လာမယ့်ရာသီမှာတော့ တွေ့ဖူးသမျှထဲမှာ မက်ဆီရဲ့အကောင်းဆုံး version ကိုမြင်ရလိမ့်မယ်
လို့ ပီအက်စ်ဂျီဥက္ကဌအယ်ခီလိုင်ဖီက ယုံကြည်နေပါတယ်။ပြင်သစ်က သူ့ရဲ့ပထမဆုံးရာသီမှာ
မက်ဆီဟာ ၆ ဂိုးသာသွင်းနိုင်ခဲ့ပြီး၁၄ ဂိုးဖန်တီးခဲ့တာကြောင့် သူ့ကို မျှော်မှန်းထားတာထက်
နိမ့်ကျတဲ့အနေအထားဖြစ်ခဲ့တာပါ။ အဲဒီ Ballon d’Or ၇ ထပ်ကွမ်းကစားသမားဟာလာမယ့်
သောကြာဆို အသက် ၃၅ ပြည့်မှာ ဖြစ်ပေမယ့် အယ်ခီလိုင်ဖီကတော့မက်ဆီဟာ ၂၀၂၂-၂၃
ရာသီမှာ တောက်ပလိမ့်မယ်လို့ ယုံကြည်နေပါတယ်။”သူ့ရဲ့အကောင်းဆုံးရာသီမဟုတ်ပေ
မယ့် Ballon d’Or ဆုကို စံချိန်တင်၇ ကြိမ်အဖြစ် မက်ဆီရခဲ့တာနဲ့ပတ်သက်လို့ သံသယဝင်
စရာမရှိပါဘူး။ဒါပေမဲ့ ဘာစီလိုနာမှာ နှစ် ၂၀ ကျော်ကြာနေခဲ့ပြီးနောက် တိုင်းပြည်သစ်၊
မြို့သစ်၊ လိဂ်သစ်၊ အသင်းသစ်၊ ယဉ်ကျေးမှုသစ်ဆိုတာကို သူကြုံခဲ့ရပါတယ်။ကိုရိုနာဗိုင်း
ရပ်စ်ကလည်း သူ့ကို နှိပ်စက်ခဲ့သေးတယ်လေ။ဒါကြောင့် ပြီးခဲ့တဲ့ရာသီဟာ မက်ဆီအတွက်
မလွယ်ကူခဲ့ပါဘူး။ဒါပေမဲ့ လာမယ့်ရာသီမှာတော့ သူ့ရဲ့အကောင်းဆုံး version ကိုကျွန်တော်
တို့တွေ့ရမှာပါ”လို့ အယ်ခီလိုင်ဖီက ပြင်သစ်သတင်းစာတစ်စောင်ကို ပြောခဲ့တာပါ။ မက်ဆီ
ဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း၁၂ လသာ ကျန်ရှိပါတော့တယ်။ ဒါပေမဲ့ ကမ္ဘာ့ဖလား
လည်းရှိနေတဲ့ရာသီတစ်ခုဖြစ်နေလို့ ကလပ်အတွက်ရော နိုင်ငံအတွက်ပါသူဟာ အကောင်
းဆုံးကြိုးစားဖို့ ရှိနေတာပါ။ သူဟာ ပီအက်စ်ဂျီကိုရောက်စကတာထွက်နှေးခဲ့ပြီး နိုဝင်ဘာ
အထိအောင် လိဂ်ဂိုးသွင်းနိုင်ခြင်း မရှိခဲ့ပါဘူး။လိဂ်မှာ ရုန်းကန်ခဲ့ရပေမယ့် မက်ဆီဟာ အ
မှတ်ပေးချန်ပီယံဆုကိုတော့ပီအက်စ်ဂျီနဲ့အတူ ကိုင်မြှောက်နိုင်ခဲ့ပါတယ်။