မက်ဂွိုင်းယား အတွက်အသင်းကောင်း ဗာရန်အတွက် သတင်းဆိုး ..

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွိုင်းယားဟာ အခုအချိန်မှာ

အသင်းနဲ့အတူလေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီဖြစ်တာကြောင့် လာမယ့်စနေနေ့ကျရင်

လက်စတာအသင်းနဲ့ကစားမယ့်ပွဲကျရင် ပါဝင်ကစားနိုင်ဖို့ရှိနေပေမယ့်

တခြားအဓိက,နောက်ခံလူတစ်ဦးဖြစ်တဲ့ ဗာရန်းကတော့ ရက်အတော်ကြာ

အနားယူရတော့မှာဖြစ်ပါတယ်။ မက်ဂွိုင်းယားဟာ အိမ်ကွင်းမှာ အက်စတွန်ဗီလာ

အသင်းကို (၁-၀)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့တဲ့အတွက်

ရက်အတော်ကြာအနားယူခဲ့ရပြီး အသင်းရဲ့နောက်ဆုံးပွဲစဉ်(၂)ပွဲမှာ မပါဝင်နိုင်ခဲ့ပါဘူး။

မက်ဂွိုင်းယားဟာ ပြီးခဲ့တဲ့တနင်္လာနေ့တုန်းက အသင်းနဲ့အတူအပေ့ါစား

လေ့ကျင့်မှုပြန်လည်ပြုလုပ်နိုင်ပြီဖြစ်ပေမယ့် ရာနှုန်းပြည့်တော့ လေ့ကျင့်ခန်း

မဆင်းနိုင်သေးဘဲ လက်စတာနဲ့ပွဲမှာပါဝင်ကစားနိုင်ဖို့ရှိ၊မရှိကို အခုရက်ပိုင်းအတွင်း

စောင့်ကြည့်သွားရမှာပါ။ ဗာရန်းကတော့ စပိန်အသင်းနဲ့ကစားခဲ့တဲ့

UEFA Nations League ဗိုလ်လုပွဲမှာ ပေါင်ခြံဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ရက်သတ္တပတ်

အနည်းငယ်ကြာအောင် အနားယူရမှာဖြစ်တယ်လို့ နည်းပြဆိုးလ်ရှားကအတည်ပြုခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ လာမယ့်လက်စတာပွဲကနေစပြီး အောက်တိုဘာနဲ့

နိုဝင်ဘာလအတွင်း ပွဲကျပ်တွေဆက်တိုက်ကစားရမှာဖြစ်တာကြောင့် ဗာရန်းရဲ့

ဒဏ်ရာသတင်းက အသင်းအတွက်ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ခဲ့ရပါတယ်။

ယူနိုက်တက်အသင်းဟာ အောက်တိုဘာနဲ့နိုဝင်ဘာလအလယ်ကာလအတွင်း

ပရီးမီးယားလိဂ်မှာ လက်စတာ၊ လီဗာပူးလ်၊ စပါး၊ မန်စီးတီး၊ ချယ်လ်ဆီး၊

အာဆင်နယ်တို့နဲ့ဆက်တိုက်ဆိုသလို ကစားရမှာဖြစ်ပြီး ချန်ပီယံလိဂ်မှာလည်း

အတ္တလန်တာအသင်းနဲ့ အိမ်ကွင်း၊အဝေးကွင်းကစားရဖို့ရှိနေတာပါ။

zawgyi

မက္ဂြိဳင္းယား ေလ့က်င့္ခန္းျပန္ဆင္းႏိုင္ၿပီျဖစ္ေပမယ့္ ရက္အေတာ္ၾကာအနားယူရမယ့္ဗာရန္း

မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားဟာ အခုအခ်ိန္မွာ

အသင္းနဲ႔အတူေလ့က်င့္ခန္းျပန္ဆင္းႏိုင္ၿပီျဖစ္တာေၾကာင့္ လာမယ့္စေနေန႔က်ရင္

လက္စတာအသင္းနဲ႔ကစားမယ့္ပြဲက်ရင္ ပါဝင္ကစားႏိုင္ဖို႔ရွိေနေပမယ့္

တျခားအဓိက,ေနာက္ခံလူတစ္ဦးျဖစ္တဲ့ ဗာရန္းကေတာ့ ရက္အေတာ္ၾကာ

အနားယူရေတာ့မွာျဖစ္ပါတယ္။ မက္ဂြိဳင္းယားဟာ အိမ္ကြင္းမွာ အက္စတြန္ဗီလာ

အသင္းကို (၁-၀)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ ေျခခ်င္းဝတ္ဒဏ္ရာရရွိခဲ့တဲ့အတြက္

ရက္အေတာ္ၾကာအနားယူခဲ့ရၿပီး အသင္းရဲ႕ေနာက္ဆုံးပြဲစဥ္(၂)ပြဲမွာ မပါဝင္ႏိုင္ခဲ့ပါဘူး။

မက္ဂြိဳင္းယားဟာ ၿပီးခဲ့တဲ့တနလၤာေန႔တုန္းက အသင္းနဲ႔အတူအေပ့ါစား

ေလ့က်င့္မႈျပန္လည္ျပဳလုပ္ႏိုင္ၿပီျဖစ္ေပမယ့္ ရာႏႈန္းျပည့္ေတာ့ ေလ့က်င့္ခန္း

မဆင္းႏိုင္ေသးဘဲ လက္စတာနဲ႔ပြဲမွာပါဝင္ကစားႏိုင္ဖို႔ရွိ၊မရွိကို အခုရက္ပိုင္းအတြင္း

ေစာင့္ၾကည့္သြားရမွာပါ။ ဗာရန္းကေတာ့ စပိန္အသင္းနဲ႔ကစားခဲ့တဲ့

UEFA Nations League ဗိုလ္လုပြဲမွာ ေပါင္ၿခံဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး ရက္သတၱပတ္

အနည္းငယ္ၾကာေအာင္ အနားယူရမွာျဖစ္တယ္လို႔ နည္းျပဆိုးလ္ရွားကအတည္ျပဳခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ လာမယ့္လက္စတာပြဲကေနစၿပီး ေအာက္တိုဘာနဲ႔

ႏိုဝင္ဘာလအတြင္း ပြဲက်ပ္ေတြဆက္တိုက္ကစားရမွာျဖစ္တာေၾကာင့္ ဗာရန္းရဲ႕

ဒဏ္ရာသတင္းက အသင္းအတြက္ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္ခဲ့ရပါတယ္။

ယူႏိုက္တက္အသင္းဟာ ေအာက္တိုဘာနဲ႔ႏိုဝင္ဘာလအလယ္ကာလအတြင္း

ပရီးမီးယားလိဂ္မွာ လက္စတာ၊ လီဗာပူးလ္၊ စပါး၊ မန္စီးတီး၊ ခ်ယ္လ္ဆီး၊

အာဆင္နယ္တို႔နဲ႔ဆက္တိုက္ဆိုသလို ကစားရမွာျဖစ္ၿပီး ခ်န္ပီယံလိဂ္မွာလည္း

အတၱလန္တာအသင္းနဲ႔ အိမ္ကြင္း၊အေဝးကြင္းကစားရဖို႔ရွိေနတာပါ။mdiarymm

mdiarymm

munitedfannewss