ဘိုင်ယန်မှာ သူ့အနာဂါတ်မရှိတော့တဲ့အကြောင်း ဖွင့်ပြောခဲ့တဲ့ လီဝန်ကို သတိပေးလိုက်တဲ့ ဘိုင်ဘန်အမှုဆောင်ချုပ်

ကလပ်က ထွက်ချင်တဲ့ သူ့ရည်ရွယ်ချက်ကို လူသိရှင်ကြားပြောခဲ့တာနဲ့ပတ်သက်

လို့တိုက်စစ်မှုးလီဝန်ဒေါစကီးကို ဘိုင်ယန်မြူးနစ်အမှုဆောင်ချုပ်အိုလီဗာခန်းက

ဝေဖန်သတိပေးလိုက်ပါတယ်။ ၂၀၁၄ မှာ ဒေါ့မန်ကနေ အလွတ်ရောက်လာတဲ့

လီဝန်ဒေါစကီးက ဘိုင်ယန်မှာ သူ့အနာဂါတ်မရှိတော့တဲ့အကြောင်း ဖွင့်ပြောခဲ့တာ

ပါ။အဲဒီပိုလန်သားဟာ ဘိုင်ယန်ကို ဘွန်ဒက်စ်လီဂါမှာ ၈ ကြိမ်ဆက်ဗိုလ်စွဲအောင်နဲ့

၂၀၂၀ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်း ဘိုင်

ယန်နဲ့စာချုပ်သက်တမ်းတစ်နှစ်သာကျန်တော့တဲ့အချိန်လီဝန်ဒေါစကီးဟာ အ

တွေ့အကြုံသစ်ရှာဖွေချင်နေတာပါ။သူဟာ လာလီဂါထိပ်သီးတစ်သင်းဖြစ်တဲ့ ဘာ

စီလိုနာနဲ့လည်း သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။ နိုင်ငံအ

သင်းပိုလန်နဲ့ ပူးပေါင်းခိုက်သတင်းစာရှင်းလင်းပွဲမှာ လီဝန်ဒေါစကီးက ဘိုင်ယန်

က သူ့ရဲ့ဇာတ်လမ်းဟာပြီးဆုံးသွားပြီလို့ ဖွင့်ပြောခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်လို့

ဘိုင်ယန်အမှုဆောင်ချုပ်အိုလီဗာခန်းက”လီဝန်ဒေါစကီးက ဒီနည်းလမ်းကို ဘာ

ကြောင့်ရွေးချယ်တယ်ဆိုတာကျွန်တော်မပြောနိုင်ပါဘူး။ လူသိရှင်ကြားပြော

တိုင်း လိုချင်တာ မရနိုင်ပါဘူး။သူဟာ ဒီမှာပဲ ဖီဖာကမ္ဘာ့အကောင်းဆုံးဆုကို ၂

ဆက်ရခဲ့တာပါ။ဒီရောက်မှ ကမ္ဘာ့အကောင်းဆုံးဖြစ်လာတာကို မမေ့သင့်ပါ

ဘူး”လို့ ပြောကြားခဲ့ပါတယ်။၃၃ နှစ်အရွယ် လီဝန်ဒေါစကီးဟာ ပြီးခဲ့တဲ့ရာသီက

ဂတ်မူလာရဲ့တစ်ရာသီအတွင်းဘွန်ဒက်စ်လီဂါသွင်းဂိုး ၄၀ စံချိန်ကို ချိုးနိုင်ခဲ့တာ

ပါ။သူဟာ ဒီရာသီမှာလည်း ဘိုင်ယန်အတွက် ပြိုင်ပွဲအရပ်ရပ် ဂိုး ၅၀ သွင်းယူပေး

နိုင်ခဲ့ပါတယ်။

ကလပ္က ထြက္ခ်င္တဲ့ သူ႔ရည္႐ြယ္ခ်က္ကို လူသိရွင္ၾကားေျပာခဲ့တာနဲ႔ပတ္သက္

လို႔တိုက္စစ္မႈးလီဝန္ေဒါစကီးကို ဘိုင္ယန္ျမဴးနစ္အမႈေဆာင္ခ်ဳပ္အိုလီဗာခန္းက

ေဝဖန္သတိေပးလိုက္ပါတယ္။ ၂၀၁၄ မွာ ေဒါ့မန္ကေန အလြတ္ေရာက္လာတဲ့

လီဝန္ေဒါစကီးက ဘိုင္ယန္မွာ သူ႔အနာဂါတ္မရွိေတာ့တဲ့အေၾကာင္း ဖြင့္ေျပာခဲ့တာ

ပါ။အဲဒီပိုလန္သားဟာ ဘိုင္ယန္ကို ဘြန္ဒက္စ္လီဂါမွာ ၈ ႀကိမ္ဆက္ဗိုလ္စြဲေအာင္နဲ႔

၂၀၂၀ ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲေအာင္ ကူညီေပးႏိုင္ခဲ့ပါတယ္။ဒါေပမဲ့လည္း ဘိုင္

ယန္နဲ႔စာခ်ဳပ္သက္တမ္းတစ္ႏွစ္သာက်န္ေတာ့တဲ့အခ်ိန္လီဝန္ေဒါစကီးဟာ အ

ေတြ႕အႀကဳံသစ္ရွာေဖြခ်င္ေနတာပါ။သူဟာ လာလီဂါထိပ္သီးတစ္သင္းျဖစ္တဲ့ ဘာ

စီလိုနာနဲ႔လည္း သတင္းေတြက်ယ္က်ယ္ျပန႔္ျပန႔္ထြက္ေပၚေနပါတယ္။ ႏိုင္ငံအ

သင္းပိုလန္နဲ႔ ပူးေပါင္းခိုက္သတင္းစာရွင္းလင္းပြဲမွာ လီဝန္ေဒါစကီးက ဘိုင္ယန္

က သူ႔ရဲ႕ဇာတ္လမ္းဟာၿပီးဆုံးသြားၿပီလို႔ ဖြင့္ေျပာခဲ့တာပါ။ ဒီကိစၥနဲ႔ပတ္သက္လို႔

ဘိုင္ယန္အမႈေဆာင္ခ်ဳပ္အိုလီဗာခန္းက”လီဝန္ေဒါစကီးက ဒီနည္းလမ္းကို ဘာ

ေၾကာင့္ေ႐ြးခ်ယ္တယ္ဆိုတာကြၽန္ေတာ္မေျပာႏိုင္ပါဘူး။ လူသိရွင္ၾကားေျပာ

တိုင္း လိုခ်င္တာ မရႏိုင္ပါဘူး။သူဟာ ဒီမွာပဲ ဖီဖာကမာၻ႔အေကာင္းဆုံးဆုကို ၂

ဆက္ရခဲ့တာပါ။ဒီေရာက္မွ ကမာၻ႔အေကာင္းဆုံးျဖစ္လာတာကို မေမ့သင့္ပါ

ဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။၃၃ ႏွစ္အ႐ြယ္ လီဝန္ေဒါစကီးဟာ ၿပီးခဲ့တဲ့ရာသီက

ဂတ္မူလာရဲ႕တစ္ရာသီအတြင္းဘြန္ဒက္စ္လီဂါသြင္းဂိုး ၄၀ စံခ်ိန္ကို ခ်ိဳးႏိုင္ခဲ့တာ

ပါ။သူဟာ ဒီရာသီမွာလည္း ဘိုင္ယန္အတြက္ ၿပိဳင္ပြဲအရပ္ရပ္ ဂိုး ၅၀ သြင္းယူေပး

ႏိုင္ခဲ့ပါတယ္။