မနူးမနပ်မလည်မဝယ် သူငယ်နှပ်စားလေးမဟုတ်ကြောင်း ကွန်မြူနတီဒိုင်းကိုင်ပြီးသက်သေပြလာတဲ့ နူးနက်ဇ်

၂၀၂၂-၂၃ ရာသီကန့်လန့်ကာအဖွင့်ပွဲဖြစ်တဲ့ မန်စီးတီးနဲ့လီဗာပူးလ်တို့ရဲ့ပွဲမှာတော့လီဗာပူးလ်အသင်း

က(၃-၁)ဂိုးနဲ့အနိုင်ရခဲ့ပြီး ဒီပွဲကို အဆုံးအဖြတ်ပေးသွားတာကလီဗာပူးလ်ရဲ့ကလပ်စံချိန်တင်တိုက်

စစ်မှူးဒါဝင်နူးနက်ဇ်ပဲဖြစ်ပါတယ်။ဒီနှစ်သင်းတွေ့တိုင်း အပြန်အလှန်သွင်းဂိုးတွေနဲ့ ဂိုးမြူးလေ့ရှိတဲ့

မှတ်တမ်းကိုအခုပွဲမှာလည်း ဆက်ထိန်းသွားပြီး ပြိုင်ပွဲစုံ(၉)ပွဲမှာ နှစ်သင်းစလုံးဂိုးသွင်းနိုင်တာက

(၈)ပွဲအထိရှိခဲ့ပါတယ်။ မန်စီးတီးအသင်းရဲ့တိုက်စစ်မှူးသစ်ဟာလန်း အခုပွဲမှပွဲထွက်ကစားခဲ့ပေမယ့်

ထိရောက်တဲ့ကစားပုံမျိုးမတွေ့ရသေးဘဲ တောင်ပံတိုက်စစ်ပိုင်းက အရင်ကထက် ပိုအားနည်းသွား

တယ်လို့မြင်မိတယ်။ဂွါဒီယိုလာအနေနဲ့ စတာလင်ကို လက်လွှတ်လိုက်တာက အမှားလို့မသတ်မှတ်

နိုင်ပေမယ့် ဂျေးဆုကို အာဆင်နယ်အသင်းဆီရောင်းလိုက်တာကဝေဖန်ချင်စရာဖြစ်ပြီး ကိုယ့်ရဲ့

နည်းဗျူဟာအပြောင်းအလဲအပေါ်ထိခိုက်စေတဲ့အပြင် ပြိုင်ဘက်ကို အားဖြည့်ပေးလိုက်သလိုဖြစ်

သွားပါတယ်။အမှန်အတိုင်းပြောရရင် ဂရီးလစ်ရှ်၊ မာရက်ဇ်တို့က စတာလင်၊ ဂျေးဆုတို့လောက်

အားကိုးလို့မရဘူးလို့လည်း မြင်မိတယ်။ လီဗာပူးလ်အသင်းအတွက် အဖွင့်ဂိုးကိုပွဲချိန်(၂၁)မိနစ်မှာ

အာနိုးလ်ရဲ့ကန်ချက်က မန်စီးတီးနောက်ခံလူ အကီနဲ့ထိပြီးတော့ဂိုးဝင်ခဲ့တာဖြစ်ပြီး လီဗာပူးလ်

တိုက်စစ်ကစားပုံက မာနေး မရှိတော့ပေမယ့်ဟန်ချက်ပျက်သွားတာမျိုးမရှိဘဲ ပုံမှန်အနေအထား

အတိုင်း ကစားနိုင်နေဆဲပါပဲ။မန်စီးတီးတို့ အခွင့်အရေးတချို့ရပေမယ့် လီဗာပူးလ်ဂိုးသမားအေဒ

ရီယန်ကာကွယ်နိုင်ခဲ့လို့ ချေပဂိုးရဖို့ရုန်းကန်ခဲ့ရပြီး မိနစ်(၇၀)မှာတော့ လူစားဝင်ကစားသမား

အယ်လ်ဗာရက်ဇ်က အေဒရီယန်ဆီကနေ ပြန်ထွက်လာတဲ့ဘောလုံးကိုအပိုင်ပိတ်သွင်းယူခဲ့တယ်။

အယ်လ်ဗာရက်ဇ်ဟာ အဂွဲရိုး(၂ဂိုး)၊ တီဗက်ဇ်တို့ပြီးရင်ကွန်မြူနတီဒိုင်းပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ တ

တိယမြောက်အာဂျင်တီးနားကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပြီး ထူးခြားတာက ဒီကစားသမား

(၃)ဦးစလုံးက မန်စီးတီးအသင်းအတွက်ဂိုးသွင်းခဲ့တာဖြစ်ပါတယ်။ ဒါဝင်နူးနက်ဇ် ဝင်လာပြီးနောက်

ပိုင်း လီဗာပူးလ်တိုက်စစ်ကစားဟန်က ပိုအသက်ဝင်လာပြီး အရင်တုန်းက အရပ်အမောင်းကောင်း

တဲ့တိုက်စစ်မှူးမရှိလို့ အမြင့်ဘောကစားရင် အားနည်းချက်ရှိခဲ့တဲ့ လီဗာပူးလ်တိုက်စစ်ကအခုဆို

ဒါဝင်နူးနက်ဇ်ကြောင့် ပိုကြောက်စရာကောင်းလာတယ်။ ဒါဝင်နူးနက်ဇ်ဟာလူစားဝင်ကစားပြီး မ

ကြာခင်မှာဘဲ အီဒါဆင်နဲ့တစ်ယောက်ချင်းအပိုင်ကန်ခွင့်ရခဲ့ပေမယ့်အီဒါဆင်ရဲ့မျက်နှာနဲ့ထိထွက်

သွားလို့ စောစောစီးစီးဂိုးမရခဲ့တာပါ။ ဒါပေမဲ့ မိနစ်(၈၀)ကျော်မှာ ဒါဝင်နူးနက်ဇ်ရဲ့ ခေါင်းတိုက်ချက်

က ရူဘင်ဒီယက်စ်လက်နဲ့ထိသလိုဖြစ်ခဲ့တာကြောင့် လီဗာပူးလ် ပယ်နယ်တီရခဲ့ပြီး ဒါကို ဆာလာ

ကအမှားအယွင်းမရှိကန်သွင်းခဲ့တယ်။ လီဗာပူးလ်အသင်းမှာ Crossing ကောင်းတဲ့ရော်ဘတ်ဆင်၊

အာနိုးလ်တို့လိုကစားသမားတွေရှိတာက ဒါဝင်နူးနက်ဇ်အတွက်အားသာချက်ဖြစ်စေပြီး အသင်း

အတွက် တတိယမြောက်ဂိုးကို ရော်ဘတ်ဆင်ခေါင်းတိုက်ချပေးတာကနေ ဒါဝင်နူးနက်ဇ်က အ

လိုက်သင့်ခေါင်းတိုက်ပိတ်သွင်းခဲ့တာကြောင့် ပွဲအပြီးမှာ လီဗာပူးလ်(၃-၁)ဂိုးနဲ့အနိုင်ရပြီးတော့ ရာ

သီအဖွင့်လှခဲ့ပါတယ်။

၂၀၂၂-၂၃ ရာသီကန႔္လန႔္ကာအဖြင့္ပြဲျဖစ္တဲ့ မန္စီးတီးနဲ႔လီဗာပူးလ္တို႔ရဲ႕ပြဲမွာေတာ့လီဗာပူးလ္အသင္း

က(၃-၁)ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး ဒီပြဲကို အဆုံးအျဖတ္ေပးသြားတာကလီဗာပူးလ္ရဲ႕ကလပ္စံခ်ိန္တင္တိုက္

စစ္မႉးဒါဝင္ႏူးနက္ဇ္ပဲျဖစ္ပါတယ္။ဒီႏွစ္သင္းေတြ႕တိုင္း အျပန္အလွန္သြင္းဂိုးေတြနဲ႔ ဂိုးျမဴးေလ့ရွိတဲ့

မွတ္တမ္းကိုအခုပြဲမွာလည္း ဆက္ထိန္းသြားၿပီး ၿပိဳင္ပြဲစုံ(၉)ပြဲမွာ ႏွစ္သင္းစလုံးဂိုးသြင္းႏိုင္တာက

(၈)ပြဲအထိရွိခဲ့ပါတယ္။ မန္စီးတီးအသင္းရဲ႕တိုက္စစ္မႉးသစ္ဟာလန္း အခုပြဲမွပြဲထြက္ကစားခဲ့ေပမယ့္

ထိေရာက္တဲ့ကစားပုံမ်ိဳးမေတြ႕ရေသးဘဲ ေတာင္ပံတိုက္စစ္ပိုင္းက အရင္ကထက္ ပိုအားနည္းသြား

တယ္လို႔ျမင္မိတယ္။ဂြါဒီယိုလာအေနနဲ႔ စတာလင္ကို လက္လႊတ္လိုက္တာက အမွားလို႔မသတ္မွတ္

ႏိုင္ေပမယ့္ ေဂ်းဆုကို အာဆင္နယ္အသင္းဆီေရာင္းလိုက္တာကေဝဖန္ခ်င္စရာျဖစ္ၿပီး ကိုယ့္ရဲ႕

နည္းဗ်ဴဟာအေျပာင္းအလဲအေပၚထိခိုက္ေစတဲ့အျပင္ ၿပိဳင္ဘက္ကို အားျဖည့္ေပးလိုက္သလိုျဖစ္

သြားပါတယ္။အမွန္အတိုင္းေျပာရရင္ ဂရီးလစ္ရွ္၊ မာရက္ဇ္တို႔က စတာလင္၊ ေဂ်းဆုတို႔ေလာက္

အားကိုးလို႔မရဘူးလို႔လည္း ျမင္မိတယ္။ လီဗာပူးလ္အသင္းအတြက္ အဖြင့္ဂိုးကိုပြဲခ်ိန္(၂၁)မိနစ္မွာ

အာႏိုးလ္ရဲ႕ကန္ခ်က္က မန္စီးတီးေနာက္ခံလူ အကီနဲ႔ထိၿပီးေတာ့ဂိုးဝင္ခဲ့တာျဖစ္ၿပီး လီဗာပူးလ္

တိုက္စစ္ကစားပုံက မာေနး မရွိေတာ့ေပမယ့္ဟန္ခ်က္ပ်က္သြားတာမ်ိဳးမရွိဘဲ ပုံမွန္အေနအထား

အတိုင္း ကစားႏိုင္ေနဆဲပါပဲ။မန္စီးတီးတို႔ အခြင့္အေရးတခ်ိဳ႕ရေပမယ့္ လီဗာပူးလ္ဂိုးသမားေအဒ

ရီယန္ကာကြယ္ႏိုင္ခဲ့လို႔ ေခ်ပဂိုးရဖို႔႐ုန္းကန္ခဲ့ရၿပီး မိနစ္(၇၀)မွာေတာ့ လူစားဝင္ကစားသမား

အယ္လ္ဗာရက္ဇ္က ေအဒရီယန္ဆီကေန ျပန္ထြက္လာတဲ့ေဘာလုံးကိုအပိုင္ပိတ္သြင္းယူခဲ့တယ္။

အယ္လ္ဗာရက္ဇ္ဟာ အဂြဲ႐ိုး(၂ဂိုး)၊ တီဗက္ဇ္တို႔ၿပီးရင္ကြန္ျမဴနတီဒိုင္းပြဲမွာ ဂိုးသြင္းႏိုင္ခဲ့တဲ့ တ

တိယေျမာက္အာဂ်င္တီးနားကစားသမားအျဖစ္မွတ္တမ္းဝင္ခဲ့ၿပီး ထူးျခားတာက ဒီကစားသမား

(၃)ဦးစလုံးက မန္စီးတီးအသင္းအတြက္ဂိုးသြင္းခဲ့တာျဖစ္ပါတယ္။ ဒါဝင္ႏူးနက္ဇ္ ဝင္လာၿပီးေနာက္

ပိုင္း လီဗာပူးလ္တိုက္စစ္ကစားဟန္က ပိုအသက္ဝင္လာၿပီး အရင္တုန္းက အရပ္အေမာင္းေကာင္း

တဲ့တိုက္စစ္မႉးမရွိလို႔ အျမင့္ေဘာကစားရင္ အားနည္းခ်က္ရွိခဲ့တဲ့ လီဗာပူးလ္တိုက္စစ္ကအခုဆို

ဒါဝင္ႏူးနက္ဇ္ေၾကာင့္ ပိုေၾကာက္စရာေကာင္းလာတယ္။ ဒါဝင္ႏူးနက္ဇ္ဟာလူစားဝင္ကစားၿပီး မ

ၾကာခင္မွာဘဲ အီဒါဆင္နဲ႔တစ္ေယာက္ခ်င္းအပိုင္ကန္ခြင့္ရခဲ့ေပမယ့္အီဒါဆင္ရဲ႕မ်က္ႏွာနဲ႔ထိထြက္

သြားလို႔ ေစာေစာစီးစီးဂိုးမရခဲ့တာပါ။ ဒါေပမဲ့ မိနစ္(၈၀)ေက်ာ္မွာ ဒါဝင္ႏူးနက္ဇ္ရဲ႕ ေခါင္းတိုက္ခ်က္

က ႐ူဘင္ဒီယက္စ္လက္နဲ႔ထိသလိုျဖစ္ခဲ့တာေၾကာင့္ လီဗာပူးလ္ ပယ္နယ္တီရခဲ့ၿပီး ဒါကို ဆာလာ

ကအမွားအယြင္းမရွိကန္သြင္းခဲ့တယ္။ လီဗာပူးလ္အသင္းမွာ Crossing ေကာင္းတဲ့ေရာ္ဘတ္ဆင္၊

အာႏိုးလ္တို႔လိုကစားသမားေတြရွိတာက ဒါဝင္ႏူးနက္ဇ္အတြက္အားသာခ်က္ျဖစ္ေစၿပီး အသင္း

အတြက္ တတိယေျမာက္ဂိုးကို ေရာ္ဘတ္ဆင္ေခါင္းတိုက္ခ်ေပးတာကေန ဒါဝင္ႏူးနက္ဇ္က အ

လိုက္သင့္ေခါင္းတိုက္ပိတ္သြင္းခဲ့တာေၾကာင့္ ပြဲအၿပီးမွာ လီဗာပူးလ္(၃-၁)ဂိုးနဲ႔အႏိုင္ရၿပီးေတာ့ ရာ

သီအဖြင့္လွခဲ့ပါတယ္။