မက်ဂွိုင်းယားဟာ ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်းဗိုလ်စွဲဖို့ အကောင်းဆုံးအခွင့်အရေးပေးနိုင်မယ့် ကစား
သမားတစ်ယောက်ဖြစ်လို့ သူ့ကို ပုံမှန်အသုံးပြုပေးဖို့အင်္ဂလန်နည်းပြဆောက်ဂိတ်က မန်ယူကို တိုက်တွန်း
လိုက်ပါတယ်။မက်ဂွိုင်းယားဟာ မန်ယူမှာသာ အရန်ခုံထိုင်နေရပေမယ့် ဆောက်ဂိတ်ရဲ့အင်္ဂလန်မှာတော့
ပုံမှန်ပွဲထွက်ခွင့်ရနေတာပါ။ သူဟာ ပြီးခဲ့တဲ့နှစ်ယူရိုမှာအင်္ဂလန်အသင်း ဗိုလ်လုပွဲအထိတက်ရောက်နိုင်ခဲ့
တုန်းကလည်း အဓိကကျသူတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးကစားခဲ့တဲ့ ဂျာမနီနဲ့ပွဲမှာသူ့
အမှားတွေကနေ ဦးဆောင်ဂိုး ၂ ဂိုးဆက်တိုက်ပေးလိုက်ရလို့ ပြင်းထန်တဲ့ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရတာ
ပါ။ ဒါကြောင့် မန်ယူမှာလိုပဲ အင်္ဂလန်မှာလည်းမက်ဂွိုင်းယားကို ပွဲထွက်စာရင်းကနေ ချန်လှပ်သင့်ပြီလို့
တောင်းဆိုသံတွေညံလာပါတယ်။ ဒါပေမဲ့ မက်ဂွိုင်းယားရှိနေမှုဟာ ကာတာပြိုင်ပွဲမှာ အင်္ဂလန်အသင်း
ဗိုလ်စွဲနိုင်ရေးမှာ အဓိကကျတယ်လို့ ဆောက်ဂိတ်က ယုံကြည်နေတာပါ။”သူက ကျွန်တော့်အတွက် အ
ရေးပါတဲ့သူလို့ အားလုံးက ပြောနေကြတာကိုကျွန်တော်သိပါတယ်။ တကယ်တော့ သူက ကျွန်တော်တို့
အတွက် အရေးပါတာပါ။ကျွန်တော့်အတွက် မဟုတ်ဘဲ ကျွန်တော်တို့အတွက်ပါ။ ကျွန်တော်တို့ ဘာ
ကြောင့်သူ့ကို ရွေးသလဲဆို အကြောင်းကတော့ သူဟာ ကျွန်တော်တို့ကို အနိုင်ရဖို့အကောင်းဆုံးအခွင့်
အရေးပေးနိုင်မယ့်ကစားသမားတွေထဲက တစ်ယောက်ဖြစ်နေလို့ပါပဲ။ ဒါကြောင့် ကျွန်တော်တို့အားလုံး
က မက်ဂွိုင်းယားတစ်ယောက်ယုံကြည်မှုရှိရှိနဲ့ ပုံမှန်ကစားခွင့်ရနေတာကို မြင်ချင်ကြတာပါ”လို့ဆောက်
ဂိတ်က အခိုင်အမာပြောကြားခဲ့ပါတယ်။ မက်ဂွိုင်းယားဟာ ဒီရာသီကလပ်အဆင့်မှာသာ နေရာမရဖြစ်
နေပေမယ့် အင်္ဂလန်မှာတော့ကာတာသွားဖို့ လေယာဉ်လက်မှတ်သေချာပြီးသားသူတစ်ယောက်ပါ။