ဂလေဇာမိသားစုရဲ့မန်ချက်စတာယူနိုက်တက်ကိုရောင်းချရေးမှာမကြာမီရက်သတ္တပတ်အနည်းငယ်
အတွင်းတွင်အပြီးသတ်နိုင်တော့မဲ့အနေအထားမျိုးတွင်ရှိနေပြီဖြစ်ကြောင်းသိရပါတယ်။ဂလေဇာမိသား
စုဟာပြီးခဲ့တဲ့နိုဝင်ဘာလတုန်းကကလပ်ရဲ့ရှယ်ယာအချို့(သို့မဟုတ်)တစ်ခုလုံးကိုရောင်းချသွားမည်ဖြစ်
ကြောင်းကြေညာခဲ့ပါတယ်။အသက်၇၀နှစ်ရှိဗြိတိန်ဘီလျှံနာဆာဂျမ်ရက်ကလစ်ဖ်က ယူနိုက်တက်ကိုဝယ်
ယူလိုကြောင်းတရားဝင်ကြေညာထားတဲ့ပထမဆုံးစီးပွားရေးလုပ်ငန်းရှင်ဖြစ်ပါတယ်။ယင်းနေ့တွင် The
Mail ရဲ့ဖော်ပြလာမှုအရဂလေဇာမိသားစုဟာ ယူနိုက်တက်ရဲ့ရှယ်ယာအချို့ကိုရောင်းချခြင်းမျိုးမဟုတ်ဘဲ
တစ်ခုလုံးကိုရောင်းချလာမှာဖြစ်ကြောင်းသိရပါတယ်။ယူနိုက်တက်ကိုရောင်းချရေးအားအမေရိကန်ရင်းနှီး
မြှပ်နှံရေးကုမ္ပဏီ Raine Group ကတာဝန်ယူဆောင်ရွက်နေပြီးလာမယ့်ရက်သတ္တပတ်သုံးပတ်(သို့မ
ဟုတ်)လေးပတ်အတွင်းတွင်အပြီးသတ်လာနိုင်ဖို့ရှိကြောင်းသိရပါတယ်။ဂလေဇာမိသားစုဟာယူနိုက်
တက်ကို၁၈နှစ်ကြာပိုင်ဆိုင်လာခဲ့ကြသူများဖြစ်ကြပြီးကလပ်ကိုအသုံးချကာငွေရှာနေမှုနဲ့အတူ ယူနိုက်
တက်ပရိသတ်များရဲ့ဆန့်ကျင်သပိတ်မှောက်မှုများနှင့်ကြုံတွေ့လာခဲ့ရပါတယ်။ယခုအခါဂလေဇာမိသား
စုရဲ့ယူနိုက်တက်ကိုရောင်းချရေးမှာကနဦးအဆင့်သို့ရောက်နေပြီဖြစ်ပြီးလာမယ့်တစ်လခန့်အတွင်းမှာ
အပြီးသတ်လုပ်ဆောင်လာတော့မှာဖြစ်ပါတယ်။