
အမ်ဘာပေနဲ့ နေမာတို့ရဲ့ ဆက်ဆံရေးဟာ မက်ဆီရောက်လာချိန်ကနေစပြီး ပြောင်းလဲလာခဲ့သလိုလက်ရှိ
အချိန်မှာတော့ ဆတ်ဆတ်ထိမခံတော့တဲ့ အခြေအနေကို ရောက်နေပါတယ်။ဘရာဇီးအသင်းမှာ မင်းသား
တစ်ပါးလို လေးစားခံနေရတဲ့ နေမာဟာ ပီအက်စ်ဂျီမှာ အသင်းဖော် ဘာပေရဲ့နေရာတကာပါချင်နေတဲ့ ပုံစံ
မျိုးနဲ့ သူမရှိရင်ဘဲ မဖြစ်ဘူးဆိုတဲ့ အချိုးတွေကို အာရုံနောက်နေပုံလည်းရပါတယ်။တစ်ဖက်မှာလည်း ဘာ
ပေက နေမာဆိုတဲ့ အသံတောင် မကြားချင် လောက်တဲ့အထိဖြစ်နေပြီး L Equipe ရဲ့ ဖော်ပြချက်အရနေ
မာကို အသင်း ကနေရောင်းထုတ်မယ်ဆိုရင် ပီအက်စ်ဂျီမှာ အပျော်ဆုံးသူက အမ်ဘာပေဖြစ်လာလိမ့်မယ်
လို့လည်း ရေးသားထားပါတယ်။ပြီးခဲ့တဲ့ နွေရာသီဈေး ကွက်မှာ နေမာကို အသင်းကနေရောင်းထုတ်ဖို့ ပရီ
မီးယားလိဂ်အသင်းတွေနဲ့ပီအက်စ်ဂျီရဲ့ ဘောလုံးအကြံပေးဒါရိုက်တာ လူးဝစ်စ်ကမ်ပို့စ်က ညှိနှိုင်းမှုလုပ်ခဲ့
တယ်ဆိုပြီး သတင်းတွေထွက်ခဲ့ပေမယ့် အပြောင်းအရွှေ့က မဖြစ်လာခဲ့ပါဘူး။နေမာနဲ့ ပီအက်စ်ဂျီတို့ စာ
ချုပ်သက်တမ်းကျန်ရှိနေသေးပေမယ့် ဆောင်းရာသီဈေးကွက်အဖွင့်မှာနေမာကို အသင်းကနေရတဲ့နည်းနဲ့
ရောင်းထုတ်ဖို့ အမ်ဘာပေက တောင်းဆိုမှုတွေလုပ်လာနိုင်တယ်ဆိုပြီးလည်းအသင်းနဲ့ ပတ်သက်သူတွေ
ကြားကနေ သတင်းတွေထွက်လာနေပါတယ်။ကာယကံရှင်နှစ်ဦးစလုံးကတော့ အများ ရှေ့ရောက်ရင် အား
လုံးအဆင်ပြေနေသယောင် ဟန်ဆောင်နေကြပေမယ့်ကန့်လန့်ကာ နောက်ကွယ်က ကိစ္စတွေကတော့ အ
တော်လေးကို စုတ်ပြတ် သတ်နေပြီလို့လည်း အသင်းရဲ့ဝန်ထမ်းတွေကြားမှာ ပြောစရာဖြစ်လို့နေပါတယ်။
ပြီးခဲ့တဲ့နှစ် အသင်းပြောင်းလာချိန်မှာ ခြေစွမ်းကျဆင်းခဲ့ပေမယ့် ဒီရာသီမှာမက်ဆီက အသင်းနဲ့ လိုက်
လျောညီထွေဖြစ်လာနေပြီးဂိုးတွေသွင်းယူလာနိုင်သလို ဂိုးဖန်တီးမှုတွေလည်းလုပ်နိုင်နေတာကြောင့် အ
သင်းမှာ ပရိသတ်တွေ သဘောကျလာနေပါတယ်။မက်ဆီနဲ့ နေမာတို့တိုက်စစ်မှာ အတွဲမိလာချိန်မှာ ပီ
အက်စ်ဂျီ တိုက်စစ်အတွက် (၃)ယောက်တွဲ ဖို့ဆိုတာ မဖြစ်နိုင်တော့မှန်းနားလည်လာတဲ့ ဘာပေးကလည်း
နေမာကို တီးထုတ်ဖို့ ချောင်းနေတာမျိုး ဖြစ်နေပါပြီ။‘’ကျွန်တော်က ပြင်သစ် အသင်းနဲ့ဆိုရင် ပိုပြီး လွတ်
လွတ်လပ်လပ်ရှိပါတယ်။ပဲရစ်မှာတော့ မတူဘူး ဗျ။ အဲဒီမှာက ဒီလို မဟုတ်ဘူး။ ကျွန်တော့်ကို မဏ္ဍိုင်
အဖြစ်ရှိနေစေဖို့ တောင်း ဆိုခံရတယ်။ဒါက ကွဲပြားခြားနားတယ်’’ လို့ ပြင်သစ်က သြစတြီးယားကို အ
နိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဘာပေးက ပြောဆိုခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ နိုင်ငံတကာ သီတင်းပတ်အတွင်း
မှာ ဒီကစားသမားနှစ်ယောက်ဟာ တစ်ယောက်အကြောင်းတစ်ယောက်ဒဲ့ရွှေ့တဲ့စကားမျိုးတွေ ပြောခဲ့
တာမျိုးတော့ မရှိပေမယ့်လည်း အခြေအနေကိုတော့ မီဒီယာတွေအပါအဝင် ပရိသတ်တွေက ရိပ်စားမိ
နေကြပါပြီ။
အမ္ဘာေပနဲ႔ ေနမာတို႔ရဲ႕ ဆက္ဆံေရးဟာ မက္ဆီေရာက္လာခ်ိန္ကေနစၿပီး ေျပာင္းလဲလာခဲ့သလိုလက္ရွိ
အခ်ိန္မွာေတာ့ ဆတ္ဆတ္ထိမခံေတာ့တဲ့ အေျခအေနကို ေရာက္ေနပါတယ္။ဘရာဇီးအသင္းမွာ မင္းသား
တစ္ပါးလို ေလးစားခံေနရတဲ့ ေနမာဟာ ပီအက္စ္ဂ်ီမွာ အသင္းေဖာ္ ဘာေပရဲ႕ေနရာတကာပါခ်င္ေနတဲ့ ပုံစံ
မ်ိဳးနဲ႔ သူမရွိရင္ဘဲ မျဖစ္ဘူးဆိုတဲ့ အခ်ိဳးေတြကို အာ႐ုံေနာက္ေနပုံလည္းရပါတယ္။တစ္ဖက္မွာလည္း ဘာ
ေပက ေနမာဆိုတဲ့ အသံေတာင္ မၾကားခ်င္ ေလာက္တဲ့အထိျဖစ္ေနၿပီး L Equipe ရဲ႕ ေဖာ္ျပခ်က္အရေန
မာကို အသင္း ကေနေရာင္းထုတ္မယ္ဆိုရင္ ပီအက္စ္ဂ်ီမွာ အေပ်ာ္ဆုံးသူက အမ္ဘာေပျဖစ္လာလိမ့္မယ္
လို႔လည္း ေရးသားထားပါတယ္။ၿပီးခဲ့တဲ့ ေႏြရာသီေဈး ကြက္မွာ ေနမာကို အသင္းကေနေရာင္းထုတ္ဖို႔ ပရီ
မီးယားလိဂ္အသင္းေတြနဲ႔ပီအက္စ္ဂ်ီရဲ႕ ေဘာလုံးအႀကံေပးဒါ႐ိုက္တာ လူးဝစ္စ္ကမ္ပို႔စ္က ညႇိႏႈိင္းမႈလုပ္ခဲ့
တယ္ဆိုၿပီး သတင္းေတြထြက္ခဲ့ေပမယ့္ အေျပာင္းအေ႐ႊ႕က မျဖစ္လာခဲ့ပါဘူး။ေနမာနဲ႔ ပီအက္စ္ဂ်ီတို႔ စာ
ခ်ဳပ္သက္တမ္းက်န္ရွိေနေသးေပမယ့္ ေဆာင္းရာသီေဈးကြက္အဖြင့္မွာေနမာကို အသင္းကေနရတဲ့နည္းနဲ႔
ေရာင္းထုတ္ဖို႔ အမ္ဘာေပက ေတာင္းဆိုမႈေတြလုပ္လာႏိုင္တယ္ဆိုၿပီးလည္းအသင္းနဲ႔ ပတ္သက္သူေတြ
ၾကားကေန သတင္းေတြထြက္လာေနပါတယ္။ကာယကံရွင္ႏွစ္ဦးစလုံးကေတာ့ အမ်ား ေရွ႕ေရာက္ရင္ အား
လုံးအဆင္ေျပေနသေယာင္ ဟန္ေဆာင္ေနၾကေပမယ့္ကန႔္လန႔္ကာ ေနာက္ကြယ္က ကိစၥေတြကေတာ့ အ
ေတာ္ေလးကို စုတ္ျပတ္ သတ္ေနၿပီလို႔လည္း အသင္းရဲ႕ဝန္ထမ္းေတြၾကားမွာ ေျပာစရာျဖစ္လို႔ေနပါတယ္။
ၿပီးခဲ့တဲ့ႏွစ္ အသင္းေျပာင္းလာခ်ိန္မွာ ေျခစြမ္းက်ဆင္းခဲ့ေပမယ့္ ဒီရာသီမွာမက္ဆီက အသင္းနဲ႔ လိုက္
ေလ်ာညီေထြျဖစ္လာေနၿပီးဂိုးေတြသြင္းယူလာႏိုင္သလို ဂိုးဖန္တီးမႈေတြလည္းလုပ္ႏိုင္ေနတာေၾကာင့္ အ
သင္းမွာ ပရိသတ္ေတြ သေဘာက်လာေနပါတယ္။မက္ဆီနဲ႔ ေနမာတို႔တိုက္စစ္မွာ အတြဲမိလာခ်ိန္မွာ ပီ
အက္စ္ဂ်ီ တိုက္စစ္အတြက္ (၃)ေယာက္တြဲ ဖို႔ဆိုတာ မျဖစ္ႏိုင္ေတာ့မွန္းနားလည္လာတဲ့ ဘာေပးကလည္း
ေနမာကို တီးထုတ္ဖို႔ ေခ်ာင္းေနတာမ်ိဳး ျဖစ္ေနပါၿပီ။‘’ကြၽန္ေတာ္က ျပင္သစ္ အသင္းနဲ႔ဆိုရင္ ပိုၿပီး လြတ္
လြတ္လပ္လပ္ရွိပါတယ္။ပဲရစ္မွာေတာ့ မတူဘူး ဗ်။ အဲဒီမွာက ဒီလို မဟုတ္ဘူး။ ကြၽန္ေတာ့္ကို မ႑ိဳင္
အျဖစ္ရွိေနေစဖို႔ ေတာင္း ဆိုခံရတယ္။ဒါက ကြဲျပားျခားနားတယ္’’ လို႔ ျပင္သစ္က ၾသစႀတီးယားကို အ
ႏိုင္ရခဲ့တဲ့ ပြဲစဥ္အၿပီးမွာ ဘာေပးက ေျပာဆိုခဲ့တာျဖစ္ပါတယ္။ၿပီးခဲ့တဲ့ ႏိုင္ငံတကာ သီတင္းပတ္အတြင္း
မွာ ဒီကစားသမားႏွစ္ေယာက္ဟာ တစ္ေယာက္အေၾကာင္းတစ္ေယာက္ဒဲ့ေ႐ႊ႕တဲ့စကားမ်ိဳးေတြ ေျပာခဲ့
တာမ်ိဳးေတာ့ မရွိေပမယ့္လည္း အေျခအေနကိုေတာ့ မီဒီယာေတြအပါအဝင္ ပရိသတ္ေတြက ရိပ္စားမိ
ေနၾကပါၿပီ။