများဆုံးဖြစ်ပါတယ်။ ဟာလန်းရှိနေတဲ့အသင်းကို ဒီလို သွားပေးလို့ မရပါဘူး ။ဒါပေမယ့် လော့
ဒေါင်းမတိုင်ခင် အိုးထရတ်ဖို့ဒ်မှာ ယူနိုက်တက်က ( ၂-၀ ) အနိုင်ရခဲ့ ပွဲစဥ်ကို အတုယူသင့်ပါတယ်။ ယူ
နိုက်တက်က mid-block press နဲ့ မာမာထန်ထန် ကစားသွားခဲ့ပြီး စီးတီးကို ပင်နယ်တီ ဧရိယာနားတောင်
အရောက်မခံခဲ့ပါဘူး ။ ဒါကြောင့် စီးတီးအနေနဲ့ အဲ့ဒီနေ့တုန်းက ယူနိုက်တက်နဲ့ ဂိုးနဲ့ ကိုက် ( ၂၀ ) အတွင်း
မှာ ပေးပို့မှု ( ၂ ) ကြိမ်ပဲ အောင်မြင်ခဲ့ပါတယ်။လီဗာပူးလ်နဲ့ ပွဲစဥ်မှာ ယူနိုက်တက်က ခံစစ်ကို ကျစ်လျစ်
အောင်လုပ်ပြီး ရှေ့မှာ second balls တွေ အသာရအောင် ကြိုးစားကာ တိုက်စစ်ဆင်ခဲ့ပါတယ်။ စီးတီးနဲ့
ပွဲစဥ်မှာ ရလာဒ်ကောင်း ပိုင်ဆိုင်ဖို့ ဒီထက်ပိုပြီး လိုအပ်ပါတယ်။ တိုက်စစ် စတင်ဖို့ second balls ကိုပဲ
အားကိုနေလို့ မရပါဘူး ။ဘောလုံးမရှိချိန်မှာ ယူနိုက်တက်အနေနဲ့ စီးတီးကို ရှေ့ကနေ ဖိအားပေး ကစားဖို့
လိုပါတယ်။ ဟာလန်းကို ရပ်တန့်ချင်တယ်ဆိုရင် သူ့ဆီ ဘောလုံးမရောက်အောင်လုပ်ဖို့ လိုပါတယ်။ စီး
တီးကို ယူနိုက်တက်ဂိုးနဲ့ ဝေးနိုင်သမျှ ဝေးအောင်လုပ်ဖို့ လိုပါတယ်။ဘာပဲဖြစ်ဖြစ် ဒီပွဲက ဘောလုံး ပရိ
သတ်တွေအတွက် စိတ်ကြိုက်ပွဲဖြစ်မှာပါ ။ စီးတီးက ဂိုးတွေကို အပျော်သဘောနဲ့ သွင်းလာတာတွေမျိုး
ကြုံတွေ့လာရနိုင်သလို ယူနိုက်တက်ကလည်း ခံစစ်ကို ကျစ်ကျစ်လျစ်လျစ်ေဆာ့ပြီး လျင်လျင်မြန်မြန်
တိုက်စစ်ဆင်နိုင်ကြောင်း သက်သေပြထားပြီးဖြစ်ပါတယ်။
ဂိုးရလာဒ်လေးတွေ ခန့်မှန်းပေးခဲ့ကြပါအုံး ?