မက်ဆီနဲ့ပတ်သက်ပြီးဖော်ကောင်လုပ်ခဲ့တဲ့ စပိန်အားကစားသတင်းစာကို တရားစွဲဖို့ပြင်ဆင်နေပြီဖြစ်တဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ ကစားသမားဟောင်းမက်ဆီကို စာချုပ်သစ်ချုပ်ဆိုဖို့ဆွေးနွေးခဲ့တာနဲ့ပတ်

သက်ပြီး လူသိရှင်ကြားဖော်ထုတ်ခဲ့တဲ့ စပိန်အားကစားသတင်းစာ El Mundo ကို တရားစွဲဆိုဖို့ ပြင်

ဆင်နေပြီဖြစ်ပါတယ်။ စပိန်နာမည်ကျော်အားကစားသတင်းစာတစ်စောင်ဖြစ်တဲ့ El Mundo က ၂၀၂၀၊

နွေရာသီကာလအတွင်း ဘာစီလိုနာနဲ့ချုပ်ဆိုမယ့် စာချုပ်သစ်ထဲမှာ မက်ဆီဘက်ကနေ တောင်းဆို

ခဲ့တဲ့အချက်အလက်တွေကို အသေးစိတ်ဖွင့်ချခဲ့တာဖြစ်ပေမယ့် ဘာစီလိုနာအသင်းကတော့ ဒါက သူ

တို့ရဲ့ လျှို့ဝှက်မှတ်တမ်းမှတ်ရာတွေဖြစ်တာကြောင့် ဒီကိစ္စအပေါ် ဖော်ကောင်လုပ်ခဲ့တဲ့ El Mundo

သတင်းစာအပေါ် စိတ်ဆိုးဒေါသထွက်နေတာပါ။El Mundo သတင်းစာရဲ့ဖော်ပြချက်အရ မက်ဆီ

ဘက်က တောင်းဆိုခဲ့တာတွေက ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးပြီး သက်တမ်းပြည့်ရင်

နောက်ထပ်(၁၂)လသက်တမ်းတိုးဖို့သဘောတူညီရမယ်၊ စာချုပ်သစ်ချုပ်ဆိုတဲ့အတွက် ဆုကြေးအ

ဖြစ် ပေါင်(၈.၇)သန်းပေးရမယ်၊ သူ့ရဲ့ စာချုပ်လျော်ကြေးကိုလည်း အရင်သတ်မှတ်ထားတဲ့ ပေါင်သန်း

(၆၁၀)အစား ပေါင်(၈,၇၀၀)အထိ လျှော့ချပေးရမယ်လို့ တောင်းဆိုခဲ့ပါတယ်။ဒါတင်မကသေးဘဲ

မက်ဆီက ကိုဗစ်ရောဂါကြောင့် ဘဏ္ဍာရေးအခက်အခဲဖြစ်နေချိန် ၂၀၂၀-၂၁ ရာသီမှာ လစာငွေ (၂၀%)

လျှော့ယူဖို့ ကလပ်အသင်းရဲ့တောင်းဆိုမှုကို လက်ခံခဲ့တဲ့အတွက် ၂၀၂၁-၂၂၊ ၂၀၂၂-၂၃ ရာသီတွေမှာ

သူ့ရဲ့ (၁)နှစ်လစာကို ပေါင်(၆၅)သန်းကနေ ပေါင်(၇၁.၅)သန်းအထိ တိုးမြှင့်ပေးရမှာဖြစ်ပြီး အဲဒီထဲ

မှာ အတိုးနှုန်းအဖြစ် နှစ်စဉ် (၃%)ထပ်ဆောင်းပေးဖို့၊ နှစ်စဉ်နှစ်တိုင်း ခရစ္စမတ်ကာလရောက်ရင်

အာဂျင်တီးနားကို ပြန်ဖို့ ကလပ်အသင်းက သူ့မိသားစုအတွက် သီးသန့်ဂျက်လေယာဉ်စီစဉ်ပေးရ

မယ်၊ နူးကမ့်ကွင်းထဲမှာလည်း သူနဲ့ သူငယ်ချင်းဖြစ်သူဆွာရက်ဇ်တို့ မိသားစုအတွက် VIP နေရာတစ်

ခု သတ်မှတ်ပေးရမယ်ဆိုတဲ့အချက်တွေလည်းပါဝင်ခဲ့ပါတယ်။ဘာစီလိုနာအသင်းဘက်က စာချုပ်

လျော်ကြေးကို ပေါင်(၈,၇၀၀)အထိ လျှော့ချပေးဖို့နဲ့ စာချုပ်သစ်မှာလက်မှတ်ထိုးတဲ့အတွက် ဆုကြေး

ပေါင်(၈.၇)သန်းပေးရမယ်ဆိုတဲ့ (၂)ချက်ကလွဲပြီး ကျန်တဲ့တောင်းဆိုမှုတွေကို သဘောတူညီခဲ့တယ်

လို့ El Mundo က ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့လည်း မက်ဆီဘက်က လုံးဝလက်မခံတာကြောင့် စာချုပ်

သစ်ကိစ္စဆွေးနွေးမှု အဆင်မပြေခဲ့ဘဲ ဘာစီလိုနာနဲ့လမ်းခွဲတော့မယ်ဆိုပြီး တာဝန်ရှိသူတွေကို အ

ကြောင်းပြန်ခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာနဲ့မက်ဆီတို့ စာချုပ်ကိစ္စဆွေးနွေးမှုက သူ့ရဲ့ဖခင်(အေးဂျင့်

လည်းဖြစ်သူ)ဟော်ဟဲမက်ဆီနဲ့ သူတို့ရဲ့ legal team ၊ ဘာစီလိုနာဥက္ကဋ္ဌဟောင်းဘာတိုမူအပါအဝင်

ဘာစီလိုနာဘက်က တာဝန်ရှိသူတချို့ဆီကနေ အပြန်အလှန်ပေးပို့ခဲ့တဲ့ Email တွေကတစ်ဆင့် အ

ပြင်ပေါက်ကြားခဲ့တာဖြစ်နိုင်ပါတယ်။ ဘာစီလိုနာအသင်းကတော့ သူတို့ရဲ့အတွင်းရေးအချက်အလက်

တွေကို လူသိရှင်ကြားဖွခဲ့တဲ့ El Mundo သတင်းစာရဲ့လုပ်ရပ်အပေါ် ဒေါသထွက်နေတာကြောင့် ဥပ

ဒေကြောင်းအရ တရားစွဲဖို့ စီစဉ်နေတာပဲဖြစ်ပါတယ်။

ဘာစီလိုနာအသင္းဟာ ကစားသမားေဟာင္းမက္ဆီကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ေဆြးေႏြးခဲ့တာနဲ႔ပတ္

သက္ၿပီး လူသိရွင္ၾကားေဖာ္ထုတ္ခဲ့တဲ့ စပိန္အားကစားသတင္းစာ El Mundo ကို တရားစြဲဆိုဖို႔ ျပင္

ဆင္ေနၿပီျဖစ္ပါတယ္။ စပိန္နာမည္ေက်ာ္အားကစားသတင္းစာတစ္ေစာင္ျဖစ္တဲ့ El Mundo က ၂၀၂၀၊

ေႏြရာသီကာလအတြင္း ဘာစီလိုနာနဲ႔ခ်ဳပ္ဆိုမယ့္ စာခ်ဳပ္သစ္ထဲမွာ မက္ဆီဘက္ကေန ေတာင္းဆို

ခဲ့တဲ့အခ်က္အလက္ေတြကို အေသးစိတ္ဖြင့္ခ်ခဲ့တာျဖစ္ေပမယ့္ ဘာစီလိုနာအသင္းကေတာ့ ဒါက သူ

တို႔ရဲ႕ လွ်ိဳ႕ဝွက္မွတ္တမ္းမွတ္ရာေတြျဖစ္တာေၾကာင့္ ဒီကိစၥအေပၚ ေဖာ္ေကာင္လုပ္ခဲ့တဲ့ El Mundo

သတင္းစာအေပၚ စိတ္ဆိုးေဒါသထြက္ေနတာပါ။El Mundo သတင္းစာရဲ႕ေဖာ္ျပခ်က္အရ မက္ဆီ

ဘက္က ေတာင္းဆိုခဲ့တာေတြက ၂၀၂၃ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းတိုးၿပီး သက္တမ္းျပည့္ရင္

ေနာက္ထပ္(၁၂)လသက္တမ္းတိုးဖို႔သေဘာတူညီရမယ္၊ စာခ်ဳပ္သစ္ခ်ဳပ္ဆိုတဲ့အတြက္ ဆုေၾကးအ

ျဖစ္ ေပါင္(၈.၇)သန္းေပးရမယ္၊ သူ႔ရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကးကိုလည္း အရင္သတ္မွတ္ထားတဲ့ ေပါင္သန္း

(၆၁၀)အစား ေပါင္(၈,၇၀၀)အထိ ေလွ်ာ့ခ်ေပးရမယ္လို႔ ေတာင္းဆိုခဲ့ပါတယ္။ဒါတင္မကေသးဘဲ

မက္ဆီက ကိုဗစ္ေရာဂါေၾကာင့္ ဘ႑ာေရးအခက္အခဲျဖစ္ေနခ်ိန္ ၂၀၂၀-၂၁ ရာသီမွာ လစာေငြ (၂၀%)

ေလွ်ာ့ယူဖို႔ ကလပ္အသင္းရဲ႕ေတာင္းဆိုမႈကို လက္ခံခဲ့တဲ့အတြက္ ၂၀၂၁-၂၂၊ ၂၀၂၂-၂၃ ရာသီေတြမွာ

သူ႔ရဲ႕ (၁)ႏွစ္လစာကို ေပါင္(၆၅)သန္းကေန ေပါင္(၇၁.၅)သန္းအထိ တိုးျမႇင့္ေပးရမွာျဖစ္ၿပီး အဲဒီထဲ

မွာ အတိုးႏႈန္းအျဖစ္ ႏွစ္စဥ္ (၃%)ထပ္ေဆာင္းေပးဖို႔၊ ႏွစ္စဥ္ႏွစ္တိုင္း ခရစၥမတ္ကာလေရာက္ရင္

အာဂ်င္တီးနားကို ျပန္ဖို႔ ကလပ္အသင္းက သူ႔မိသားစုအတြက္ သီးသန႔္ဂ်က္ေလယာဥ္စီစဥ္ေပးရ

မယ္၊ ႏူးကမ့္ကြင္းထဲမွာလည္း သူနဲ႔ သူငယ္ခ်င္းျဖစ္သူဆြာရက္ဇ္တို႔ မိသားစုအတြက္ VIP ေနရာတစ္

ခု သတ္မွတ္ေပးရမယ္ဆိုတဲ့အခ်က္ေတြလည္းပါဝင္ခဲ့ပါတယ္။ဘာစီလိုနာအသင္းဘက္က စာခ်ဳပ္

ေလ်ာ္ေၾကးကို ေပါင္(၈,၇၀၀)အထိ ေလွ်ာ့ခ်ေပးဖို႔နဲ႔ စာခ်ဳပ္သစ္မွာလက္မွတ္ထိုးတဲ့အတြက္ ဆုေၾကး

ေပါင္(၈.၇)သန္းေပးရမယ္ဆိုတဲ့ (၂)ခ်က္ကလြဲၿပီး က်န္တဲ့ေတာင္းဆိုမႈေတြကို သေဘာတူညီခဲ့တယ္

လို႔ El Mundo က ေဖာ္ျပခဲ့ပါတယ္။ ဒါေပမဲ့လည္း မက္ဆီဘက္က လုံးဝလက္မခံတာေၾကာင့္ စာခ်ဳပ္

သစ္ကိစၥေဆြးေႏြးမႈ အဆင္မေျပခဲ့ဘဲ ဘာစီလိုနာနဲ႔လမ္းခြဲေတာ့မယ္ဆိုၿပီး တာဝန္ရွိသူေတြကို အ

ေၾကာင္းျပန္ခဲ့တာျဖစ္ပါတယ္။ဘာစီလိုနာနဲ႔မက္ဆီတို႔ စာခ်ဳပ္ကိစၥေဆြးေႏြးမႈက သူ႔ရဲ႕ဖခင္(ေအးဂ်င့္

လည္းျဖစ္သူ)ေဟာ္ဟဲမက္ဆီနဲ႔ သူတို႔ရဲ႕ legal team ၊ ဘာစီလိုနာဥကၠ႒ေဟာင္းဘာတိုမူအပါအဝင္

ဘာစီလိုနာဘက္က တာဝန္ရွိသူတခ်ိဳ႕ဆီကေန အျပန္အလွန္ေပးပို႔ခဲ့တဲ့ Email ေတြကတစ္ဆင့္ အ

ျပင္ေပါက္ၾကားခဲ့တာျဖစ္ႏိုင္ပါတယ္။ ဘာစီလိုနာအသင္းကေတာ့ သူတို႔ရဲ႕အတြင္းေရးအခ်က္အလက္

ေတြကို လူသိရွင္ၾကားဖြခဲ့တဲ့ El Mundo သတင္းစာရဲ႕လုပ္ရပ္အေပၚ ေဒါသထြက္ေနတာေၾကာင့္ ဥပ

ေဒေၾကာင္းအရ တရားစြဲဖို႔ စီစဥ္ေနတာပဲျဖစ္ပါတယ္။