ဘောလုံးလောကထဲ ဝင်ရောက်ခဲ့ပေမယ့် ဇီဒန်းရဲ့ခြေရာကို မနင်းနိုင်သေးတဲ့ အန်ဇိုဇီဒန်း

ပြင်သစ်နဲ့ရီးရဲလ်ဂန္ထဝင်ဇီဒန်းရဲ့သားတွေထဲက တစ်ယောက်ဖြစ်တဲ့အန်ဇိုဇီဒန်းဟာ စပိန်တတိယ

တန်းအသင်းတစ်သင်းဖြစ်တဲ့ ဖြူအန်လာဘရာဒါကို ပြောင်းရွှေ့သွားပါတယ်။ ၂၀၁၇ မှာ ရီးရဲလ်

က ထွက်ခွာပြီးကတည်းကသူပြောင်းရွှေ့တဲ့ ၇ သင်းမြောက်ဖြစ်ပြီး တစ်နှစ်စာချုပ်ချုပ်ဆိုခဲ့တာ

ပါ။ကွင်းလယ်လူအန်ဇိုနောက်ဆုံးကစားခဲ့တဲ့အသင်းက ပြင်သစ်ဒုတိယတန်းကရိုဒက်ဇ်ဖြစ်ပြီး အဲ

ဒီမှာ အလွတ်နဲ့ရောက်လာပြီးနောက် ကစားခဲ့တဲ့ ၁၆ ပွဲမှာဂိုးသွင်းတာရော ဂိုးဖန်တီးတာပါ တစ်

ကြိမ်မှ မရှိခဲ့ပါဘူး။ရိုဒက်ဇ်ဆိုတဲ့အသင်းဟာ သူ့အဖေရင်းနှီးမြှပ်နှံထားတဲ့အသင်းဖြစ်ပြီးအဲဒီမှာ

ပွဲထွက်ဆိုလို့ ၄ ပွဲသာ ရှိခဲ့တာပါ။ ဖြူအန်လာဘရာဒါကတော့ချန်ပီယံလိဂ်ရဲ့အအောင်မြင်ဆုံးအ

သင်းကနေ ထွက်ခွာပြီးနောက်ပိုင်းသူကစားမယ့် ပဉ္စမမြောက်စပိန်အသင်းဖြစ်ပါတယ်။အန်ဇိုဇီ

ဒန်းဟာ ရီးရဲလ်အသင်းကြီအတွက်လည်း ၁ ပွဲသာကစားဖူးပြီးအဲဒါက စပိန်ဘုရင့်ဖလားမှာပါ။

အန်ဇိုဟာ ဇီဒန်းရဲ့ဘောလုံးမျိုးဆက်သား၄ ယောက်ထဲက တစ်ယောက်ဖြစ်ပြီး သူ့ညီအစ်ကို

တွေဖြစ်ကြတဲ့သီအိုနဲ့ အယ်ယက်ဇ်တို့ကတော့ ရီးရဲလ်(ခ)အသင်းနဲ့ ရီးရဲလ်ယူ-၁၇အသင်းတို့မှာ

အသီးသီးကစားနေကြဆဲ ဖြစ်ပါတယ်။ နောက်သားတစ်ယောက်ဖြစ်တဲ့ ဂိုးသမားလူကာဇီဒန်း

ကတော့ ပြီးခဲ့တဲ့ဇူလိုင်မှာဗယ်လီကာနိုက ထွက်ခွာခဲ့ပြီးနောက် ကလပ်လက်မဲ့ဖြစ်နေတာပါ။

သား ၄ ယောက်စလုံးက ဖခင်လိုပဲ ဘောလုံးလောကထဲ ဝင်ရောက်ခဲ့ကြပေမယ့် အောင်မြင်မှု

မှာတော့ ဇီဒန်းရဲ့ခြေရာကို အခုချိန်ထိတစ်ယောက်မှ မနင်းနိုင်ကြသေးပါဘူး။

ျပင္သစ္နဲ႔ရီးရဲလ္ဂႏၴဝင္ဇီဒန္းရဲ႕သားေတြထဲက တစ္ေယာက္ျဖစ္တဲ့အန္ဇိုဇီဒန္းဟာ စပိန္တတိယ

တန္းအသင္းတစ္သင္းျဖစ္တဲ့ ျဖဴအန္လာဘရာဒါကို ေျပာင္းေ႐ႊ႕သြားပါတယ္။ ၂၀၁၇ မွာ ရီးရဲလ္

က ထြက္ခြာၿပီးကတည္းကသူေျပာင္းေ႐ႊ႕တဲ့ ၇ သင္းေျမာက္ျဖစ္ၿပီး တစ္ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာ

ပါ။ကြင္းလယ္လူအန္ဇိုေနာက္ဆုံးကစားခဲ့တဲ့အသင္းက ျပင္သစ္ဒုတိယတန္းက႐ိုဒက္ဇ္ျဖစ္ၿပီး အဲ

ဒီမွာ အလြတ္နဲ႔ေရာက္လာၿပီးေနာက္ ကစားခဲ့တဲ့ ၁၆ ပြဲမွာဂိုးသြင္းတာေရာ ဂိုးဖန္တီးတာပါ တစ္

ႀကိမ္မွ မရွိခဲ့ပါဘူး။႐ိုဒက္ဇ္ဆိုတဲ့အသင္းဟာ သူ႔အေဖရင္းႏွီးျမႇပ္ႏွံထားတဲ့အသင္းျဖစ္ၿပီးအဲဒီမွာ

ပြဲထြက္ဆိုလို႔ ၄ ပြဲသာ ရွိခဲ့တာပါ။ ျဖဴအန္လာဘရာဒါကေတာ့ခ်န္ပီယံလိဂ္ရဲ႕အေအာင္ျမင္ဆုံးအ

သင္းကေန ထြက္ခြာၿပီးေနာက္ပိုင္းသူကစားမယ့္ ပၪၥမေျမာက္စပိန္အသင္းျဖစ္ပါတယ္။အန္ဇိုဇီ

ဒန္းဟာ ရီးရဲလ္အသင္းႀကီအတြက္လည္း ၁ ပြဲသာကစားဖူးၿပီးအဲဒါက စပိန္ဘုရင့္ဖလားမွာပါ။

အန္ဇိုဟာ ဇီဒန္းရဲ႕ေဘာလုံးမ်ိဳးဆက္သား၄ ေယာက္ထဲက တစ္ေယာက္ျဖစ္ၿပီး သူ႔ညီအစ္ကို

ေတြျဖစ္ၾကတဲ့သီအိုနဲ႔ အယ္ယက္ဇ္တို႔ကေတာ့ ရီးရဲလ္(ခ)အသင္းနဲ႔ ရီးရဲလ္ယူ-၁၇အသင္းတို႔မွာ

အသီးသီးကစားေနၾကဆဲ ျဖစ္ပါတယ္။ ေနာက္သားတစ္ေယာက္ျဖစ္တဲ့ ဂိုးသမားလူကာဇီဒန္း

ကေတာ့ ၿပီးခဲ့တဲ့ဇူလိုင္မွာဗယ္လီကာႏိုက ထြက္ခြာခဲ့ၿပီးေနာက္ ကလပ္လက္မဲ့ျဖစ္ေနတာပါ။

သား ၄ ေယာက္စလုံးက ဖခင္လိုပဲ ေဘာလုံးေလာကထဲ ဝင္ေရာက္ခဲ့ၾကေပမယ့္ ေအာင္ျမင္မႈ

မွာေတာ့ ဇီဒန္းရဲ႕ေျခရာကို အခုခ်ိန္ထိတစ္ေယာက္မွ မနင္းႏိုင္ၾကေသးပါဘူး။