
လက်ရှိကျင်းပနေတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မန်ချက်စတာယူနိုက်တက်ကစားသမားတွေဟာ
သက်ဆိုင်ရာ လက်ရွေးစင်အသင်းတွေအတွက်ခြေစွမ်းပြကစားနေကြပြီး Man of The Match ဆုတွေ
လည်းဆွတ်ခူးနိုင်ခဲ့ပါတယ်။ အခု ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ယူနိုက်တက်ကစားသမားတွေဖြစ်တဲ့ မက်ဂွိုင်း
ယား၊ ဒါလော့တ်၊ ဘရူနိုဖာနန်ဒက်စ်၊လီဆန်ဒရိုမာတီနက်ဇ်၊ ရပ်ရှ်ဖို့ဒ်၊ မာလာစီယာ၊ ဖရက်ဒ်၊ ကတ်စ်မဲ
ရိုး၊အန်တိုနီတို့အပါအဝင် စုစုပေါင်းကစားသမား(၁၃)ဦးအထိပါဝင်ကစားနေတာဖြစ်ပါတယ်။ ဒီနေ့မနက်
ပိုင်းက ဝေးလ်စ်နဲ့ကစားခဲ့တဲ့ပွဲမှာ တောင်ပံတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာလှပတဲ့ဖရီးကစ်နဲ့ အဖွင့်ဂိုး၊
ပွဲချိန်(၆၈)မိနစ်မှာ အသင်းအတွက်တတိယမြောက်ဂိုးတွေသွင်းယူခဲ့ပြီး အဲဒီပွဲရဲ့ Man of the Match ဆု
ကိုဆွတ်ခူးခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ အီရန်နဲ့ပွဲတုန်းကလည်းဂိုးသွင်းနိုင်ခဲ့တာကြောင့် အခုဆိုရင် သူ့ရဲ့ ကမ္ဘာ့
ဖလားဂိုးအရေအတွက်က (၃)ဂိုးရှိလာပါပြီ။ ဥရုဂွေးအသင်းကို (၂-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ယူနိုက်တက်
ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ(၂)ဂိုးစလုံး သွင်းယူခဲ့ပြီး Man of The Match ဆုကို ရရှိခဲ့ပါတယ်။
အုပ်စုပွဲစဉ်(၂)ပွဲအပြီး ပေါ်တူဂီအသင်းရရှိတဲ့ (၅)ဂိုးမှာ ဘရူနိုဖာနန်ဒက်စ်ပါဝင်ပတ်သက်တာက (၄)ဂိုး
အထိရှိပြီး (၂)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၂)ကြိမ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်အသင်းရဲ့
ဘရာဇီးလ်လက်ရွေးစင်ကွင်းလယ်လူ ကတ်စ်မဲရိုးဟာ ဆွစ်ဇာလန်ကို(၁-ဝ)ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ သူ့ရဲ့
လက်ရွေးစင်ကစားသမားဘ၀ပထမဆုံး ကမ္ဘာ့ဖလားဂိုး သွင်းယူနိုင်ခဲ့သလို Man of The Match ဆုကို
လည်းဆွတ်ခူးခဲ့ပါတယ်။ ယူနိုက်တက်နောက်ခံလူတွေဖြစ်တဲ့ လုခ်ရှော၊မက်ဂွိုင်းယား၊ လီဆန်ဒရိုမာ
တီနက်ဇ်တို့ကလည်း Man of The Match ဆုမရခဲ့ပေမယ့် သူတို့ရဲ့ လက်ရွေးစင်အသင်းတွေမှာ ခြေစွမ်း
ပြကစားနိုင်ကြပြီးလုခ်ရှောနဲ့ မက်ဂွိုင်းယားတို့ဟာ ဂိုးဖန်တီးမှု(၁)ကြိမ်စီပြုလုပ်ခဲ့သလိုလီဆန်ဒရိုမာတီ
နက်ဇ်ကတော့ သူ ပွဲထွက်ကစားခွင့်ရတဲ့မက္ကဆီကိုနဲ့ပွဲမှာ အသင်းအတွက် Clean Sheet နိုင်ပွဲရယူပေးခဲ့
ပါတယ်။
လက္ရွိက်င္းပေနတဲ့ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ မန္ခ်က္စတာယူႏိုက္တက္ကစားသမားေတြဟာ
သက္ဆိုင္ရာ လက္ေ႐ြးစင္အသင္းေတြအတြက္ေျခစြမ္းျပကစားေနၾကၿပီး Man of The Match ဆုေတြ
လည္းဆြတ္ခူးႏိုင္ခဲ့ပါတယ္။ အခု ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ယူႏိုက္တက္ကစားသမားေတြျဖစ္တဲ့ မက္ဂြိဳင္း
ယား၊ ဒါေလာ့တ္၊ ဘ႐ူႏိုဖာနန္ဒက္စ္၊လီဆန္ဒ႐ိုမာတီနက္ဇ္၊ ရပ္ရွ္ဖို႔ဒ္၊ မာလာစီယာ၊ ဖရက္ဒ္၊ ကတ္စ္မဲ
႐ိုး၊အန္တိုနီတို႔အပါအဝင္ စုစုေပါင္းကစားသမား(၁၃)ဦးအထိပါဝင္ကစားေနတာျဖစ္ပါတယ္။ ဒီေန႔မနက္
ပိုင္းက ေဝးလ္စ္နဲ႔ကစားခဲ့တဲ့ပြဲမွာ ေတာင္ပံတိုက္စစ္ကစားသမား ရပ္ရွ္ဖို႔ဒ္ဟာလွပတဲ့ဖရီးကစ္နဲ႔ အဖြင့္ဂိုး၊
ပြဲခ်ိန္(၆၈)မိနစ္မွာ အသင္းအတြက္တတိယေျမာက္ဂိုးေတြသြင္းယူခဲ့ၿပီး အဲဒီပြဲရဲ႕ Man of the Match ဆု
ကိုဆြတ္ခူးခဲ့ပါတယ္။ ရပ္ရွ္ဖို႔ဒ္ဟာ အီရန္နဲ႔ပြဲတုန္းကလည္းဂိုးသြင္းႏိုင္ခဲ့တာေၾကာင့္ အခုဆိုရင္ သူ႔ရဲ႕ ကမာၻ႔
ဖလားဂိုးအေရအတြက္က (၃)ဂိုးရွိလာပါၿပီ။ ဥ႐ုေဂြးအသင္းကို (၂-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ယူႏိုက္တက္
ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ(၂)ဂိုးစလုံး သြင္းယူခဲ့ၿပီး Man of The Match ဆုကို ရရွိခဲ့ပါတယ္။
အုပ္စုပြဲစဥ္(၂)ပြဲအၿပီး ေပၚတူဂီအသင္းရရွိတဲ့ (၅)ဂိုးမွာ ဘ႐ူႏိုဖာနန္ဒက္စ္ပါဝင္ပတ္သက္တာက (၄)ဂိုး
အထိရွိၿပီး (၂)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၂)ႀကိမ္ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ ယူႏိုက္တက္အသင္းရဲ႕
ဘရာဇီးလ္လက္ေ႐ြးစင္ကြင္းလယ္လူ ကတ္စ္မဲ႐ိုးဟာ ဆြစ္ဇာလန္ကို(၁-ဝ)ဂိုးနဲ႔အႏိုင္ရတဲ့ပြဲမွာ သူ႔ရဲ႕
လက္ေ႐ြးစင္ကစားသမားဘ၀ပထမဆုံး ကမာၻ႔ဖလားဂိုး သြင္းယူႏိုင္ခဲ့သလို Man of The Match ဆုကို
လည္းဆြတ္ခူးခဲ့ပါတယ္။ ယူႏိုက္တက္ေနာက္ခံလူေတြျဖစ္တဲ့ လုခ္ေရွာ၊မက္ဂြိဳင္းယား၊ လီဆန္ဒ႐ိုမာ
တီနက္ဇ္တို႔ကလည္း Man of The Match ဆုမရခဲ့ေပမယ့္ သူတို႔ရဲ႕ လက္ေ႐ြးစင္အသင္းေတြမွာ ေျခစြမ္း
ျပကစားႏိုင္ၾကၿပီးလုခ္ေရွာနဲ႔ မက္ဂြိဳင္းယားတို႔ဟာ ဂိုးဖန္တီးမႈ(၁)ႀကိမ္စီျပဳလုပ္ခဲ့သလိုလီဆန္ဒ႐ိုမာတီ
နက္ဇ္ကေတာ့ သူ ပြဲထြက္ကစားခြင့္ရတဲ့မကၠဆီကိုနဲ႔ပြဲမွာ အသင္းအတြက္ Clean Sheet ႏိုင္ပြဲရယူေပးခဲ့
ပါတယ္။