ဘောလုံးထိချက်တိုင်း လီဗာပူးပရိသတ်များ၏ လှောင်ပြောင်မှုကိုခံနေရဆဲဖြစ်တဲ့ ရွိုင်ကိန်း
ရွိုင်ကိန်းဟာလီဗာပူးနှင့်ရင်ဆိုင်ကစားတဲ့ Legend of the North ပွဲစဉ်တွင်လူစားဝင်ရောက်ကစားပြီးယူ
နိုက်တက်အင်္ကျီဖြင့်ပြန်လာခဲ့ပါတယ်။မနေ့ညကLegend of the Northပွဲစဉ်မှာအန်ဖီးလ်တွင်ကစားတာ
ဖြစ်ပြီးဒုတိယအကျော့ပွဲစဉ်လည်းဖြစ်ပါတယ်။အိုးထရက်ဖို့ဒ်တွင်ကစားတဲ့ Legend of the North ပထမ
အကျော့ပွဲစဉ်တွင်လီဗာပူးက၃-၁ဖြင့်အနိုင်ရခဲ့ပါတယ်။ဒါကြောင့်လည်းယူနိုက်တက်ဟာအန်ဖီးလ်တွင်က
စားတဲ့ဒုတိယအကျော့ပွဲစဉ်တွင်ဂိုးပြတ်ပြန်လည်အနိုင်ရရှိရန်လိုအပ်နေခဲ့ပါတယ်။ယူနိုက်တက်ပွဲထွက်လူ
စာရင်းတွင်ဒါရင်းဖလက်ချာ၊မိုက်ကယ်ကာရစ်၊ဘာဘာတော့ဗ်တို့ပါဝင်ခဲ့ပြီးလီဗာပူးတွင်လည်းအလွန်ဆို၊
ရိုဒရီဂွက်ဇ်၊ဂျာဇီဒူးဒက်ဇ်တို့ပါဝင်ခဲ့ပါတယ်။ရွိုင်ကိန်းဟာဒုတိယပိုင်းမှာယူနိုက်တက်ဂန္ထဝင်အသင်းအတွက်
လူစားဝင်ရောက်ခဲ့ပါတယ်။သူဟာအားလုံးမျှော်လင့်ထားသလို လူစားဝင်ဖို့ ပြင်နေချိန်ကတည်းက အန်
ဖီးလ်ပရိသတ်များရဲ့လှောင်ပြောင်မှုနှင့်ကြုံခဲ့ရပါတယ်။ဒါတင်မကသေးပါဘူး။ရွိုင်ကိန်းဟာယင်းပွဲစဉ်မှာ
ဘောလုံးထိတိုင်းလှောင်ပြောင်မှုများနှင့်ကြုံခဲ့ရပါတယ်။ယင်းနှင့်ပတ်သက်ပြီးပရိသတ်တစ်ဦးက “ကိန်း
ကတော့အန်ဖီးလ်မှာအလှောင်ခံနေရတုန်းပဲ။တချို့အရာတွေကဘာမှမပြောင်းလဲဘူး”လို့ဆိုသွားပါတယ်။
အခြားတစ်ဦးကလည်း “ရွိင်ကိန်းကတော့လီဗာပူးပရိသတ်တွေရဲ့အလှောင်ခံနေရတယ်။ဘယ်လောက်
ဆိုးရွားတဲ့ပရိသတ်အားပေးမှုလဲ”လို့ဆိုသွားပါတယ်။အဆိုပါပွဲစဉ်တွင်ယူနိုက်တက်ဟာဘာဘာတော့ဗ်ရဲ့ပွဲ
အစပိုင်းလှပတဲ့ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပေမဲ့လည်းမတ်ဂွန်ဇာလက်ဇ်နဲ့ပွန်ဂိုလီတို့ရဲ့ဂိုးကြောင့်၂-၁ဖြင့်ရှုံးနိမ့်ခဲ့
ပါတယ်။လီဗာပူးဟာLegend of the Northတွင်နှစ်ကျော့ပေါင်းရလဒ်၅-၂ဖြင့်အနိုင်ရသွားပါတယ်။